Header Ads


ဘာစီလိုနာကစားသမားဘဝမွာ ေတြ႕ဆံုခဲ့တဲ့၈၅သင္းအနက္ ၈၄သင္းကိုအနိုင္ကစားခဲ့တဲ့မက္ဆီ


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မက္ဆီရဲ႕ကစားသမားဘဝကိုျပန္ျကည့္ရင္ စံခ်ိန္မွတ္တမ္းေတြ နိုင္ပြဲေတြနဲ႔ လႊမ္းျခံဳထားတာေတြ႕ရမွာပါ။အသက္၃၁နွစ္အရြယ္ရွိျပီျဖစ္တဲ့မက္ဆီဟာ ၂၀၀၄ခုနွစ္ထဲကဘာစီမွာစတင္ပြဲထြက္ခြင့္ရခဲ့ပါတယ္။အခုေတာ့ အံ့အားသင့္စရာ အခ်က္အလက္တစ္ခုထြက္ေပၚလာပါတယ္။

ဘာစီလိုနာနဲ႔ပြဲစထြက္တဲ့ အခ်ိန္ကေနခုထိ  မတူညီတဲ့ ကလပ္အသင္း၈၅သင္းနဲ႔ ရင္ဆိုင္ခဲ့ရာမွာ မက္ဆီအနိုင္မရခဲ့တာတစ္သင္းပဲရွိပါတယ္တဲ့။တကယ္ျကီးလားဟ။ဟုတ္ပါတယ္ အမွန္တကယ္ျကီးပါပဲ။ဒါဆိုမက္ဆီအနိုင္မရဖူးတဲ့တစ္သင္းထဲေသာအသင္းကဘယ္အသင္းျဖစ္မလဲ?



ထိပ္သီးအသင္းေတြလို႔ထင္ေနခဲ့ရင္ေတာ့ မွားသြားပါျပီ။၂၀၀၄ခုနွစ္က ကိုပါဒယ္ေရးဖလားမွာGramenetဆိုတဲ့ စပိန္ဒုတိယတန္းကလပ္အသင္းကို မထင္မွတ္ပဲရံႈးနိမ့္ခဲ့တာပါ။အဲ့ဒီအခ်ိန္တုန္းကစပိန္ဒုတိယတန္းျဖစ္တဲ့ ဆီဂန္ဒါလိဂ္မွာ ကစားေနတဲ့ Gramenetအသင္းဟာ အခုေတာ့ ကတ္တလန္လိဂ္ကို ခြဲထြက္သြားပါျပီ။ဒါေျကာင့္မက္ဆီအေနနဲ႔ဘယ္ေတာ့မွ လက္စားေခ်အနိုင္ယူခြင့္ရွိမွာမဟုတ္ေတာ့ပါဘူး။


မက္ဆီရဲ႕ဘာစီကစားသမားဘဝမွာ ရင္ဆိုင္ခဲ့တဲ့ အသင္းေတြထဲကမွ လံုးဝအနိုင္မရဖူးတဲ့တစ္သင္းထဲေသာအသင္းအျဖစ္ Gramentကမွတ္တမ္းဝင္သြားပါျပီ။ဘာစီလိုနာအသင္းဟာ နူးကမ့္မွာ လိုင္ယြန္ကို၅ဂိုးသြင္းျပီး ခ်န္ပီယံလိဂ္ေနာက္တစ္ဆင့္သို႔တက္ေရာက္သြားခဲ့ျပီးေနာက္ မက္ဆီကို လိုင္ယြန္တိုက္စစ္မွဴးဖယ္ကီယာက ခ်ီးက်ဴးခဲ့ပါတယ္။ဒီပြဲမွာနွစ္ဂိုးသြင္းနွစ္ဂိုးဖန္တီးခဲ့တဲ့မက္ဆီကို ဖယ္ကီယာက သူရဲ႕ကစားဟန္က ေကာင္းမြန္လြန္းျပီး ဘာစီကိုအမွန္တကယ္ ဦးေဆာင္ေပးနိုင္သူျဖစ္ျပီးေျကာင္း ခ်ီးက်ဳးခဲ့ပါတယ္။

ဘာကာအသင္းဟာကြာတားမွာမန္ယူနိုက္တက္နဲ႔ေတြ႕ဆံုေနျပီး ေနာက္တစ္ဆင့္တက္ဖို႔ပိုေရပန္းစားေနပါတယ္။စပိန္ေျမမွာကစားမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲျကီးဆီ မက္ဆီနဲ႕ဘာစီလိုနာအသင္းသားေတြတက္ေရာက္သြားနိုင္မလားေစာင့္ျကည့္ခ်င္စရာပါပဲ။

(Unicode)

ဘာစီလိုနာကစားသမားဘဝမှာ တွေ့ဆုံခဲ့တဲ့၈၅သင်းအနက် ၈၄သင်းကိုအနိုင်ကစားခဲ့တဲ့မက်ဆီ

မက်ဆီရဲ့ကစားသမားဘဝကိုပြန်ကြည့်ရင် စံချိန်မှတ်တမ်းတွေ နိုင်ပွဲတွေနဲ့ လွှမ်းခြုံထားတာတွေ့ရမှာပါ။အသက်၃၁နှစ်အရွယ်ရှိပြီဖြစ်တဲ့မက်ဆီဟာ ၂၀၀၄ခုနှစ်ထဲကဘာစီမှာစတင်ပွဲထွက်ခွင့်ရခဲ့ပါတယ်။အခုတော့ အံ့အားသင့်စရာ အချက်အလက်တစ်ခုထွက်ပေါ်လာပါတယ်။

ဘာစီလိုနာနဲ့ပွဲစထွက်တဲ့ အချိန်ကနေခုထိ  မတူညီတဲ့ ကလပ်အသင်း၈၅သင်းနဲ့ ရင်ဆိုင်ခဲ့ရာမှာ မက်ဆီအနိုင်မရခဲ့တာတစ်သင်းပဲရှိပါတယ်တဲ့။တကယ်ကြီးလားဟ။ဟုတ်ပါတယ် အမှန်တကယ်ကြီးပါပဲ။ဒါဆိုမက်ဆီအနိုင်မရဖူးတဲ့တစ်သင်းထဲသောအသင်းကဘယ်အသင်းဖြစ်မလဲ?

ထိပ်သီးအသင်းတွေလို့ထင်နေခဲ့ရင်တော့ မှားသွားပါပြီ။၂၀၀၄ခုနှစ်က ကိုပါဒယ်ရေးဖလားမှာGramenetဆိုတဲ့ စပိန်ဒုတိယတန်းကလပ်အသင်းကို မထင်မှတ်ပဲရှုံးနိမ့်ခဲ့တာပါ။အဲ့ဒီအချိန်တုန်းကစပိန်ဒုတိယတန်းဖြစ်တဲ့ ဆီဂန်ဒါလိဂ်မှာ ကစားနေတဲ့ Gramenetအသင်းဟာ အခုတော့ ကတ်တလန်လိဂ်ကို ခွဲထွက်သွားပါပြီ။ဒါကြောင့်မက်ဆီအနေနဲ့ဘယ်တော့မှ လက်စားချေအနိုင်ယူခွင့်ရှိမှာမဟုတ်တော့ပါဘူး။

မက်ဆီရဲ့ဘာစီကစားသမားဘဝမှာ ရင်ဆိုင်ခဲ့တဲ့ အသင်းတွေထဲကမှ လုံးဝအနိုင်မရဖူးတဲ့တစ်သင်းထဲသောအသင်းအဖြစ် Gramentကမှတ်တမ်းဝင်သွားပါပြီ။ဘာစီလိုနာအသင်းဟာ နူးကမ့်မှာ လိုင်ယွန်ကို၅ဂိုးသွင်းပြီး ချန်ပီယံလိဂ်နောက်တစ်ဆင့်သို့တက်ရောက်သွားခဲ့ပြီးနောက် မက်ဆီကို လိုင်ယွန်တိုက်စစ်မှူးဖယ်ကီယာက ချီးကျူးခဲ့ပါတယ်။ဒီပွဲမှာနှစ်ဂိုးသွင်းနှစ်ဂိုးဖန်တီးခဲ့တဲ့မက်ဆီကို ဖယ်ကီယာက သူရဲ့ကစားဟန်က ကောင်းမွန်လွန်းပြီး ဘာစီကိုအမှန်တကယ် ဦးဆောင်ပေးနိုင်သူဖြစ်ပြီးကြောင်း ချီးကျုးခဲ့ပါတယ်။

ဘာကာအသင်းဟာကွာတားမှာမန်ယူနိုက်တက်နဲ့တွေ့ဆုံနေပြီး နောက်တစ်ဆင့်တက်ဖို့ပိုရေပန်းစားနေပါတယ်။စပိန်မြေမှာကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးဆီ မက်ဆီနဲ့ဘာစီလိုနာအသင်းသားတွေတက်ရောက်သွားနိုင်မလားစောင့်ကြည့်ချင်စရာပါပဲ။

No comments

Powered by Blogger.