Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
"
— Major League Soccer (@MLS) September 16, 2018
"
"ကျွန်တော်အချိန်၆လအတွင်းမှာကောင်းကောင်းလေ့ကျင့်မယ်ပြီးရင်အကုန်အဆင့်သင်ဖြစ်ပြီဆိုရင် ကျွန်တော်အနေနှင့်ကိုယ်ခံပညာပြိုင်ပွဲဖက်ကိုသွားလို့ရပါပြီ"လို့ အွန်လိုင်းအမေးအဖြေအစီအစဉ်ဇလာတန်ကဖြေကြားခဲ့ပါတယ်။
ဇလာတန်က လက်စ်ဗီးဂတ်မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ UFCရဲ့အကြီးမားဆုံးပွဲစဉ်တစ်ခုဖြစ်တဲ့ မခ်ဂရီဂေါ်နှင့် မေဝဲသားတို့ရဲ့ပွဲစဉ်မတိုင်ခင်အရင်ထဲက တိတိကျကျခန့်မှန်းခဲ့ပါတယ်။ဒါဟာ အီဘရာဟင်မိုဗစ်ချ်ရဲ့ ကိုယ်ခံပညာလောကကိုဝင်ရောက်ခြင်းအစပါလို့ဆိုကြပါတယ်။အသေးစိတ်တိတိကျကျကိုတော့ ဇလာတန်က FIFA.comရဲ့အင်တာဗျူးအစီအစဉ်မှာပြောကြားခဲ့ပါတယ်။မခ်ဂရီဂေါ်ကလည်း ဇလာတန်ရဲ့ခန့်မှန်းမှုနှင့်ပတ်သက်ပြီးအဖြေပေးခဲ့ကာ ဘောလုံးလောကရဲ့ မခ်ဂရီဂေါ်လို့သူကိုတင်စားခေါ်ဝေါ်လိုက်ပါတယ်။
"ကျွန်တော်ဇလာတန်ကိုလေးစားတယ်ဗျာ ပြီးတော့သူရဲ့စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်တဲ့ခန်မှန်းချက်ကိုရောပေါ့ဗျာ။ဒါပေမယ့်ကျွန်တော်ဖက်က တည့်တည့်ပြောရရင် ဒါဟာ မခ်ဂရီဂေါ်ရဲ့ အမြင်သီးသန့်ပါ"လို့ အိုင်းရစ်သားကဆိုပါတယိ။
"ဇလာတန်က ဘောလုံးလောကရဲ့မခ်ဂရီဂေါ် လိုဖြစ်အောင်ကြိုးစားနေသူပါ။သူကံကောင်းပါစေဗျာ။ဇလာတန်နဲ့ ပေါ့ဘာ တို့နှစ်ဦးစလုံးကိုဒီကိုလာရောက်ပြီး ကျွန်တော်နှငိ့အတူလေ့ကျင့်ဖို့ဖိတ်ခေါ်ပါတယ်။သူတို့ဘယ်အချိန်လာလာပေါ့ဗျာ"
ဇလာတန်က ပြီးခဲ့တဲ့ရာသီတုန်းက သူရဲ့ထူးခြားအံ့သြဖွယ်ကောင်းလောက်အောင်ဆန်းကျယ်လှတဲ့ ကရာတေးကန်ချက်နှင့်အတူ သူရဲ့ ဂိုး၅၀၀မြောက်ကိုသွင်းယူခဲ့ပါတယ်။ဇလာတန်ကိုယ်တိုင်အဲဒိလိုကန်ချက်တွေကိုသဘောကျနှစ်ခြိုက်ပါတယ် မခ်ဂရီဂေါ်နှင့်လည်းချိတ်ဆက်ခဲ့ပြီး တွေဆုံဖို့ကြိုးစားနေပါတယ်။
မခ်ဂရီဂေါ်က နာမည်ကျော်ကစားသမားစီရိုနယ်ဒိုနှင့်တွေ့ဆုံခဲ့ဖူးပြီးပြိ ရိုနယ်လ်ဒိုကိုယ်တိုင် မခ်ဂရီဂေါ်ရဲ့ လေ့ကျင့်ရေးခန်းမကိုသွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။forbesမဂ္ဂဇင်းရဲ့ထိပ်တန်းအားကစားသမားစာရင်းမှာပါဝင်ဖို့အတွက်စိတ်ကြိုက်လုပိချငိတာလုပ်နိုင်စေရမည့်လို့ကတိပေးခဲ့ပါတယ်။
ရိုနယ်လ်ဒိုရဲ့ဂျူဗင်တပ်အသင်းအပေါ်အကျိုးသက်ရောက်မှုနှင့်ပတိသက်ပြီး မခ် က အေတီကိုအသင်းကို၃ဂိုးဟက်ထရစ်အသင်းသွင်းယူနိုင်ခဲ့ပြီးနောက် သူရဲ့ရင်တွင်းခံစားချက်များကိုဖွင့်ဟခဲ့ပါတယိ။
"ရိုနယ်လ်ဒိုက မြင်ရခဲ့တဲ့ကစားသမား လူပုဂ္ဂိုလ် ပြီးတော့ စွန့်စားတက်တဲ့သူပါလို့"မခ်က ရွှေဘောလုံးငါးဆုရှင်အကြောင်းပြောကြားခဲ့ပါတယ်။
"သူကစည်းစနစ်နဲ့အညီ အကောင်းဆုံးအနေအထားရှိနေသူပါ။ပြီးတော့သူရဲ့တီထွင်မှုတွေက လူတွေကိုဘောလုံးကစားချငိကိုလှုံဆော်စေပြီး ကလေးသူငယ်လူငယ်တွေကိုဘောလုံးအပေါ်ရူးသွပ်စေပါတယ်။သူအခြေအနေကိုသိချငိရင်ပြီးခဲ့တဲ့အပတိက ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာပဲကြည့် အသက်၃၄နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ရိုနယ်လ်ဒိုက
လူငယ်လိုပဲဖျက်ဖျက်လက်လက်ကစားပြီး ၃ဂိုးဟက်ထရစ်သွင်းကာမီးရောင်တွေအောက်မှာအောင်ပွဲခံခဲ့တယ်လေ။အေတိကိုအသင်းကလည်း ဥရောပမှာအကောင်းဆုံးခံစစ်ပိုင်ဆိုင်ထားတဲ့အသင်းပါ။ဒါက အားကစားသမားတွေ နည်းစနစ်တွေဥပဒေတွေက ကျွန်တော်တို့ရဲ့ ကစားပွဲတွေနဲ့တူတူရှိနေဖို့လှုံဆော်နေခြင်းဖြစ်ပါတယ်။"
Post a Comment