မာေနးကိုေသခ်ာေပါက္ေခၚယူသြားခ်င္ေနတဲ့ ရီးရဲလ္မက္ဒရစ္နည္းျပဇီဒန္း
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ရီးရဲလ္နည္းျပအျဖစ္၆လအၾကာမွာျပန္ေရာက္လာတဲ့ ဇီဒန္းဟာ အသင္းအတြက္ဒုတိယေျမာက္ေခၚယူမႈအျဖစ္လီဗာပူးလ္ေတာင္ပံကစားသမားမာေနးကို ေခၚယူခ်င္ေနေၾကာင္းသိရပါတယ္။ၿပီးခဲ့တဲ့ေႏြရာသီထဲက ဇီဒန္းဟာ မာေနးကိုေခၚယူဖို ့ၾကိဳးစားခဲ့ဖူးၿပီး အသင္းကေနထြက္ခြာသြားတာေၾကာင့္ နည္းျပလိုပတ္တဂီေရာက္လာၿပီေနာက္ပိုင္း အဆိုပါအေျပာင္းအေရႊ ့ဟာတစ္ခန္းရပ္သြားခဲ့ပါတယ္။
ဒါပင္မယ့္လည္းအခုခ်ိန္မွာ နည္းျပဇီဒန္းျပန္လည္ေရာက္ရိွလာၿပီးေနာက္ အသင္းကို ၾကယ္စင္စုကစားသမားေတြနဲ ့ျပန္လည္တည္ေဆာက္ဖို ့ၾကိဳးပမ္းေနတာျဖစ္ၿပီး မာေနးရဲ ့ဒီရာသီပံုစံေကာင္းကို ဇီဒန္းတို ့သေဘာအလြန္ေတြ ့ေနတာပဲျဖစ္ပါတယ္။ဆီနီေဂါတိုက္စစ္မွူးမာေနးဟာ ဒီရာသီပရီးမီးယားလိပ္မွာ သြင္းဂိုး၁၇ဂိုးအထိသြင္းယူထားခဲ့ၿပီး ေရႊ ဖိနပ္ဆုအတြက္ဒုတိယလူအျဖစ္ရပ္တည္ေနပါတယ္။
လီဗာပူးလ္အသင္းရဲ ့ဒီရာသီေနာက္ပိုင္းကာလေတြမွာ ဆာလာရဲ ့ပံုစံေကာင္းေတြေပ်ာက္ဆံုးေနတဲ့အခ်ိန္မာေနးက အသင္းကို ပိုမိုအက်ိဳးျပဳစြာကစားေပးခဲ့ၿပီး ခ်န္ပီယံလိပ္၁၆သင္းအဆင့္မွာလည္း ဘိုင္ယန္နဲ ့ပြဲမွာေျခစြမ္းျပကစားကာေနာက္တစ္ဆင့္တက္ေစခဲ့ပါတယ္။
မာေနးကေတာ့ သူဟာ အန္ဖီးကလပ္နဲ ့၂၀၂၃ ခုနွစ္အထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုထားၿပီးေနာက္သူဟာအန္ဖီးလ္မွာေပ်ာ္ရႊင္ေနတယ္လို ့၀န္ခံထားေသာ္လည္း အနာဂတ္ကာလကုိဘယ္သူမွတိက်စြာမေျပာနိုင္ဘူးဘို ့ဆိုထားပါတယ္။
” လူတိုင္းကစာခ်ဳပ္သစ္ခ်ဳပ္ေနေတာ့ ကၽြန္ေတာ့္ကို ေမးၾကတယ္။”ေဟးဆာဒီယို မင္ဘယ္အခ်ိန္စာခ်ဳပ္ခ်ဳပ္ေတာ့မွာလဲ?ကၽြန္ေတာ္သူတို ့ထဲကတစ္ေယာက္ကို ျပန္ေျပာလိုက္တယ္။” ဘရို စိ္တ္မပူနဲ ့။ကၽြန္ေတာ္စာခ်ဳပ္ခ်ဳပ္မွာပါ။” ၿပီးေတာ့ ကၽြန္ေတာ္ဘာလုပ္ခဲ့လဲ။ခ်ဳပ္ခဲ့တာပဲမလား။အခုေတာ့သူတိူ ့ေက်နပ္ေနၾကပါၿပီ။ကၽြန္ေတာ္ဒီမွာေနရတာေပ်ာ္သလို သူတို ့လည္းကၽြန္ေတာ့္ေၾကာင့္ေပ်ာ္ပါတယ္။အသင္းသမိုင္းမွာနာမည္ေကာင္းက်န္တဲ့အထိၾကိဳးစားသြားမွာပါ။ဒါမယ့္အနာဂတ္ကာလကိုေတာ့ဘယ္သူမွေျပာလို ့မရပါဘူး။”
ရီးရဲလ္မက္ဒရစ္အသင္းဟာ မန္ယူနိုက္တက္နဲ ့ဂ်ဳဗင္တပ္စ္တို ့ရဲ ့ပစ္မွတ္ကစားသမားျဖစ္တဲ့အသက္၂၁အရြယ္ေပၚတိုေနာက္ခံလူ မီလီတာအိုကိုလက္ဦးၿပီးေခၚဖို ့ျပင္ဆင္ေနေၾကာင္းသိရပါတယ္။
5 March: Knocked out of the Champions League— Squawka News (@SquawkaNews) March 14, 2019
11 March: Santiago Solari sacked.
11 March: Zinedine Zidane appointed manager.
14 March: Sign Éder Militão for reported fee of €50m.
Real Madrid are not messing around. 👀 pic.twitter.com/8TuK8lRQ4p
(Unicode)
မာနေးကိုသေချာပေါက်ခေါ်ယူသွားချင်နေတဲ့ ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်း
ရီးရဲလ်နည်းပြအဖြစ်၆လအကြာမှာပြန်ရောက်လာတဲ့ ဇီဒန်းဟာ အသင်းအတွက်ဒုတိယမြောက်ခေါ်ယူမှုအဖြစ်လီဗာပူးလ်တောင်ပံကစားသမားမာနေးကို ခေါ်ယူချင်နေကြောင်းသိရပါတယ်။ပြီးခဲ့တဲ့နွေရာသီထဲက ဇီဒန်းဟာ မာနေးကိုခေါ်ယူဖို့ကြိုးစားခဲ့ဖူးပြီး အသင်းကနေထွက်ခွာသွားတာကြောင့် နည်းပြလိုပတ်တဂီရောက်လာပြီနောက်ပိုင်း အဆိုပါအပြောင်းအရွှေ့ဟာတစ်ခန်းရပ်သွားခဲ့ပါတယ်။
ဒါပင်မယ့်လည်းအခုချိန်မှာ နည်းပြဇီဒန်းပြန်လည်ရောက်ရှိလာပြီးနောက် အသင်းကို ကြယ်စင်စုကစားသမားတွေနဲ့ပြန်လည်တည်ဆောက်ဖို့ကြိုးပမ်းနေတာဖြစ်ပြီး မာနေးရဲ့ဒီရာသီပုံစံကောင်းကို ဇီဒန်းတို့သဘောအလွန်တွေ့နေတာပဲဖြစ်ပါတယ်။ဆီနီဂေါတိုက်စစ်မှူးမာနေးဟာ ဒီရာသီပရီးမီးယားလိပ်မှာ သွင်းဂိုး၁၇ဂိုးအထိသွင်းယူထားခဲ့ပြီး ရွှေ ဖိနပ်ဆုအတွက်ဒုတိယလူအဖြစ်ရပ်တည်နေပါတယ်။
လီဗာပူးလ်အသင်းရဲ့ဒီရာသီနောက်ပိုင်းကာလတွေမှာ ဆာလာရဲ့ပုံစံကောင်းတွေပျောက်ဆုံးနေတဲ့အချိန်မာနေးက အသင်းကို ပိုမိုအကျိုးပြုစွာကစားပေးခဲ့ပြီး ချန်ပီယံလိပ်၁၆သင်းအဆင့်မှာလည်း ဘိုင်ယန်နဲ့ပွဲမှာခြေစွမ်းပြကစားကာနောက်တစ်ဆင့်တက်စေခဲ့ပါတယ်။
မာနေးကတော့ သူဟာ အန်ဖီးကလပ်နဲ့၂၀၂၃ ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုထားပြီးနောက်သူဟာအန်ဖီးလ်မှာပျော်ရွှင်နေတယ်လို့ဝန်ခံထားသော်လည်း အနာဂတ်ကာလကိုဘယ်သူမှတိကျစွာမပြောနိုင်ဘူးဘို့ဆိုထားပါတယ်။
” လူတိုင်းကစာချုပ်သစ်ချုပ်နေတော့ ကျွန်တော့်ကို မေးကြတယ်။”ဟေးဆာဒီယို မင်ဘယ်အချိန်စာချုပ်ချုပ်တော့မှာလဲ?ကျွန်တော်သူတို့ထဲကတစ်ယောက်ကို ပြန်ပြောလိုက်တယ်။” ဘရို စိတ်မပူနဲ့။ကျွန်တော်စာချုပ်ချုပ်မှာပါ။” ပြီးတော့ ကျွန်တော်ဘာလုပ်ခဲ့လဲ။ချုပ်ခဲ့တာပဲမလား။အခုတော့သူတိူ့ကျေနပ်နေကြပါပြီ။ကျွန်တော်ဒီမှာနေရတာပျော်သလို သူတို့လည်းကျွန်တော့်ကြောင့်ပျော်ပါတယ်။အသင်းသမိုင်းမှာနာမည်ကောင်းကျန်တဲ့အထိကြိုးစားသွားမှာပါ။ဒါမယ့်အနာဂတ်ကာလကိုတော့ဘယ်သူမှပြောလို့မရပါဘူး။”
ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ယူနိုက်တက်နဲ့ဂျုဗင်တပ်စ်တို့ရဲ့ပစ်မှတ်ကစားသမားဖြစ်တဲ့အသက်၂၁အရွယ်ပေါ်တိုနောက်ခံလူ မီလီတာအိုကိုလက်ဦးပြီးခေါ်ဖို့ပြင်ဆင်နေကြောင်းသိရပါတယ်။
Post a Comment