Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
မျောက်ကောင်လို့ခေါ်ဝေါ်သုံးနှုန်းခြင့်ခံခဲ့ရတဲ့လူငယ်ကစားသမာလေးဟတ်ဆန်အိုလ်ဒွိုင်း
ဖြစ်စဉ်အပေါ် ချဲလ်ဆီးအသင်းက ယူအီးအက်ဖ်အေကို တိုင်ကြားထားတာကြောင့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွား မယ်လို့ သိရပါတယ်။
ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒု-ကျော့ ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဒိုင်နမိုကိဗ်နဲ့ အဝေးကွင်းပွဲစဉ်မှာ မိမိတို့ လူငယ် ကစားသမား ဟတ်ဆန်အိုဒွိုင်းကို အိမ်ရှင်ပရိသတ်တွေက လူမျိုးရေးခွဲခြားခဲ့ကြတယ်လို့ ယူအီးအက်ဖ်အေက ချဲလ်ဆီးက တိုင်ကြားထားတယ်ဆိုတဲ့အကြောင်း BBC SPORTက ဖော်ပြလာပါတယ်။
ပွဲချိန်ပြည့်ဖို့ ၂ မိနစ်သာ လိုတောာ့ချိန်မှာ အိမ်ရှင်ပရိသတ်တွေက ချဲလ်ဆီးအသင်းရဲ့ အသက် ၁၈ နှစ်အရွယ် တောင်ပံ တိုက်စစ် ကစားသမား ဟတ်ဆန်အိုဒွိုင်းကို မျောက်နဲ့ခိုင်းနှိုင်းပြီး အော်ဟစ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရ ပါတယ်။
ဒီဖြစ်စဉ်ကို ကြားတယ်ဆိုတာကို ဟတ်ဆန်က စီနီယာ ကစားသမား အက်ဇ်ပလီကျူတာကတဆင့် ကွင်းလယ်ဒိုင်ကို တင်ပြစေခဲ့တယ်လို့သိရပါတယ်။
တဆက်တည်းမှာပဲ ချဲလ်ဆီးအသင်းရဲ့ ဥက္ကဌ ဘရုစ်ဘက်ခ်နဲ့ အသင်း အတွင်းရေးမှူး ဒေးဗစ်ဘားနက်ဒ်တို့က ယူအီးအက်ဖ်အေကို ဖြစ်စဉ်နဲ့ပတ်သက်ပြီး လိပ်မူ တိုင်ကြားခဲ့တာလို့သိရပါတယ်။
“ယူရိုပါလိဂ် ဒု-ကျော့အဖြစ် ကစားခဲ့တဲ့ ကိဗ်နဲ့ အဝေးကွင်းပွဲစဉ်မှာ ပွဲချိန် ပြီးဆုံးဖို့ နောက်ဆုံး မိနစ်လောက် အရောက်မှာ အိမ်ရှင် ပရိသတ်ထဲက အနည်းငယ်သော ပရိသတ်တွေက မိမိတို့ ကစားတွေထဲက တစ်ဦးကို လူမျိုးရေး ခွဲခြားတဲ့ အသုံးအနှုန်းတွေနဲ့ ပြောဆို တိုက်ခိုက်ခဲ့ပါတယ်။” လို့ ချဲလ်ဆီးအသင်းက တရားဝင် ထုတ် ပြန်ချက် ထုတ်ခဲ့ပါတယ်။
ဒီဖြစ်စဉ်အပေါ် ချဲလ်ဆီးအသင်းက အပြင်းအထန် ရှုံ့ချတယ်ဆိုတဲ့အကြောင်းကိုလည်း အသိပေးခဲ့ပါသေး တယ်။
အဆိုပါ ပွဲစဉ်မှာတော့ ချဲလ်ဆီးအသင်းက ၅-၀ နဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၈-၀ နဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ကို တက်လှမ်းခဲ့ပါတယ်။
Credit
Post a Comment