Header Ads


ပ်က္ျပယ္သြားေသာေလဖိအားနည္းရပ္ဝန္းတစ္ခု(သို ့)ေနမာ



ဆန္းတို႔စ္အသင္းရဲ႕အထြန္းေတာက္ဆံုးလူငယ္ကစားသမားအျဖစ္ ဘရာဇီးေကာင္းကင္ယံမွာ လင္းထင္းခဲ့တယ္။ဆမ္ဘာေတးသြားေတြျကား  သူ႔ရဲ႕အတို႔အဆိပ္ အလႈပ္အရြေလးေတြက တစ္ကမာၻလံုးကိုပဲတက္သိမ္းေတာ့မယ့္စိုက္နဲ႔။ပရိတ္သတ္ေတြကလည္း စီေရာ္နယ္ဒို,မက္ဆီတို႔ ေခတ္အလြန္ အေကာင္းဆံုးဆံုးဆုေတြသိမ္းျကံုးယူမယ့္သူအျဖစ္တညီတညႊတ္ထဲ သတ္မွတ္ခဲ့ျကသည္။

ဒါ့ေပမယ့္ ေနမာက ေရာ္နယ္ဒင္ဟို,ေရာ္နယ္ဒိုတို႔လို ေနာင္ေတာ္ျကီးေတြလမ္းစဥ္မလိုက္နိုင္ခဲ့ပဲ ေမ်ွာ္လင့္သေလာက္ခရီးမေပါက္ခဲ့ပါဘူး။မေရာက္ေသးတာလည္းျဖစ္နိုင္ပါတယ္။အရင္တုန္းက လူေတြထင္မွတ္ထားသလို Ballon d'Orဆုေတြသိမ္းျကိမ္းယူဖို႔ေနေနသာသာ ဆန္ကာတင္စာရင္းမွာေတာင္ ေပၚတလွည့္ေပ်ာက္တလွည့္ပါပဲ။ျပီးခဲ့တဲ့ကမာၻ ့ဖလားမွာဆိုရင္ကြင္းထဲဝင္ျပီးဘရာဇီးအသင္းကိုဦးေဆာင္ဖို႔ထက္ ဟန္ေဆာင္အမူရာေတြလုပ္ဖို႕ပိုအားသန္ေနတယ္။



အဲ့ဒီေတာ့ကမာၻ ့ဖလားမွာေနမာဘာျဖစ္သြားလဲ။သူ႔အတြက္ဂိုးေလးတစ္ဂိုးရဖို႕က ကိုယ္ေတြျမန္မာအသင္းထိုင္းကိုနိုင္ဖို႔ေလာက္ခက္ခဲသြားတယ္။မက္ဆီရဲ႕ေလာင္းရိပ္ေအာက္မေရာက္ခ်င္လို႕PSGေျပာင္းခဲ့တယ္ဆိုထဲက ေနမာအေပၚက်ေနာ့္ရဲ႕ေလးစားမႈဒီဂရီေတြေလ်ာ႕က်လာပါတယ္။သူျကီးအိမ္မေနခ်င္လို႔အရီးအိမ္ေျပာင္းေနသလိုျဖစ္သြားတယ္။မက္ဆီနားမွာေနျပီး သင္ယူစရာရွိတာသင္ယူ။ကိုယ့္အလွည့္ေရာက္ေတာ့အေကာင္းဆံုးလုပ္ျပရမယ့္အစား လုပ္ခ်င္တာလုပ္လို႕ရမယ္ထင္တဲ့ ျပင္သစ္လိဂ္ကိုေျပာင္းခ်သြားတယ္။

လိဂ္အဆင့္အတန္းကြာဟမႈက လည္း ေနမာကိုရွိသင့္တဲ့ေနရာေအာက္ေရာက္ေစခဲ့ပါတယ္။ ေဘာလံုးကြ်မ္းမႈသက္သက္ယွဥ္ရင္ သူဟာ လက္ရွိကမာၻ ့အေကာင္းဆံုးငါးေယာက္အျပင္မထြက္ပါဘူး။စိတ္ဓာတ္ပိုင္းကေတာ့ ေမးခြန္းထုတ္စရာေတြအျပည့္ပါပဲ။ခုခ်ိန္ထိေနမာBallon d'Or  မရေသးတာ မက္ဆီ ,ေရာ္နယ္ဒိုတို႔ ရွိေနတဲ့ ေဘာလံုးကမၻာျကီးမွာကစားေနတာေျကာင့္လည္းျဖစ္နိုင္ပါတယ္။ဒါေပမယ့္ ဒီျဂိဳလ္သားနွစ္ေကာင္ကို ေက်ာ္ျဖတ္ျပီး မိုဒရစ္ အေကာင္းဆံုးဆုတက္ယူေနခ်ိန္မွာ သူဘယ္ေရာက္ေနလဲ။



အခု မက္ဆီနဲ႕ေရာ္နယ္ဒိုကို ဖယ္လိုက္ရင္ေရာ ထိပ္ဆံုးေနရာအတြက္ ေနမာကအသင့္ျဖစ္ေနလို႕လား။ က်ေနာ္ေတာ့မေျဖတက္ေတာ့ပါဘူး။ ေသခ်ာတာကေတာ့ ေနမာအေကာင္းဆံုးဆုေတြမရျခင္းဟာသူနဲ႕သာလံုးလံုးသက္ဆိုင္ပါတယ္။အခုသူကေလးမဟုတ္ေတာ့ပါဘူး။အသက္၂၇နွစ္ရွိေနပါျပီ။ ဆန္းတို႕စ္မွာထဲက သူေျခစြမ္းေတြကို highlightျကည့္ျပီးေျကြခဲ့ရတဲ့က်ေနာ့္အတြက္ေတာ့ လက္ရွိေနမာကို ျမင္ရတာ မုန္တိုင္းမျဖစ္ခင္ ေပ်ာက္ကြယ္သြားေတာ့မယ့္ ေလဖိအားနည္းရပ္ဝန္းတစ္ခုလိုပါပဲ။ေနာက္ျပီး ေနမာကိုျကည့္ျပီးရခဲ့တဲ့သင္ခန္းစာတစ္ခုကေတာ့ ပညာရပ္တစ္ခုကို ဘယ္ေလာက္ပဲကြ်မ္းက်င္ေနပါေစ စိတ္ဓာတ္ပိုင္းခံယူခ်က္မျပည့္စံုခဲ့ရင္လည္းအျမင့္ဆံုးမေရာက္နိုင္ဘူးဆိုတာပါပဲ။

(Unicode)

ပျက်ပြယ်သွားသောလေဖိအားနည်းရပ်ဝန်းတစ်ခု(သို့)နေမာ

ဆန်းတို့စ်အသင်းရဲ့အထွန်းတောက်ဆုံးလူငယ်ကစားသမားအဖြစ် ဘရာဇီးကောင်းကင်ယံမှာ လင်းထင်းခဲ့တယ်။ဆမ်ဘာတေးသွားတွေကြား  သူ့ရဲ့အတို့အဆိပ် အလှုပ်အရွလေးတွေက တစ်ကမ္ဘာလုံးကိုပဲတက်သိမ်းတော့မယ့်စိုက်နဲ့။ပရိတ်သတ်တွေကလည်း စီရော်နယ်ဒို,မက်ဆီတို့ ခေတ်အလွန် အကောင်းဆုံးဆုံးဆုတွေသိမ်းကြုံးယူမယ့်သူအဖြစ်တညီတညွှတ်ထဲ သတ်မှတ်ခဲ့ကြသည်။

ဒါ့ပေမယ့် နေမာက ရော်နယ်ဒင်ဟို,ရော်နယ်ဒိုတို့လို နောင်တော်ကြီးတွေလမ်းစဉ်မလိုက်နိုင်ခဲ့ပဲ မျှော်လင့်သလောက်ခရီးမပေါက်ခဲ့ပါဘူး။မရောက်သေးတာလည်းဖြစ်နိုင်ပါတယ်။အရင်တုန်းက လူတွေထင်မှတ်ထားသလို Ballon d'Orဆုတွေသိမ်းကြိမ်းယူဖို့နေနေသာသာ ဆန်ကာတင်စာရင်းမှာတောင် ပေါ်တလှည့်ပျောက်တလှည့်ပါပဲ။ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာဆိုရင်ကွင်းထဲဝင်ပြီးဘရာဇီးအသင်းကိုဦးဆောင်ဖို့ထက် ဟန်ဆောင်အမူရာတွေလုပ်ဖို့ပိုအားသန်နေတယ်။

အဲ့ဒီတော့ကမ္ဘာ့ဖလားမှာနေမာဘာဖြစ်သွားလဲ။သူ့အတွက်ဂိုးလေးတစ်ဂိုးရဖို့က ကိုယ်တွေမြန်မာအသင်းထိုင်းကိုနိုင်ဖို့လောက်ခက်ခဲသွားတယ်။မက်ဆီရဲ့လောင်းရိပ်အောက်မရောက်ချင်လို့PSGပြောင်းခဲ့တယ်ဆိုထဲက နေမာအပေါ်ကျနော့်ရဲ့လေးစားမှုဒီဂရီတွေလျော့ကျလာပါတယ်။သူကြီးအိမ်မနေချင်လို့အရီးအိမ်ပြောင်းနေသလိုဖြစ်သွားတယ်။မက်ဆီနားမှာနေပြီး သင်ယူစရာရှိတာသင်ယူ။ကိုယ့်အလှည့်ရောက်တော့အကောင်းဆုံးလုပ်ပြရမယ့်အစား လုပ်ချင်တာလုပ်လို့ရမယ်ထင်တဲ့ ပြင်သစ်လိဂ်ကိုပြောင်းချသွားတယ်။

လိဂ်အဆင့်အတန်းကွာဟမှုက လည်း နေမာကိုရှိသင့်တဲ့နေရာအောက်ရောက်စေခဲ့ပါတယ်။ ဘောလုံးကျွမ်းမှုသက်သက်ယှဉ်ရင် သူဟာ လက်ရှိကမ္ဘာ့အကောင်းဆုံးငါးယောက်အပြင်မထွက်ပါဘူး။စိတ်ဓာတ်ပိုင်းကတော့ မေးခွန်းထုတ်စရာတွေအပြည့်ပါပဲ။ခုချိန်ထိနေမာBallon d'Or  မရသေးတာ မက်ဆီ ,ရော်နယ်ဒိုတို့ ရှိနေတဲ့ ဘောလုံးကမ္ဘာကြီးမှာကစားနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒါပေမယ့် ဒီဂြိုလ်သားနှစ်ကောင်ကို ကျော်ဖြတ်ပြီး မိုဒရစ် အကောင်းဆုံးဆုတက်ယူနေချိန်မှာ သူဘယ်ရောက်နေလဲ။

အခု မက်ဆီနဲ့ရော်နယ်ဒိုကို ဖယ်လိုက်ရင်ရော ထိပ်ဆုံးနေရာအတွက် နေမာကအသင့်ဖြစ်နေလို့လား။ ကျနော်တော့မဖြေတက်တော့ပါဘူး။ သေချာတာကတော့ နေမာအကောင်းဆုံးဆုတွေမရခြင်းဟာသူနဲ့သာလုံးလုံးသက်ဆိုင်ပါတယ်။အခုသူကလေးမဟုတ်တော့ပါဘူး။အသက်၂၇နှစ်ရှိနေပါပြီ။ ဆန်းတို့စ်မှာထဲက သူခြေစွမ်းတွေကို highlightကြည့်ပြီးကြွေခဲ့ရတဲ့ကျနော့်အတွက်တော့ လက်ရှိနေမာကို မြင်ရတာ မုန်တိုင်းမဖြစ်ခင် ပျောက်ကွယ်သွားတော့မယ့် လေဖိအားနည်းရပ်ဝန်းတစ်ခုလိုပါပဲ။နောက်ပြီး နေမာကိုကြည့်ပြီးရခဲ့တဲ့သင်ခန်းစာတစ်ခုကတော့ ပညာရပ်တစ်ခုကို ဘယ်လောက်ပဲကျွမ်းကျင်နေပါစေ စိတ်ဓာတ်ပိုင်းခံယူချက်မပြည့်စုံခဲ့ရင်လည်းအမြင့်ဆုံးမရောက်နိုင်ဘူးဆိုတာပါပဲ။

No comments

Powered by Blogger.