စတာလင္ဟာ ေနမာထက္ပိုေကာင္းပါတယ္ဆိုတဲ့ကေနဒီ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
စတာလင္ဟာ ဂြါဒီယိုလာလက္ေအာက္မွာ တဟုန္ထိုး ထြန္းေတာက္ေနျပီး အေကာင္းဆံုးေျခစြမ္းေတြပိုင္ဆိုင္လာပါတယ္။ကေနဒီကေတာ့ အဂၤလန္ေတာင္ပံကစားသမားဟာ ဘယ္အသင္းမွာဆို ပံုမွန္ပြဲထြက္ခြင့္ရနိုင္ေျကာင္းဆိုလာပါတယ္။
ေနမာ,ဘာေပတို႔ရွိတဲ့ PSGေတာင္ပံမွာေတာင္ စတာလင္ေနရာမေပ်ာက္နိုင္ဘူူးလို႔ယံုျကည္ေနတာပါ။ခ်ယ္ဆီးတိုက္စစ္မွဴးေဟာင္းကေနဒီက''က်ေနာ္ေနမာကိုမျကိုက္ဖူး။သူကလိုတာထက္ပိုျပီးေက်ာ္ျကားေနတာပါ။က်ေနာ္သာေရြးရမယ္ဆိုရင္ ပံုမွန္ပြဲထြက္ခြင့္အတြက္ ေနမာကိုေက်ာ္ျပီး စတာလင္ကိုေနရာေပးမွာပါ။ဘာလို႔လဲဆိုေတာ့ စတာလင္ကေနရာစံုေရြ႕လ်ားကစားနိုင္ျပီး အသင္းကိုပိုအက်ိဳးျပဳေစမွာပါ။သူတို႔နွစ္ေယာက္တစ္သင္းထဲကစားရရင္ ေနမာကေတာင္ ေနရာရဖို႔ရုန္းကန္သြားရနိုင္ပါတယ္။ေနမာကိုမေကာင္းဘူးေျပာတာမဟုတ္ပါဘူး။အခုခ်ိန္မွာ သူတို႕နွစ္ေယာက္ထဲကတစ္ေယာက္ေရြးဆိုရင္ စတာလင္ကို က်ေနာ္ပိုနွစ္သက္ပါတယ္။''လို႔ဆိုခဲ့တာပါ။
စတာလင္ဟာျပီးခဲ့တဲ့အပတ္ကပဲဝက္ဖိုဒ္႔နဲ႔ပြဲမွာ စီးတီးအတြက္ဟက္ထရစ္သြင္းခဲ့ပါေသးတယ္။ဒါ့အျပင္ ဒီရာသီအတြက္PFAဆု ဆန္ကာတင္စားရင္မွာလည္း စတာလင္ပါဝင္လာပါတယ္။သူတိုးတက္ေနတာေတာ့အေသအခ်ာပါပဲ။ဒါေပမယ့္ ေနမာထက္ပိုေကာင္းတယ္ဆိုတာေတာ့ ကိုယ့္လူတို႔ေရာသေဘာတူနိုင္ပါ့မလား။
(Unicode)
စတာလင်ဟာ နေမာထက်ပိုကောင်းပါတယ်ဆိုတဲ့ကနေဒီ
စတာလင်ဟာ ဂွါဒီယိုလာလက်အောက်မှာ တဟုန်ထိုး ထွန်းတောက်နေပြီး အကောင်းဆုံးခြေစွမ်းတွေပိုင်ဆိုင်လာပါတယ်။ကနေဒီကတော့ အင်္ဂလန်တောင်ပံကစားသမားဟာ ဘယ်အသင်းမှာဆို ပုံမှန်ပွဲထွက်ခွင့်ရနိုင်ကြောင်းဆိုလာပါတယ်။
နေမာ,ဘာပေတို့ရှိတဲ့ PSGတောင်ပံမှာတောင် စတာလင်နေရာမပျောက်နိုင်ဘူူးလို့ယုံကြည်နေတာပါ။ချယ်ဆီးတိုက်စစ်မှူးဟောင်းကနေဒီက''ကျနော်နေမာကိုမကြိုက်ဖူး။သူကလိုတာထက်ပိုပြီးကျော်ကြားနေတာပါ။ကျနော်သာရွေးရမယ်ဆိုရင် ပုံမှန်ပွဲထွက်ခွင့်အတွက် နေမာကိုကျော်ပြီး စတာလင်ကိုနေရာပေးမှာပါ။ဘာလို့လဲဆိုတော့ စတာလင်ကနေရာစုံရွေ့လျားကစားနိုင်ပြီး အသင်းကိုပိုအကျိုးပြုစေမှာပါ။သူတို့နှစ်ယောက်တစ်သင်းထဲကစားရရင် နေမာကတောင် နေရာရဖို့ရုန်းကန်သွားရနိုင်ပါတယ်။နေမာကိုမကောင်းဘူးပြောတာမဟုတ်ပါဘူး။အခုချိန်မှာ သူတို့နှစ်ယောက်ထဲကတစ်ယောက်ရွေးဆိုရင် စတာလင်ကို ကျနော်ပိုနှစ်သက်ပါတယ်။''လို့ဆိုခဲ့တာပါ။
စတာလင်ဟာပြီးခဲ့တဲ့အပတ်ကပဲဝက်ဖိုဒ့်နဲ့ပွဲမှာ စီးတီးအတွက်ဟက်ထရစ်သွင်းခဲ့ပါသေးတယ်။ဒါ့အပြင် ဒီရာသီအတွက်PFAဆု ဆန်ကာတင်စားရင်မှာလည်း စတာလင်ပါဝင်လာပါတယ်။သူတိုးတက်နေတာတော့အသေအချာပါပဲ။ဒါပေမယ့် နေမာထက်ပိုကောင်းတယ်ဆိုတာတော့ ကိုယ့်လူတို့ရောသဘောတူနိုင်ပါ့မလား။
Post a Comment