Header Ads





Unicode သမားများအောက်ဆွဲဖတ်ပေးပါ။






(Unicode)



နေမာထက်အမ်ဘာပေးကိုသာ အသင်းမှာကြိုဆိုသွားမယ်ဆိုတဲ့ရီးရဲလ်နည်းပြဇီဒန်း

နေမာဟာနှစ်အတော်ကြာအောင်ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ်ကစားသမားဖြစ်နေခဲ့ပြီး အပြောင်းအရွှေ့ဖြစ်မြောက်နိုင်ချေရှိတယ်ဆိုတဲ့သတင်းတွေကလည်းထွက်ပေါ်နေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က SPORT ရဲ့ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘရာဇီးတိုက်စစ်မှူးကိုပေါင်သန်း၃၅၀အထိပေးပြီးခေါ်ယူမယ်လို့သတင်းထွက်ခဲ့သော်လည်း ဇီဒန်းတစ်ယောက်ပြန်လာချိန်မှာတော့ တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ပါတယ်။

စပိန်သတင်းစာ AS ရဲ့ဖော်ပြချက်အရ ဇီဒန်းဟာ ဘယ်တုန်းမှ ဘာစီလိုနာစတားဟောင်းကိုမခေါ်ယူချင်ကြောင်း ဆိုထားပြီး ဘာလို့မခေါ်ရတဲ့အကြောင်းများစွာလည်းရှိကြောင်းသိရပါတယ်။

ဇီဒန်းက နေမာကို ရီးရဲလ်တို့ခေါ်မယ်ဆိုရင် ငွေအများကြီးကုန်ကျမှာဖြစ်ကြောင်း၊နေမာအတွက် ပိုက်ဆံအများကြီးသုံးမှာထက် ကိုယ့်အတွက်ပဲမကစားပဲအသင်းအတွက်ကစားပေးတဲ့သူတွေကိုသာခေါ်ယူသင့်တယ်လို့ထင်မြင်နေတာပဲဖြစ်ပါတယ်။ဒါ့ကြောင့်ခြေစွမ်းလည်း နေမာထက်ပိုကောင်းပြီးအသက်ငယ်သလို အသင်းအတွက်ကြိုးစားကစားတဲ့ အမ်ဘာပေးကိုသာ ဇီဒန်းတစ်ယောက်အလိုရှိနေတာပဲဖြစ်ပါတယ်

အသက်၂၇ နှစ်အရွယ်နေမာ ဟာ အခုလက်ရှိမှာတော့ ဘရာဇီးနျုင်ငံအသင်းအတွက်သွားရောက်ကစားပေးဖို့ရှိနေပြီး ရီးရဲလ်တို့ဇီဒန်းနည်းပြဖြစ်ပြီးနောက် ယူနိုက်တက်နဲ့ ဂျူဗင်တို့ရဲ့ ပစ်မှတ်ဖြစ်တဲ့ အသက်၂၁နှစ်အရွယ်ပေါ်တိုနောက်ခံလူ မီလတ်တီအို ကို ယူရိုသန်း၅ဝဖြင့်ခေါ်ယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

No comments

Powered by Blogger.