Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
— UEFA Champions League (@ChampionsLeague) March 15, 2019
(Unicode)
ဒီရာသီချန်ပီယံလိပ်ဖလားကိုမန်စီးတီးတို့ဘာလို့ရနိုင်ချေများနေရတာလဲ?
မန်စီးတီးအသင်းဟာယခုနှစ်ချန်ပီယံလိဂ်ဖလားကိုသိမ်းပိုက်နိုင်မည့်အသင်းတွေထဲမှာထိပ်ဆုံးကပြေးနေပါတယ်၊
ဒီသတင်းကို 538ဝက်ဘ်ဆိုဒ်ရဲ့ဖော်ပြချက်ကိုကိုးကားထားခြင်းဖြစ်ပါတယ်။အဆိုပါဝက်ဘ်ဆိုဒ်က လက်ရှိကွားတားဖိုင်နယ်ကိုရောက်ရှိနေတဲ့အသင်း၈သင်းထဲမှဘယ်အသင်းကဆုဖလားကိုသိမ်းပိုကိနိုငိမလဲဆိုတာကို ခန်မှန်းသုံးသပ်ရာတွင် အသင်းတိုင်းစီရဲ့ တိုက်စစ်အား ခံစစ်လုံခြုံမှု နှင့်ပွဲစဉ်တိုင်းမှာဂိုးသွင်းနှုန်းတို့အပေါ်မူတည်၍ ဆုံးဖြတ်သုံးသပ်ခြင်းဖြစ်ပါတယ်။
ပက်ဂွာဒီယိုလာရဲ့မန်စီးတီးအသင်းကတော့ အားလုံးခြုံငုံသုံးသပ်ပြီးနောက် သတ်မှတ်ချက်အဆင့် ၉၄.၇အထိရရှိခဲ့ပါတယ်။ဆီးမီးဖိုင်နယ်ရောက်ရှိဖို့ ၈၀ရာခိုင်နှုန်းသေချာပြီး ဖိုင်နယ်ရောက်ရှိဖို့ ၅၈ရာခိုင်နှုန်းသေချာနေပြီး ဖလားရရှိမှုခန့်မှန်းချက်မှာတော့ ၃၄ရာခိုင်နှုန်း အထိရှိခဲ့ပါတယ်။
မန်စီးတီးအသင်းရဲ့နောက်မှာတော့တခြားကလပ်အသင်းတွေမဟုတ်ဘဲ ပရီးမီးယားလိဂ်ဖလားလုဖက်ကြီး လီဗာပူးလ်အသင်းက ၉၃.၁ရာခိုငိနှုန်းနှင့်နောက်မှာရပ်တည်နေပါတယ်။ဂျာဂန်ကလော့ရဲ့လီဗာပူးလ်အသင်းကတော့ ဆီးမီးဖိုင်နယ်တက်ရောက်နိုင်မည့်လို့ထင်ကြေးပေးခံရတဲ့နှုန်း၈၅ရာခိုင်နှုန်းအထိရှိကာအ မြင့်ဆုံးဖြစ်ပါတယ်။
ဖိုင်နယ်ရောက်နိုင်မည့်ဟုထင်ကြေးပေးခံရနှုန်းက ၄၇ရာခိုင်းနှုန်းဖြစ်ပါတယ်။သို့သော်လည်းပဲလီဗာပူးလ်အသင်းချန်ပီယံဖြစ်ဖို့ရာခိုင်နှုန်းက ၂၅ရာခိုင်နှုန်းပဲရှိတယ်လို့ 538ဝဘ်ဆိုက်ဒ်ကဆိုပါတယ်။သူတို့ရဲ့နောက်မှာတော့ တတိယ ဘာစီလိုနာ စတုတ္ထ ဂျူဗင်တပ် ပဉ္စမ အေဂျက်စ်တို့ပဲဖြစ်ကြပါတယ်။
ပရီးမီးယားလိဂ် လေးသင်းစလုံးဟာကွာတားဖိုင်နယ်ကိုအကုန်လုံးတက်ရောက်နိုင်ခဲ့ပေမယ့် သူတို့ရဲ့ပြိုင်ဖက်တွေကိုကျော်ဖြတ်ဖို့ဆိုတာလွယ်ကူတဲ့ပြိုင်ပွဲတွေတော့မဟုတ်ပါဘူး။
"အကယ်၍ မန်စီးတီး ယူနိုက်တက် စပါး လီဗာပူးလ်အသင်းတို့အနေနဲ့ချန်ပီယံဆုကိုမျှော်မှန်းထားရင်တော့ဆုတောင်းရလိမ့်မယ်။သူတို့က မက်ဆီရယ် ရိုနယ်လ်ဒို ရယ်နှစ်ဦးစလုံးကိုကျော်ဖြတ်နိုင်မှသာနောက်တစ်ဆင့်တက်ရောက်နိုင်မှာပါ။ဒါကတကယ်ကိုကြောက်မက်ဖွယ်ရာကိစ္စတစ်ခုပါ"လို့ Terrence Doyleက 538ဝက်ဘ်ဆိုက်ပေါ်မှာရေးသားထားပါတယ်။
ချန်ပီယံလိဂ်မဲခွဲဆုံးဖြတ်မှုကို သောကြာနေ့ညနေကပြုလုပ်ခဲ့ပြီးမန်စီးတီးအသင်းကစပါးအသင်းနှင့်တွေ့ဆုံမည်ဖြစ်ပြီး လီဗာပူးလ်အသင်းကတော့ပေါ်တိုအသင်းနှငိ့ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။ယူနိုက်တက်အသင်းကတော့ ဘာစီလိုနာအသင်းနှင့်တွေ့ဆုံမည်ဖြစ်ပြီး ဂျူဗင်တပ် အသင်းကတော့ အေဂျက်စ်အသင်းနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။

Post a Comment