ေရာ္နယ္ဒိုကိုလြမ္းဆြတ္မိတယ္လို ့အံၾသသင့္ဖြယ္ဆိုလိုက္တဲ့မက္ဆီ
ရီးရဲလ္မက္ဒရစ္ဟာလည္း ေရာ္နယ္ဒိုထြက္ခြာခ့ဲျပီးေနာက္ ရလဒ္ေတြယိမ္းယိုင္ခဲ့ကာ သူတို႔ရဲ႕ ဂႏၳ၀င္တိုက္စစ္မွဴးေဟာင္းကို အသင္းေဖာ္ေတြက လြမ္းဆြတ္မႈေတြ ရွိေနခဲ့ျပီး ပရိသတ္ေတြကလည္း ေရာ္နယ္ဒိုရဲ႕ နာမည္ကို မၾကာခဏဆိုသလို ရီးရဲလ္အသင္းပြဲစဥ္မွာ ေအာ္ဟစ္ေခၚဆိုကာ အားေပးေနခဲ့ၾကပါတယ္။
ဘာစီလိုနာတိုက္စစ္မွဴး လီယြန္နယ္မက္ဆီက သူ႔အေနနဲ႔ လာလီဂါမွာ ေရာ္နယ္ဒိုကို သတိရမိတယ္လို႔ အံ့အားသင့္ဖြယ္ရာ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ လာလီဂါမွာ (၉)ႏွစ္ၾကာ ကစားခဲ့ျပီးေနာက္ ဒီႏွစ္ေဘာလံုးရာသီအစမွာ ဂ်ဴဗင္တပ္စ္အသင္းကို ေျပာင္းေေရႊ႕သြားခဲ့ျပီး စီးရီးေအမွာ ကစားေနခဲ့သူ ျဖစ္ပါတယ္။
ရီးရဲလ္မက္ဒရစ္ဟာလည္း ေရာ္နယ္ဒိုထြက္ခြာခ့ဲျပီးေနာက္ ရလဒ္ေတြယိမ္းယိုင္ခဲ့ကာ သူတို႔ရဲ႕ ဂႏၳ၀င္တိုက္စစ္မွဴးေဟာင္းကို အသင္းေဖာ္ေတြက လြမ္းဆြတ္မႈေတြ ရွိေနခဲ့ျပီး ပရိသတ္ေတြကလည္း ေရာ္နယ္ဒိုရဲ႕ နာမည္ကို မၾကာခဏဆိုသလို ရီးရဲလ္အသင္းပြဲစဥ္မွာ ေအာ္ဟစ္ေခၚဆိုကာ အားေပးေနခဲ့ၾကပါတယ္။ ေနာက္ဆံုးအေနနဲ႔ေတာ့ မက္ဆီက သတိရမိတယ္လို႔ ေျပာဆိုလာခဲ့တာ ျဖစ္ပါတယ္။
ေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ဟာ ကစားသမားဘ၀မွာ ျပိဳင္ဆိုင္မႈအရွိန္အ၀ါၾကိးမားသူေတြျဖစ္ျပီး တစ္ဦးခ်င္းအတြက္ေရာ၊ အသင္းလိုက္အတြက္ပါ ယွဥ္ျပိဳင္ခဲ့ၾကသူေတြျဖစ္ပါတယ္။ ႏွစ္ဖက္ပရိသတ္ကပါ သူတို႔ရဲ႕ ကစားသမားအတြက္ အျပန္အလွန္ ေ၀ဖန္မႈေတြ၊ ယွဥ္ျပိဳင္မႈေတြ ရွိခဲ့ၾကျပီးေတာ့ ေဘာလံုးေလာကကို ဆယ္စုႏွစ္တစ္ခုၾကာ သူတို႔ႏွစ္ဦးက လႊမ္းမိုးထားႏိုင္ခဲ့ပါတယ္။
"ေရာ္နယ္ဒိုကို သတိရမိပါတယ္၊ ဒါေပမယ့္လည္း သူ ဆုဖလားေတြနဲ႔ ေအာင္ပြဲခံတာကို ျမင္ရတာက နည္းနည္းေတာ့ ခက္ခဲပါတယ္၊ လာလီဂါမွာ သူက ဂုဏ္သိကၡာၾကီးမားခဲ့သူပါ၊ ဂ်ဴဗီအေနနဲ႔ သူ႔ကို ရရွိသြားခဲ့ျပီးေနာက္ ခ်န္ပီယံလိဂ္ကို ရရွိဖို႔ ပိုျပီး အခြင့္အလမ္းေကာင္းသြားပါတယ္၊ အက္သလက္တီကိုနဲ႔ပြဲမွာဆိုရင္ သူက အသင္းကို ယံုၾကည္မႈေတြအမ်ားၾကီး ရွိေစခဲ့ပါတယ္" လို႔ မက္ဆီက အာဂ်င္တီးနားေရဒီယိုတစ္ခုျဖစ္တဲ့ FM Club 947 ကတဆင့္ ေျပာခဲ့ပါတယ္။
မက္ဆီက သူနဲ႔ ေရာ္နယ္ဒိုတို႔ ႏွစ္ဦးတည္းသာ ကစားသမားေကာင္းေတြမဟုတ္ဘူးလို႔လည္း ေျပာဆိုခဲ့ျပီး အျခားကစာသမားေတြကိုစဥ္းစားသင့္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ "တျခားလူေတြကိုလည္း ေမ့ထားလို႔မရပါဘူး၊ ေနမာ၊ ဘတ္ပီ၊ ဟာဇက္၊ ဆြာရက္ဇ္၊ အဂူရိုတို႔ဆိုလည္း အေကာင္းဆံုးကစားသမားေတြပါ၊ ေရာ္နယ္ဒိုကိုေတာ့ ထည့္မေျပာေတာ့ပါဘူး၊ ဘာလို႔လဲဆိုေတာ့ သူနဲ႔ကၽြန္ေတာ္က ေဘးခ်င္းယွဥ္ေနခဲ့ၾကရသူေတြပါ" လို႔ မက္ဆီက ေျပာခဲ့ပါတယ္။
(Unicode)
ရော်နယ်ဒိုကိုလွမ်းဆွတ်မိတယ်လို့အံသြသင့်ဖွယ်ဆိုလိုက်တဲ့မက်ဆီ
ရီးရဲလ်မက်ဒရစ်ဟာလည်း ရော်နယ်ဒိုထွက်ခွာခဲ့ပြီးနောက် ရလဒ်တွေယိမ်းယိုင်ခဲ့ကာ သူတို့ရဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်းကို အသင်းဖော်တွေက လွမ်းဆွတ်မှုတွေ ရှိနေခဲ့ပြီး ပရိသတ်တွေကလည်း ရော်နယ်ဒိုရဲ့ နာမည်ကို မကြာခဏဆိုသလို ရီးရဲလ်အသင်းပွဲစဉ်မှာ အော်ဟစ်ခေါ်ဆိုကာ အားပေးနေခဲ့ကြပါတယ်။
ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီက သူ့အနေနဲ့ လာလီဂါမှာ ရော်နယ်ဒိုကို သတိရမိတယ်လို့ အံ့အားသင့်ဖွယ်ရာ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လာလီဂါမှာ (၉)နှစ်ကြာ ကစားခဲ့ပြီးနောက် ဒီနှစ်ဘောလုံးရာသီအစမှာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းေရွှေ့သွားခဲ့ပြီး စီးရီးအေမှာ ကစားနေခဲ့သူ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာလည်း ရော်နယ်ဒိုထွက်ခွာခဲ့ပြီးနောက် ရလဒ်တွေယိမ်းယိုင်ခဲ့ကာ သူတို့ရဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်းကို အသင်းဖော်တွေက လွမ်းဆွတ်မှုတွေ ရှိနေခဲ့ပြီး ပရိသတ်တွေကလည်း ရော်နယ်ဒိုရဲ့ နာမည်ကို မကြာခဏဆိုသလို ရီးရဲလ်အသင်းပွဲစဉ်မှာ အော်ဟစ်ခေါ်ဆိုကာ အားပေးနေခဲ့ကြပါတယ်။ နောက်ဆုံးအနေနဲ့တော့ မက်ဆီက သတိရမိတယ်လို့ ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ကစားသမားဘဝမှာ ပြိုင်ဆိုင်မှုအရှိန်အဝါကြိးမားသူတွေဖြစ်ပြီး တစ်ဦးချင်းအတွက်ရော၊ အသင်းလိုက်အတွက်ပါ ယှဉ်ပြိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။ နှစ်ဖက်ပရိသတ်ကပါ သူတို့ရဲ့ ကစားသမားအတွက် အပြန်အလှန် ဝေဖန်မှုတွေ၊ ယှဉ်ပြိုင်မှုတွေ ရှိခဲ့ကြပြီးတော့ ဘောလုံးလောကကို ဆယ်စုနှစ်တစ်ခုကြာ သူတို့နှစ်ဦးက လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။
"ရော်နယ်ဒိုကို သတိရမိပါတယ်၊ ဒါပေမယ့်လည်း သူ ဆုဖလားတွေနဲ့ အောင်ပွဲခံတာကို မြင်ရတာက နည်းနည်းတော့ ခက်ခဲပါတယ်၊ လာလီဂါမှာ သူက ဂုဏ်သိက္ခာကြီးမားခဲ့သူပါ၊ ဂျူဗီအနေနဲ့ သူ့ကို ရရှိသွားခဲ့ပြီးနောက် ချန်ပီယံလိဂ်ကို ရရှိဖို့ ပိုပြီး အခွင့်အလမ်းကောင်းသွားပါတယ်၊ အက်သလက်တီကိုနဲ့ပွဲမှာဆိုရင် သူက အသင်းကို ယုံကြည်မှုတွေအများကြီး ရှိစေခဲ့ပါတယ်" လို့ မက်ဆီက အာဂျင်တီးနားရေဒီယိုတစ်ခုဖြစ်တဲ့ FM Club 947 ကတဆင့် ပြောခဲ့ပါတယ်။
မက်ဆီက သူနဲ့ ရော်နယ်ဒိုတို့ နှစ်ဦးတည်းသာ ကစားသမားကောင်းတွေမဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ပြီး အခြားကစာသမားတွေကိုစဉ်းစားသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။ "တခြားလူတွေကိုလည်း မေ့ထားလို့မရပါဘူး၊ နေမာ၊ ဘတ်ပီ၊ ဟာဇက်၊ ဆွာရက်ဇ်၊ အဂူရိုတို့ဆိုလည်း အကောင်းဆုံးကစားသမားတွေပါ၊ ရော်နယ်ဒိုကိုတော့ ထည့်မပြောတော့ပါဘူး၊ ဘာလို့လဲဆိုတော့ သူနဲ့ကျွန်တော်က ဘေးချင်းယှဉ်နေခဲ့ကြရသူတွေပါ" လို့ မက်ဆီက ပြောခဲ့ပါတယ်။
Post a Comment