Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
 ဂျူဗင်တပ်စ်အကျီၤ မရှိဘူးလားလို့ပရိတ်သတ်တစ်ယောက်ကိုမေးမြန်းခဲ့တဲ့ရိုနယ်ဒို
ရိုနယ်လ်ဒိုကသူရဲ့ပရိသတ်များနှင့်တွေ့ဆုံခိုက်မှာ ပရိသတ်တစ်ဦးကို"မင်းဆီမှာဂျူဗင်တပ်စ်အင်္ကျီမရှိဘူးလား"လို့မေးမြန်ခဲ့ပါတယ်။အဆိုပါပရိသတ်က ရိုနယ်ဒိုကို ရီးရဲလ်မက်ဒရစ်အသင်းပေါ်မှာလက်မှတ်ခိုင်းစဉ်မှာရိုနယ်ဒိုကမေးမြန်းခဲ့ပါတယ်။
ရွှေဘောလုံး၅ဆုရှင်ရိုနယ်လ်ဒိုက သူဝတ်ဆင်ဖူးခဲ့တဲ့ဂျာစီပေါ်မှာပဲလက်မှတ်ရေးထိုးအမှတ်တရပေးလေ့ရှိသော်လည်းသူကလက်ရှိအသင်းပေါ်သစ္စာရှိမှုကိုပြသတဲ့အနေနှင့်လက်ရှိကစားနေတဲ့ဂျူဗင်တပ်စ်အသင်းရဲ့အင်္ကျီပေါ်တွင်သာလက်မှတ်ထိုးဖို့ရည်ညွန်းခဲ့ပါတယ်။သူက ယခုနှစ်နွေရာသီမှာရီးရဲလ်မက်ဒရစ်အသင်းမှာ ပေါင်၉၉သန်းနှင့်ပြောင်းရွေ့လာခဲ့သူဖြစိပါတယ်။
ရိုနယ်လ်ဒိုဘယ်လိုမေးလိုက်လဲကြည့်လိုက်ရအောင်။
ရိုနယ်လ်ဒိုကတရားမျှတစွာ ရီးရဲလ်မက်ဒရစ် အသင်းအင်္ကျီပေါ်တွင်လက်မှတ်ရေးထိုးပေးပြီး တစ်ဖက်ကနေ ဂျူဗင်တပ်စ်အသင်းပရိသတ်တိုးတက်လာအောင် ကြော်ငြာလိုက်တယ်ဆိုလည်းမမှားပါဘူး။ဒီလိုကြော်ငြာတာကလည်းသူအနေနှင့်မလုပ်ရင်လည်းပဲ ရနေပါပြီ။အကြောင်းကတော့ဂျူဗင်တပ်အသင်းအတွက်၂၄ဂိုးအထိသွင်းယူ
ပေးထားပါတယ်။
ရိုနယ်လ်ဒိုက ဘာကြောင့်ဘာနေဗျူးကိုစွန့်ခွာပြီး တူရင်မြေကိုရောက်ရှိလာရတဲ့အကြောင်းအရင်းကိုစပိန်ဘောလုံးဂျာနယ်လစ်သမား
ဂူလမ်ဘယ်လာဂူက အသင်း နဲ့ကစားသမားကြားက သံယောဇဉ်အချစ်တွေ ဘယ်လိုအဆုံးသတ်ခဲ့လည်းဆိုတာသုံးသပ်ရေးသားထားပါတယ်။
ရိုနယ်လ်ဒိုကအသင်းနဲ့စာချုပိအသစ်ချုပိဆိုဖို့လိုလားခဲ့တယ်။အဲဒီအချိန်မှာအသင်းနှင့်စာချုပ်၁နှစ်သာကျန်ရှိခဲ့တဲ့အချိန်လည်းဖြစ်ပါတယ်။ပြီးတော့အသင်းရဲ့ဥက္ကဋ္ဌ ပီရက်ဇ်ကလည်း သူကိုချိန်ပြီး ဈေးကွက်အရောင်းအဝယ်ကစားဖို့လိုလားနေခဲ့ပါတယ် လို့ ဘယ်လာဂူကဆိုပါတယ်။ဒါပေမယ့်ပီရက်ဇ်က ရိုနယ်လ်ဒိုကို ခေါ်ယူတွေ့ဆုံစဉ်မှာရွှေဘောလုံးငါးဆုရှင်က အပြောင်းအရွေ့မှာဖြစ်ခန်နီးအချိန်ဖြစ်နေတာကြောင့်ပီရက်ဇ်အနေနှင့်ဘယ်လိုမှကိုင်တွယ်နိုင်စွမ်းမရှိတော့ပါဘူး။
 ဒေလီးအိပ်စ်ပရက်မှ ဘယ်လာဂူက "ဂျူလန် လိုပက်တီဂူ ဆီမှာလည်း ရိုနယ်လ်ဒိုထွက်ခွာသွားနေစဉ် ဘာအစီအစဉ်အတွေးအခေါ်တစ်ခုမှ မရှိခဲ့ပါဘူး"လို့ဆိုပါတယ်။
"ရိုနယ်လ်ဒိုကိုအသင်းကနေထွက်ခွာအောင်ဘယ်သူမှအမှန်တကယ်ဖိအားပေးခဲ့ခြင်းမရှိပါဘူး။ရိုနယ်လ်ဒိုက ရီးရဲလ်အသင်းကို အကယ်၍ ကျွန်တော် ကိုဆက်နေလိုစေချင်ရင် ကျွန်တော် ကိုစာချုပ်အသစ်ထပ်ချုပ်ပါလိုပြောခဲ့ပါတယ်။"
"အဲဒီနောက်ပီရက်ဇ်ကရတယ်လေ ဒါပေမယ့်မင်းကဘာဖြစ်ဖြစ်အသင်းရဲ့ရှယ်ယာတွေကျသွားခဲ့မှာမဟုတ်ဘူး ပိုပြီးတောင်ရှယ်ယာတွေကိုထိန်းလို့ကောင်းလာမှာပါ"
"ရိုနယ်လ်ဒိုဘယ်လိုတုံ့ပြန်ခဲ့တယ်လို့ထင်လဲ? သူက 'သူတို့ ကျွန်တော်ကိုမလိုတော့ဘူးဗျ မလိုတော့ဘူးဗျ ကျွန်တော် အသင်းကထွက်မယ်ဗျာ'လို့သူအေးဂျင့် ကိုပြောခဲ့တယ်"
No comments
Powered by Blogger.