မန္စီးတီးကိုုျငင္းပယ္ခဲ့ရတဲ့အေၾကာင္းအရင္းအားေျပာျပလိုက္တဲ့အီဗရာဟီမိုဗစ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဆီြဒင္လက္ေရြးစင္တုိက္စစ္မွဴးေဟာင္း ဇလာတန္အီဘရာဟီမိုဗစ္ဟာ ဘာစီလိုနာအသင္းမွာ ကစားေနခဲဲ့တဲ့ ၂၀၁၀ ခုႏွစ္တုန္းက မန္ခ်က္စတာစီးတီးအသင္းကို မေျပာင္းေရႊ႕ဖုိ႔ ဘာေၾကာင့္ဆံုးျဖတ္ခဲ့ရလဲဆုိတာကို ရွင္းျပခဲ့ပါတယ္။
အီဘရာဟီမိုဗစ္ဟာ ယင္းအခ်ိန္တုန္းက စပိန္မွာ မေပ်ာ္မရႊင္ျဖစ္ေနၿပီး နည္းျပ ပက္ဂြါဒီယိုလာနဲ႔ အဆင္မေျပျဖစ္ခဲ့ၿပီး အသင္းမွာ တစ္ရာသီသာ ကစားခဲ့သူျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးအသင္းဟာ တုိက္စစ္မွာ ကားလို႔စ္တီဗက္နဲ႔ တြဲဖက္ၿပီးကစားဖို႔အတြက္ အီဘရာဟီမိုဗစ္ကို အလုိရွိခဲ့မယ္လို႔ ယံုၾကည္ရပါတယ္။
ဒါေပမယ့္ အီဘရာဟီမိုဗစ္ဟာ ယခင္က ဂ်ဴဗင္တပ္နဲ႔ အင္တာမီလန္အသင္းအတြက္ ကစားေပးခဲ့ဖူးတဲ့ အီတလီစီးရီးေအကို ေျပာင္းေရႊ႕ဖို႔ ဆံုးျဖတ္ခဲ့ၿပီး ေအစီမီလန္အသင္းကုိ ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။
“ကၽြန္ေတာ္ ဘာစီလိုနာမွာကစားေနတဲ့အခ်ိန္တုန္းက မန္ခ်က္စတာစီးတီးအသင္းကို ေျပာင္းေရႊ႕ဖို႔ အခြင့္အေရးရခဲ့ပါတယ္။ ဒါေပမယ့္ ဘာစီလိုနာမွာျဖစ္ပ်က္ခဲ့တဲ့ အခိုက္အတံ့အၿပီးမွာ ကၽြန္ေတာ့္အေနနဲ႔ ေပ်ာ္ရႊင္မႈကို ရွာေဖြဖုိ႔ လိုအပ္ခဲ့ပါတယ္”
“အီတလီကို ျပန္သြားခဲ့ပါတယ္။ ကၽြန္ေတာ္ အီတလီမွာေပ်ာ္ရႊင္ပါတယ္။ ကၽြန္ေတာ္ ျပန္သြားရင္ ေပ်ာ္ရႊင္ရလိမ့္မယ္လုိ႔ ကၽြန္ေတာ္ သိခဲ့ပါတယ္။ ကၽြန္ေတာ္ မန္စီးတီးကို သြားရင္ ေပ်ာ္ရႊင္ရမလားဆုိတာ မသိပါဘူး။ ဘာလို႔လဲဆုိေတာ့ မတူညီတဲ့စိန္ေခၚမႈတစ္ခုျဖစ္ေနလို႔ပါ”
“ကၽြန္ေတာ့္အတြက္ မီလန္ကလည္း အသင္းသစ္ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္္ ၿမိဳ႕ေတာ္ကို သိခဲ့ပါတယ္။ ဘာလို႔လဲဆုိေတာ့ အင္တာမွာ ကၽြန္ေတာ္ ၃ ႏွစ္ကစားဖူးတယ္ေလ။ ကၽြန္ေတာ္ အဲဒီႏုိင္ငံကို ေကာင္းေကာင္းသိတယ္။ အဲဒီေတာ့ ကၽြန္ေတာ့္အတြက္ နည္းနည္းစိတ္ခ်ရမယ့္ေနရာကို ေျပာင္းခဲ့တာပါ”လုိ႔ Mirror ကို ေျပာၾကားခဲ့ပါတယ္။
(Unicode)
မန်စီးတီးကိုငြင်းပယ်ခဲ့ရတဲ့အကြောင်းအရင်းအားပြောပြလိုက်တဲ့အီဗရာဟီမိုဗစ်
ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဇလာတန်အီဘရာဟီမိုဗစ်ဟာ ဘာစီလိုနာအသင်းမှာ ကစားနေခဲ့တဲ့ ၂၀၁၀ ခုနှစ်တုန်းက မန်ချက်စတာစီးတီးအသင်းကို မပြောင်းရွှေ့ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့ရလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။
အီဘရာဟီမိုဗစ်ဟာ ယင်းအချိန်တုန်းက စပိန်မှာ မပျော်မရွှင်ဖြစ်နေပြီး နည်းပြ ပက်ဂွါဒီယိုလာနဲ့ အဆင်မပြေဖြစ်ခဲ့ပြီး အသင်းမှာ တစ်ရာသီသာ ကစားခဲ့သူဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ တိုက်စစ်မှာ ကားလို့စ်တီဗက်နဲ့ တွဲဖက်ပြီးကစားဖို့အတွက် အီဘရာဟီမိုဗစ်ကို အလိုရှိခဲ့မယ်လို့ ယုံကြည်ရပါတယ်။
ဒါပေမယ့် အီဘရာဟီမိုဗစ်ဟာ ယခင်က ဂျူဗင်တပ်နဲ့ အင်တာမီလန်အသင်းအတွက် ကစားပေးခဲ့ဖူးတဲ့ အီတလီစီးရီးအေကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး အေစီမီလန်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် ဘာစီလိုနာမှာကစားနေတဲ့အချိန်တုန်းက မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ဖို့ အခွင့်အရေးရခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာမှာဖြစ်ပျက်ခဲ့တဲ့ အခိုက်အတံ့အပြီးမှာ ကျွန်တော့်အနေနဲ့ ပျော်ရွှင်မှုကို ရှာဖွေဖို့ လိုအပ်ခဲ့ပါတယ်”
“အီတလီကို ပြန်သွားခဲ့ပါတယ်။ ကျွန်တော် အီတလီမှာပျော်ရွှင်ပါတယ်။ ကျွန်တော် ပြန်သွားရင် ပျော်ရွှင်ရလိမ့်မယ်လို့ ကျွန်တော် သိခဲ့ပါတယ်။ ကျွန်တော် မန်စီးတီးကို သွားရင် ပျော်ရွှင်ရမလားဆိုတာ မသိပါဘူး။ ဘာလို့လဲဆိုတော့ မတူညီတဲ့စိန်ခေါ်မှုတစ်ခုဖြစ်နေလို့ပါ”
“ကျွန်တော့်အတွက် မီလန်ကလည်း အသင်းသစ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် မြို့တော်ကို သိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အင်တာမှာ ကျွန်တော် ၃ နှစ်ကစားဖူးတယ်လေ။ ကျွန်တော် အဲဒီနိုင်ငံကို ကောင်းကောင်းသိတယ်။ အဲဒီတော့ ကျွန်တော့်အတွက် နည်းနည်းစိတ်ချရမယ့်နေရာကို ပြောင်းခဲ့တာပါ”လို့ Mirror ကို ပြောကြားခဲ့ပါတယ်။
Credit
Post a Comment