ဆာလတ္နဲ႔စတာလင္ျကား စြမ္းေဆာင္ရည္ထပ္တူနီးပါက်ေနတာကို နိႈင္းယွဥ္ျပခဲ့တဲ့ လီဗာပူးပရိတ္သတ္တစ္ဦး
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဆာလတ္နဲ႔ စတာလင္ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာနွစ္ေကာင္ထဲေျပးေနတဲ့ လီဗာပူးနဲ႔ မန္စီးတီးအသင္းတို႕မွာ အေကာင္းဆံုးေျခစြမ္းျပေနပါတယ္။ ဂြါဒီယိုလာက ခ်န္ပီယံဆုကို ကာကြယ္လိုေနျပီး ဂ်ာဂ်င္ကေလာ့အေနနဲ႕လည္း လီဗာပူးရဲ႕၂၉နွစ္ျကာ အမွတ္ေပးဖလားကင္းကြာေနမႈကို အဆံုးသတ္ေပးခ်င္ေနတာေျကာင့္ခ်န္ပီယံတိုက္ပြဲက ျပင္းထန္ေနပါတယ္။
League only:— SalaHolic ✪ (@Salah_holic) March 20, 2019
Goals
Sterling 15
Salah 17
Assists
Sterling 9
Salah 7
Chances created
Sterling 55
Salah 57
Dribbles
Sterling 66
Salah 65
Penalties won
Sterling 2
Salah 4
Winning goals
Sterling 4
Salah 6
One is a contender for POTY
the other is under performing
Levels
လီဗာပူးဖန္တစ္ေယာက္ကေတာ့ ဒီနွစ္သင္းရဲ႕အဓိက,ကစားသမားနွစ္ေယာက္ျဖစ္တဲ့စတာလင္နဲ႕ ဆာလတ္ျကားစြမ္းေဆာင္ရည္ထပ္တူနီးပါးက်ေနတာကို တြစ္တာမွတဆင့္ ေဖာ္ျပခဲ့ပါတယ္။ဆာလတ္ဟာ ဒီနွစ္ပရီးမီးယားလိဂ္ရာသီမွာ လီဗာပူးအတြက္ ၂၄ဂိုးအထိ ပါဝင္ပတ္သတ္ထားပါတယ္။၁၇ဂိုးသြင္းျပီး ၇ျကိမ္ဖန္တီးထားသလို စတာလင္အေနနဲ႕လည္း ၁၅ဂိုးသြင္း ,၉ျကိမ္ဖန္တီးကာ အသင္းအတြက္ ၂၄ဂိုး ထည့္ဝင္သယ္ပိုးထားပါတယ္။
25 - Raheem Sterling's goal ended a sequence of 25 passes, with 10 of England's 11 players touching the ball in the build-up to the goal. Liquid. #ENGCZE pic.twitter.com/0jNlKd4q7j— OptaJoe (@OptaJoe) March 22, 2019
အခြင့္အေရးဖန္တီးမႈပိုင္းမွာလည္း ဆာလတ္က၅၇ျကိမ္ျပဳလုပ္ထားသလို စတာလင္က၅၅ျကိမ္ ျပဳလုပ္ထားပါတယ္။တစ္ဦးခ်င္ေက်ာ္ျဖတ္မႈမွာလည္း စတာလင္က၆၆ျကိမ္, ဆာလတ္က၆၅ျကိမ္နဲ႔ မတိမ္းမယိမ္းပါပဲ။ဒါ့အျပင္ စတာလင္ဟာ ကလပ္အသင္းက ေျခစြမ္းေကာင္းေတြကိုနိုင္ငံအသင္းဆီယူေဆာင္နိုင္ခဲ့ျပီး ခ်က္အသင္းနဲ႔ ယူရို-2022ေျခစစ္ပြဲမွာ မိခင္အဂၤလန္အသင္းအတြက္ အဖြင့္ဂိုးသြင္းယူေပးခဲ့ပါတယ္။
ဆာလတ္ကေတာ့ Nigerနဲ႔ ယွဥ္ျပိဳင္ကစားမယ့္ အာဖရိကဖလားေျခစစ္ပြဲမွာ အီဂ်စ္အသင္းတြက္ ပါဝင္ဖို႕မေသခ်ာတဲ့အေနအထားပါ။လူစာရင္းကနႈတ္ထြက္ဖို႕အလားအလာေတာက္ရွိေနတယ္လို႕ အီဂ်စ္ေဘာလံုးအဖြဲ႕ခ်ဳပ္က ဆိုထားပါတယ္။ ဒီနွစ္ပရီးမီးယားလိဂ္ဖလားကို ဆာလတ္နဲ႔ စတာလင္ ဘယ္သူကိုင္ေျမွာက္သြားမလဲ။
(Unicode)
ဆာလတ်နဲ့စတာလင်ကြား စွမ်းဆောင်ရည်ထပ်တူနီးပါကျနေတာကို နှိုင်းယှဉ်ပြခဲ့တဲ့ လီဗာပူးပရိတ်သတ်တစ်ဦး
ဆာလတ်နဲ့ စတာလင်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာနှစ်ကောင်ထဲပြေးနေတဲ့ လီဗာပူးနဲ့ မန်စီးတီးအသင်းတို့မှာ အကောင်းဆုံးခြေစွမ်းပြနေပါတယ်။ ဂွါဒီယိုလာက ချန်ပီယံဆုကို ကာကွယ်လိုနေပြီး ဂျာဂျင်ကလော့အနေနဲ့လည်း လီဗာပူးရဲ့၂၉နှစ်ကြာ အမှတ်ပေးဖလားကင်းကွာနေမှုကို အဆုံးသတ်ပေးချင်နေတာကြောင့်ချန်ပီယံတိုက်ပွဲက ပြင်းထန်နေပါတယ်။
လီဗာပူးဖန်တစ်ယောက်ကတော့ ဒီနှစ်သင်းရဲ့အဓိက,ကစားသမားနှစ်ယောက်ဖြစ်တဲ့စတာလင်နဲ့ ဆာလတ်ကြားစွမ်းဆောင်ရည်ထပ်တူနီးပါးကျနေတာကို တွစ်တာမှတဆင့် ဖော်ပြခဲ့ပါတယ်။ဆာလတ်ဟာ ဒီနှစ်ပရီးမီးယားလိဂ်ရာသီမှာ လီဗာပူးအတွက် ၂၄ဂိုးအထိ ပါဝင်ပတ်သတ်ထားပါတယ်။၁၇ဂိုးသွင်းပြီး ၇ကြိမ်ဖန်တီးထားသလို စတာလင်အနေနဲ့လည်း ၁၅ဂိုးသွင်း ,၉ကြိမ်ဖန်တီးကာ အသင်းအတွက် ၂၄ဂိုး ထည့်ဝင်သယ်ပိုးထားပါတယ်။
အခွင့်အရေးဖန်တီးမှုပိုင်းမှာလည်း ဆာလတ်က၅၇ကြိမ်ပြုလုပ်ထားသလို စတာလင်က၅၅ကြိမ် ပြုလုပ်ထားပါတယ်။တစ်ဦးချင်ကျော်ဖြတ်မှုမှာလည်း စတာလင်က၆၆ကြိမ်, ဆာလတ်က၆၅ကြိမ်နဲ့ မတိမ်းမယိမ်းပါပဲ။ဒါ့အပြင် စတာလင်ဟာ ကလပ်အသင်းက ခြေစွမ်းကောင်းတွေကိုနိုင်ငံအသင်းဆီယူဆောင်နိုင်ခဲ့ပြီး ချက်အသင်းနဲ့ ယူရို-2022ခြေစစ်ပွဲမှာ မိခင်အင်္ဂလန်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဆာလတ်ကတော့ Nigerနဲ့ ယှဉ်ပြိုင်ကစားမယ့် အာဖရိကဖလားခြေစစ်ပွဲမှာ အီဂျစ်အသင်းတွက် ပါဝင်ဖို့မသေချာတဲ့အနေအထားပါ။လူစာရင်းကနှုတ်ထွက်ဖို့အလားအလာတောက်ရှိနေတယ်လို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ဆိုထားပါတယ်။ ဒီနှစ်ပရီးမီးယားလိဂ်ဖလားကို ဆာလတ်နဲ့ စတာလင် ဘယ်သူကိုင်မြှောက်သွားမလဲ။
Post a Comment