Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
Beginning to get on my nerves, all this ‘who is the best, Messi or Ronaldo’ nonsense. So who do you reckon is the greatest?— Gary Lineker (@GaryLineker) March 13, 2019
(Unicode)
မက်ဆီနဲ့ရိုနယ်ဒိုဘယ်သူပိုကောင်းသလဲပရိတ်သတ်အယောက်၃သိန်း၈သောင်းကမဲပေးခဲ့ကြပါတယ်။
ဂယ်ရီလက်ကာရဲ့တွစ်တာစာမျက်နှာပေါ်မှာတော့ တစ်ကမ္ဘာလုံးကပရိတ်သတ်တွေအတွက် မက်ဆီနဲ့ရိုနယ်ဒိုတို့၂ယောက်အကြားဘယ်သူပိုကောင်းသလဲဆိုတာအဖြေပေးစေနိုင်ဖို့voting ပို့စ်တစ်ခုကိုတင်ခဲ့ပြီး ပရိတ်သတ်အယောက် ၃သိန်း၈သောင်းက ဝင်ရောက်ဖြေဆိုခဲ့ကြပါတယ်။
မက်ဆီနဲ့ရိုနယ်ဒိုဟာ လက်ရှိချန်ပီယံလိပ်ပြိုင်ပွဲမှာတော့ ဘာစီလိုနာအတွက်ရော၊ဂျူဗင်တပ်စ်အသင်းအတွက်ပါသူရဲကောင်းမှတ်တမ်းတွေရေးထိုးထားခဲ့ပြီးသူတို့ရဲ့အသင်းတွေကိုနောက်တစ်ဆင့်ဆီခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ အင်္ဂါနေ့က ပေါ်တူဂီစူပါစတားဟာ ချန်ပီယံလိပ်ကွာတားဖိုင်နယ်မှာဂျူဗင်တပ်စ်အသင်းအတွက် အရေးပါတဲ့ချန်ပီယံလိပ်ဟတ်ထရစ်ကို ရယူပေးခဲ့ပါတယ်။မက်ဆီဟာ လိုင်ယွန်အသသင်းကို ဘာကာတို့၅-၁ ဖြင့်အနိုင်ယူနိုင်ခဲ့တဲ့ပွဲမှာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါပြုလုပ်နိုင်ခဲ့ပါတယ်။
သဘာဝကျစွာပင် ပရိတ်သတ်အယောက် ၃သိန်း ၈သောင်းကျော်က လင်ကာရဲ့ပို့စ်မှာ အကောင်းဆုံးတစ်ယောက်ကို မဲပေးရွေးချယ်ခဲ့ကြပြီး မက်ဆီကို ၆၂% အထိပေးခဲ့ကာ ရိုနယ်ဒိုကတော့ ၃၈% ပဲရရှိခဲ့ပါတယ်။
ပြောစရာမလိုလောက်အောင်ကိုပင် ကွန်းမန့်တွေမှာတော့၂ဖက်ပရိတ်သတ်တွေရဲ့တိုက်ပွဲကိုမြင်တွေ့ခဲ့ရပါတယ်။ဘယ်လိုပင်ဖြစ်နေပါစေ သူတို့၂ယောက်အကောင်းဆုံးခြေစွမ်းတွေကိုပြန်လည်မြင်တွေ့ခွင့်ရတာကြည်နူးဖို့ကောင်းတာအသေအချာပါပဲ။
Post a Comment