ရိုနယ္ဒိုမပါတဲ့အရံႈးကိုစတင္ခံစားခဲ့ရတဲ့ဂ်ဴဗင္တပ္စ္အသင္း
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ေရာ္နယ္ဒိုမပါလာလို႔ ႏွစ္ဖက္အသင္း ပရိသတ္ေတြက လက္မွတ္ေငြကိ ျပန္အမ္းေပးဖို႔ ေတာင္းဆိုမႈေတြ ျပဳလုပ္ ခဲ့တာ ရွိတယ္လို႔လည္း Daily Mail ကေဖာ္ျပလာပါတယ္။
ဂ်ီႏိုအာအသင္းကို ၂-၀ ဂိုးနဲ႔ ရႈံးနိမ့္ၿပီး ဂ်ဴဗင္တပ္အသင္းကေတာ့ ဒီရာသီ ပထမဆုံး လိဂ္ရႈံးပြဲနဲ႔ စတင္ ရင္ဆိုင္ခဲ့ ရပါၿပီ။
ဒီပြဲစဥ္မွာေတာ့ဂ်ဴဗင္တပ္အသင္းဟာ အသင္းရဲ႕ အဓိက ကစားသမား ေရာ္နယ္ဒိုကုိ အရန္လူစာရင္းမွာေတာင္ ထားရွိခဲ့ျခင္းမရွိတာ ေတြ႕ရပါတယ္။
ဒီပြဲၿပီးရင္ ႏိုင္ငံတကာ ေျခစမ္းပြဲေတြနဲ႔ ၂၀၂၀ ယူရို ေျခစစ္ပြဲေတြ ကစားဖို႔ ရွိလုိ႔ ကလပ္အသင္းပြဲစဥ္ေတြကို အနားေပးေတာ့မွာလည္း ျဖစ္ပါတယ္။
ေရာ္နယ္ဒို ကိုယ္တိုင္ကလည္း ေပၚတူဂီအသင္းကို ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲအၿပီး ပထမဆုံး အႀကိမ္ သြားေရာက္ပူးေပါင္းေတာ့မွာ ျဖစ္ပါတယ္။
အခုလို ေရာ္နယ္ဒိုမပါတာကေတာ့ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္တုန္းက အက္သလက္တီကိုမက္ဒရစ္အသင္း ဖက္ကို ၃ ဂိုးသြင္းၿပီး ကြာတားတက္ေစခဲ့တာေၾကာင့္ ပြဲပန္းမႈဒဏ္ ေလ်ာ့ခ်ေပးႏိုင္ဖို႔အတြက္ ရည္ရြယ္ၿပီး ေခၚေဆာင္လာခဲ့ျခင္း မရွိတာလို႔ ဂ်ဴဗင္တပ္နည္းျပ အယ္လီဂရီနီက ေျပထားတယ္လို႔ Daily Mail ကေဖာ္ျပထားပါတယ္။
ေရာ္နယ္ဒို မပါလာတာေၾကာင့္ ဂ်ဴဗင္တပ္နဲဲ႔ ဂ်ီႏိုအာ ပရိသတ္ေတြက ၀ယ္ၿပီးသား လက္မွတ္ေတြကို ျပန္အမ္းေပးဖို႔ ေတာင္းဆိုမႈေတြရွိခဲ့တယ္လု႔ိလည္း Daily Mail ကဆက္လက္ေဖာ္ျပထားပါတယ္။
— JuventusFC (@juventusfcen) March 17, 2019
ဂ်ဴဗင္တပ္အသင္းကေတာ့ ခ်န္ပီယံလိဂ္မွာ ကြာတားဖိုင္နယ္ကို တက္ေရာက္ထားႏိုင္ၿပီ ျဖစ္ၿပီး ေအဂ်က္အသင္းနဲ႔ ေတြ႕ဆုံေနပါတယ္။
လာမယ့္ စီးရီးေအ ပြဲစဥ္ကိုေတာ့ အမ္ပိုလီအသင္းနဲ႔ မတ္လ ၃၀ ရက္ေန႔က်မွသာ ေတြ႕ဆုံ ကစားမွာျဖစ္ၿပီး အဲ့ေနာက္ ကယ္ဂလီယာရီ၊ေအစီမီလန္တို႔နဲ႔ ဆက္တိုက္ကစားၿပီးရင္ ေအဂ်က္အသင္းနဲ႔ ခ်န္ပီယံလိဂ္ ကြာတား ဖိုင္နယ္ ပထမအေက်ာ့ကို ကစားရမွာပါ။
ဂ်ီႏိုအာကို မရႈံးနိမ့္ခင္က ဂ်ဴဗင္တပ္အသင္းအေနနဲ႔ ၂၄ ပြဲႏိုင္ ၃ ပြဲသေရက်ထားတာ ျဖစ္ၿပီး ဒုတိယေနရာက နာပိုလီကို ၁၈ မွတ္အထိ အမွတ္ျဖတ္ထားႏိုင္လို႔ ၈ ႏွစ္ဆက္ လိဂ္ခ်န္ပီယံျဖစ္ေရး အားသာေနတာ ျဖစ္ပါတယ္။
(Unicode)
ရိုနယ်ဒိုမပါတဲ့အရှုံးကိုစတင်ခံစားခဲ့ရတဲ့ဂျူဗင်တပ်စ်အသင်း
ရော်နယ်ဒိုမပါလာလို့ နှစ်ဖက်အသင်း ပရိသတ်တွေက လက်မှတ်ငွေကိ ပြန်အမ်းပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ် ခဲ့တာ ရှိတယ်လို့လည်း Daily Mail ကဖော်ပြလာပါတယ်။
ဂျီနိုအာအသင်းကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီး ဂျူဗင်တပ်အသင်းကတော့ ဒီရာသီ ပထမဆုံး လိဂ်ရှုံးပွဲနဲ့ စတင် ရင်ဆိုင်ခဲ့ ရပါပြီ။
ဒီပွဲစဉ်မှာတော့ဂျူဗင်တပ်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမား ရော်နယ်ဒိုကို အရန်လူစာရင်းမှာတောင် ထားရှိခဲ့ခြင်းမရှိတာ တွေ့ရပါတယ်။
ဒီပွဲပြီးရင် နိုင်ငံတကာ ခြေစမ်းပွဲတွေနဲ့ ၂၀၂၀ ယူရို ခြေစစ်ပွဲတွေ ကစားဖို့ ရှိလို့ ကလပ်အသင်းပွဲစဉ်တွေကို အနားပေးတော့မှာလည်း ဖြစ်ပါတယ်။
ရော်နယ်ဒို ကိုယ်တိုင်ကလည်း ပေါ်တူဂီအသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပထမဆုံး အကြိမ် သွားရောက်ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။
အခုလို ရော်နယ်ဒိုမပါတာကတော့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တုန်းက အက်သလက်တီကိုမက်ဒရစ်အသင်း ဖက်ကို ၃ ဂိုးသွင်းပြီး ကွာတားတက်စေခဲ့တာကြောင့် ပွဲပန်းမှုဒဏ် လျော့ချပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ခေါ်ဆောင်လာခဲ့ခြင်း မရှိတာလို့ ဂျူဗင်တပ်နည်းပြ အယ်လီဂရီနီက ပြေထားတယ်လို့ Daily Mail ကဖော်ပြထားပါတယ်။
ရော်နယ်ဒို မပါလာတာကြောင့် ဂျူဗင်တပ်နဲ့ ဂျီနိုအာ ပရိသတ်တွေက ဝယ်ပြီးသား လက်မှတ်တွေကို ပြန်အမ်းပေးဖို့ တောင်းဆိုမှုတွေရှိခဲ့တယ်လု့ိလည်း Daily Mail ကဆက်လက်ဖော်ပြထားပါတယ်။
ဂျူဗင်တပ်အသင်းကတော့ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်ကို တက်ရောက်ထားနိုင်ပြီ ဖြစ်ပြီး အေဂျက်အသင်းနဲ့ တွေ့ဆုံနေပါတယ်။
လာမယ့် စီးရီးအေ ပွဲစဉ်ကိုတော့ အမ်ပိုလီအသင်းနဲ့ မတ်လ ၃၀ ရက်နေ့ကျမှသာ တွေ့ဆုံ ကစားမှာဖြစ်ပြီး အဲ့နောက် ကယ်ဂလီယာရီ၊အေစီမီလန်တို့နဲ့ ဆက်တိုက်ကစားပြီးရင် အေဂျက်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပထမအကျော့ကို ကစားရမှာပါ။
ဂျီနိုအာကို မရှုံးနိမ့်ခင်က ဂျူဗင်တပ်အသင်းအနေနဲ့ ၂၄ ပွဲနိုင် ၃ ပွဲသရေကျထားတာ ဖြစ်ပြီး ဒုတိယနေရာက နာပိုလီကို ၁၈ မှတ်အထိ အမှတ်ဖြတ်ထားနိုင်လို့ ၈ နှစ်ဆက် လိဂ်ချန်ပီယံဖြစ်ရေး အားသာနေတာ ဖြစ်ပါတယ်။
credit
credit
Post a Comment