Header Ads


လီဗာပူးလ်စတားဟောင်းကိုလျှော့ဈေးနဲ့ ခေါ်ယူခွင့်ရမယ့်ယူနိုက်တက်

 Unicode သမားများအောက်ဆွဲဖတ်ပေးပါ။





(Unicode)

ဘာစီလိုနာအသင်းဟာ ကွင်းလယ်ကြယ်ပွင့်ကစားသမား ကော်တင်ဟိုကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်းက အရှိန်တိုးမြှင့်ခဲ့ပြီးနောက် ယူရိုသန်း ၈၀ လောက်နဲ့ ဆွေးနွေးလိုတဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့နှစ် ဇန်နဝါရီလမှာ လီဗာပူအသင်းကနေ ဘာစီလိုနာအသင်းကို ယူရိုသန်း ၁၂၀ နဲ့ ပြောင်းရွှေ့ခဲ့တဲ့ကော်တင်ဟိုဟာ လီဗာပူးအသင်းမှာတုန်းက ခြေစွမ်းအတိုင်း မပြသနိုင်ခဲ့ဘဲ အသင်းကနေ ထွက်ခွာဖို့သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကော်တင်ဟိုဟာ နူးကမ့်မှာ သိသာတဲ့အကျိုးသက်ရောက်မှုမျိုး ပြသနိုင်ခြင်းမရှိသူဖြစ်ပြီး နူးကမ့်ကနေ ထွက်ခွာလိုတဲ့ဆန္ဒမရှိကြောင်း ပြောကြားခဲ့ပေမယ့် Goal ရဲ့ဖော်ပြချက်အရ ဗယ်ဗာဒီရဲ့ရေရှည်စီမံကိန်းမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

ဘာစီလိုနာအသင်းထိပ်ပိုင်းတာဝန်ရှိသူတွေက ကော်တင်ဟိုကို ခေါ်ယူခဲ့စဉ်က ပမာဏထက် လျှော့ပြီး ရောင်းထုတ်လိုတဲ့ဆန္ဒရှိနေပြီး ယူရိုသန်း ၈၀ ဝန်းကျင် ရရှိမယ်ဆိုရင် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်လိုနေကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

“ပြီးခဲ့ရက်သတ္တပတ်အနည်းငယ်ကမဟုတ်ရင် လအနည်းငယ်က ဖြစ်လိမ့်မယ်ထင်ပါတယ်။ ကျွန်တော် ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီထက်ပိုပြီး ခြေစွမ်းတိုးတက်ချင်နေတုန်းပါပဲ” လို့ Movistar+ ကို ပြောကြားခဲ့ပါတယ်။

“ဒီကိုလာခဲ့တာက ကျွန်တော့်ရဲ့အကောင်းဆုံးတွေကို ပေးဖို့ပါ။ အဲဒီလို အချိန်မျိုးအတွက် ဒီမှာရှိနေတာပါ”

“ရှေ့လာမယ့်အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

No comments

Powered by Blogger.