ဒီမာရီယာကိုပယ္နယ္တီေပးကန္ဖို ့ျငင္းဆိုခဲ့ၿပီး ကိုယ္တိုင္ကန္သြင္းယူရာလြဲေခ်ာ္ခဲ့တဲ့အမ္ဘာေပး
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အမ္ဘာေပးဟာ မာေဆးအသင္းနဲ ့ပြဲမွာဟတ္ထရစ္လိုခ်င္ေနတဲ့ PSG အသင္းေဖာ္ဒီမာရီယာကို ပယ္နယ္တီေပးကန္ခဲ့ဖို ့ျငင္းပယ္ခဲ့ၿပီး သူကိုယ္တိုင္ကန္သြင္းရာလြဲေခ်ာ္မႈနဲ ့အဆံုးသတ္ခဲ့ပါတယ္။
Mbappe refusing to give Di Maria the penalty who was on a hattrick, just for him to miss it lol I prefer not to speak pic.twitter.com/7lYWX6AKKd— Sue (@suesaura) March 17, 2019
ဒီမာရီယာရဲ ့လွလွပပကစားခဲ့မႈကေန ရရိွလာခဲ့တဲ့ ေဘာလံုးကို အမ္ဘာေပးက အဆံုးသတ္ခဲ့ၿပီး အဖြင့္ဂိုးရယူနိုင္ခဲ့ပါတယ္။ဒီမာရီယာ ကဒုတိယပိုင္းအစပိုင္းမွာ သြင္းဂိုး၁လံုူသြင္းယူေပးခဲ့ၿပီး ေနာက္ထပ္ ၁၀မိနစ္အၾကာမွာ ကိုက္၃၀ ဖရီးကစ္ကေန သြင္းယူနိုင္ခဲ့ပါေသးတယ္။ပြဲၿပီးခါနီးအခ်ိန္မွာေတာ့ အမ္ဘာေပးေၾကာင့္ရတဲ့ ပယ္နယ္တီကို ဒီမာရီယာက သူ ဟတ္ထရစ္ရယူဖို ့ေတာင္းဆိုခဲ့ေသာ္လည္း ျပင္သစ္သားက တစ္ကိုယ္ေကာင္းဆန္စြာယူကန္ခဲ့ၿပီး ဒီမာရီယာကို စိတ္ပ်က္သြားေစခဲ့ပါတယ္။အမ္ဘာေပးရဲ ့ကန္သြင္းခ်က္ကို မာေဆးဂိုးသမား ရိုဟန္ပီလီက ပုတ္ထုတ္နိုင္ခဲ့ၿပီး ဒီမာရီယာကိုေရာ အမ္ဘာေပးတို ့ကို ပါစိတ္ဒုကၡေပးေစခဲ့ပါတယ္။
Mbappe refuses to give the pen to Di Maria and then he misses it....🤐 pic.twitter.com/00m40wPRHv— Messy (@funnligue) March 17, 2019
ဒါဟာ PSG အသင္းရဲ ့ပယ္နယ္တီလုပြဲသမိုင္းမွာ ပထမဆံုးအၾကိမ္မဟုတ္ပါဘူး။ၿပီးခဲ့တဲ့ရာသီကလည္း ေနမာနဲ ့ကာဗာနီတို ့ပယ္နယ္တီလုကန္ဖို ့ကိစၥနဲ ့ပတ္သတ္ၿပီး၂ေယာက္ၾကားအခ်င္းမ်ားခဲ့ၾကပါေသးတယ္။အမ္ဘာေပးဘက္က ၾကည့္မယ္ဆိုရင္လည္း သူဟာဒီရာသီမွာဂိုးသြင္းဘုရင္ျဖစ္ဖို ့အေတာ္ေလးၾကိဳးစားေနတာျဖစ္သလို အခုရာသီမွာ လိပ္ဂိုး၂၆ဂိုးသြင္းၿပီးဇယားထိပ္မွာဦးေဆာင္ထားနိုင္တဲ့သူလည္းျဖစ္ပါတယ္။
(Unicode)
ဒီမာရီယာကိုပယ်နယ်တီပေးကန်ဖို့ငြင်းဆိုခဲ့ပြီး ကိုယ်တိုင်ကန်သွင်းယူရာလွဲချော်ခဲ့တဲ့အမ်ဘာပေး
အမ်ဘာပေးဟာ မာဆေးအသင်းနဲ့ပွဲမှာဟတ်ထရစ်လိုချင်နေတဲ့ PSG အသင်းဖော်ဒီမာရီယာကို ပယ်နယ်တီပေးကန်ခဲ့ဖို့ငြင်းပယ်ခဲ့ပြီး သူကိုယ်တိုင်ကန်သွင်းရာလွဲချော်မှုနဲ့အဆုံးသတ်ခဲ့ပါတယ်။
ဒီမာရီယာရဲ့လှလှပပကစားခဲ့မှုကနေ ရရှိလာခဲ့တဲ့ ဘောလုံးကို အမ်ဘာပေးက အဆုံးသတ်ခဲ့ပြီး အဖွင့်ဂိုးရယူနိုင်ခဲ့ပါတယ်။ဒီမာရီယာ ကဒုတိယပိုင်းအစပိုင်းမှာ သွင်းဂိုး၁လုံူသွင်းယူပေးခဲ့ပြီး နောက်ထပ် ၁၀မိနစ်အကြာမှာ ကိုက်၃၀ ဖရီးကစ်ကနေ သွင်းယူနိုင်ခဲ့ပါသေးတယ်။ပွဲပြီးခါနီးအချိန်မှာတော့ အမ်ဘာပေးကြောင့်ရတဲ့ ပယ်နယ်တီကို ဒီမာရီယာက သူ ဟတ်ထရစ်ရယူဖို့တောင်းဆိုခဲ့သော်လည်း ပြင်သစ်သားက တစ်ကိုယ်ကောင်းဆန်စွာယူကန်ခဲ့ပြီး ဒီမာရီယာကို စိတ်ပျက်သွားစေခဲ့ပါတယ်။အမ်ဘာပေးရဲ့ကန်သွင်းချက်ကို မာဆေးဂိုးသမား ရိုဟန်ပီလီက ပုတ်ထုတ်နိုင်ခဲ့ပြီး ဒီမာရီယာကိုရော အမ်ဘာပေးတို့ကို ပါစိတ်ဒုက္ခပေးစေခဲ့ပါတယ်။
ဒါဟာ PSG အသင်းရဲ့ပယ်နယ်တီလုပွဲသမိုင်းမှာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ပြီးခဲ့တဲ့ရာသီကလည်း နေမာနဲ့ကာဗာနီတို့ပယ်နယ်တီလုကန်ဖို့ကိစ္စနဲ့ပတ်သတ်ပြီး၂ယောက်ကြားအချင်းများခဲ့ကြပါသေးတယ်။အမ်ဘာပေးဘက်က ကြည့်မယ်ဆိုရင်လည်း သူဟာဒီရာသီမှာဂိုးသွင်းဘုရင်ဖြစ်ဖို့အတော်လေးကြိုးစားနေတာဖြစ်သလို အခုရာသီမှာ လိပ်ဂိုး၂၆ဂိုးသွင်းပြီးဇယားထိပ်မှာဦးဆောင်ထားနိုင်တဲ့သူလည်းဖြစ်ပါတယ်။
Post a Comment