Header Ads


ေရွ ့တန္းတိုက္စစ္မွဴးေတြထက္ဂိုးသြင္းအားပိုမိုေကာင္းမြန္ေနတဲ့ရာမို ့စ္



အသက္ (၃၂)ႏွစ္အရြယ္ ရီးရဲလ္အသင္းေခါင္းေဆာင္ဟာ ျပိဳင္ပြဲစံုသြင္းဂိုး (၁၆)ဂိုး (၂၀၁၈-၁၉ ႏို္င္ငံအသင္းပြဲစဥ္မ်ားပါ ပါ၀င္)သြင္းယူထားျပီးေတာ့ လီဗာပူးလ္တိုက္စစ္မွဴး ဖာမီႏိုထက္ ()ဂိုး၊ ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴး ေပၚလိုဒီဘာလာထက္ ()ဂိုးအထိ ပိုမိုသြင္းယူထားႏိုင္ခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ နဲ႔ စပိန္အသင္းရဲ႕နာမည္ေက်ာ္ခံစစ္မွဴး ရာမို႔စ္ကေတာ့ လက္ရွိေဘာလံုးရာသီမွာ အားလံုးအံ့အားသင့္ေစေအာင္ စြမ္းေဆာင္ႏိုင္မႈတစ္ခုကို ျပဳလုပ္ထားႏိုင္ခဲ့ပါတယ္။ အျငင္းပြားခ်င္စရာ အေကာင္းဆံုးကစားသမားတစ္ဦးအျဖစ္ ရွိေနခဲ့တဲ့ ရာမို႔စ္ဟာ ခ်စ္သူ၊ ခင္သူ ေပါမ်ားတဲ့ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။


ခံစစ္ပိုင္းစြမ္းေဆာင္ရည္မွာ ထက္ျမက္သေလာက္ အျငင္းပြားစရာ လုပ္ရပ္ေတြကိုလည္း မၾကာခဏဆိုသလို လုပ္ျပတတ္တဲ့ ကစားသမားဆိုလည္း မမွားပါဘူး။ ဒါေပမယ့္ ဒီရာသီမွာေတာ့ ရာမို႔စ္ကို ခ်ီးက်ဴးရမယ့္ စြမ္းေဆာင္ရည္တစ္ခုက ရွိေနပါတယ္။ အဲဒါကေတာ့ ရာမို႔စ္ရဲ႕ ဒီရာသီ ျပိဳင္ပြဲစံုသြင္းဂိုးဟာ ထိပ္တန္းတိုက္စစ္မွဴးတခ်ိဳ႕ထက္ေတာင္ မ်ားျပားေနတယ္ဆိုတာပါပဲ။
အသက္ (၃၂)ႏွစ္အရြယ္ ရီးရဲလ္အသင္းေခါင္းေဆာင္ဟာ ျပိဳင္ပြဲစံုသြင္းဂိုး (၁၆)ဂိုး (၂၀၁၈-၁၉ ႏို္င္ငံအသင္းပြဲစဥ္မ်ားပါ ပါ၀င္)သြင္းယူထားျပီးေတာ့ လီဗာပူးလ္တိုက္စစ္မွဴး ဖာမီႏိုထက္ ()ဂိုး၊ ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴး ေပၚလိုဒီဘာလာထက္ ()ဂိုးအထိ ပိုမိုသြင္းယူထားႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ အျခားေသာ နာမည္ေက်ာ္တိုက္စစ္မွဴးေတြနဲ႔လည္း သူက ရင္ေဘာင္တန္းရပ္တည္ေနႏိုင္ခဲ့ပါေသးတယ္။
ထိပ္တန္းကစားသမားတခ်ိဳ႕ရဲ႕ သြင္းဂိုးေတြကို ၾကည့္မယ္ဆိုရင္ေတာ့ အခုလိုပဲ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။


အီကာဒီ - ၁၆ ဂိုး
ေဘးလ္ - ၁၆ ဂိုး
ဂ်က္ကို - ၁၅ ဂိုး
ရက္ရွ္ဖို႔ဒ္ - ၁၅ ဂိုး
ဗန္ပါစီ - ၁၄ ဂိုး
ဒမ္ဘီလီ -၁၄ ဂိုး
ေပါ့ဂ္ဘာ - ၁၄
ဒရိုင္းမာတင္စ္ - ၁၃ ဂိုးတို႔ ျဖစ္ပါတယ္။ ရာမို႔စ္ဟာ စပိန္အသင္း နဲ႔ ရီးရဲလ္မက္ဒရစ္တို႔မွာ ပယ္နယ္တီကန္သြင္းဖို႔အတြက္ တာ၀န္ယူထားလို႔လည္း သူ႔ရဲ႕ သြင္းဂိုးေတြက အခုလို မ်ားျပားေနခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အလြတ္တည္ကန္ေဘာေတြကတဆင့္ ေခါင္းတိုက္ဂိုးသြင္းယူရာမွာ ထူးခၽြန္တဲ့ ရာမို႔စ္ဟာ အဆိုပါအေနအထားကေနလည္း သြင္းဂိုးေတြ ရယူႏိုင္ခဲ့သူ ျဖစ္ပါတယ္။

ဒီအတြက္ေၾကာင့္လည္း ဂ်ဴဗင္တပ္စ္အသင္းရဲ႕ နာမည္ေက်ာ္ခံစစ္မွဴး ခ်ီလီနီက ရာမို႔စ္ကို ကမၻာ့အေကာင္းဆံုးခံစစ္မွဴးအျဖစ္ ခ်ီးက်ဴးေျပာဆိုမႈေတြကို ျပီးခဲ့တဲ့လအတြင္းက ျပဳလုပ္ခဲ့ပါေသးတယ္။ "ျပီးခဲ့တဲ့ႏွစ္ကတည္းက ကၽြန္ေတာ္ ေျပာခဲ့ျပီးသားပါ၊ အခုဆိုရင္ သူက ပယ္နယ္တီ ေတြကိုေတာင္ တာ၀န္ယူေပးေနပါျပီ၊ သူက ကမၻာ့အေကာင္းဆံုးခံစစ္မွဴးပါပဲ၊ ဒီဂုဏ္ျဒပ္နဲ႔လည္း ထိုက္တန္ပါတယ္" လို႔ ခ်ီလီနီက ေျပာခဲ့တယ္လို႔ Sportbible က ေဖာ္ျပခဲ့ပါတယ္။

(Unicode)

ရှေ့တန်းတိုက်စစ်မှူးတွေထက်ဂိုးသွင်းအားပိုမိုကောင်းမွန်နေတဲ့ရာမို့စ်

အသက် (၃၂)နှစ်အရွယ် ရီးရဲလ်အသင်းခေါင်းဆောင်ဟာ ပြိုင်ပွဲစုံသွင်းဂိုး (၁၆)ဂိုး (၂၀၁၈-၁၉ နိုင်ငံအသင်းပွဲစဉ်များပါ ပါဝင်)သွင်းယူထားပြီးတော့ လီဗာပူးလ်တိုက်စစ်မှူး ဖာမီနိုထက် (၂)ဂိုး၊ ဂျူဗင်တပ်စ်တိုက်စစ်မှူး ပေါ်လိုဒီဘာလာထက် (၆)ဂိုးအထိ ပိုမိုသွင်းယူထားနိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် နဲ့ စပိန်အသင်းရဲ့နာမည်ကျော်ခံစစ်မှူး ရာမို့စ်ကတော့ လက်ရှိဘောလုံးရာသီမှာ အားလုံးအံ့အားသင့်စေအောင် စွမ်းဆောင်နိုင်မှုတစ်ခုကို ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ အငြင်းပွားချင်စရာ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ရှိနေခဲ့တဲ့ ရာမို့စ်ဟာ ချစ်သူ၊ ခင်သူ ပေါများတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
ခံစစ်ပိုင်းစွမ်းဆောင်ရည်မှာ ထက်မြက်သလောက် အငြင်းပွားစရာ လုပ်ရပ်တွေကိုလည်း မကြာခဏဆိုသလို လုပ်ပြတတ်တဲ့ ကစားသမားဆိုလည်း မမှားပါဘူး။ ဒါပေမယ့် ဒီရာသီမှာတော့ ရာမို့စ်ကို ချီးကျူးရမယ့် စွမ်းဆောင်ရည်တစ်ခုက ရှိနေပါတယ်။ အဲဒါကတော့ ရာမို့စ်ရဲ့ ဒီရာသီ ပြိုင်ပွဲစုံသွင်းဂိုးဟာ ထိပ်တန်းတိုက်စစ်မှူးတချို့ထက်တောင် များပြားနေတယ်ဆိုတာပါပဲ။
အသက် (၃၂)နှစ်အရွယ် ရီးရဲလ်အသင်းခေါင်းဆောင်ဟာ ပြိုင်ပွဲစုံသွင်းဂိုး (၁၆)ဂိုး (၂၀၁၈-၁၉ နိုင်ငံအသင်းပွဲစဉ်များပါ ပါဝင်)သွင်းယူထားပြီးတော့ လီဗာပူးလ်တိုက်စစ်မှူး ဖာမီနိုထက် (၂)ဂိုး၊ ဂျူဗင်တပ်စ်တိုက်စစ်မှူး ပေါ်လိုဒီဘာလာထက် (၆)ဂိုးအထိ ပိုမိုသွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အခြားသော နာမည်ကျော်တိုက်စစ်မှူးတွေနဲ့လည်း သူက ရင်ဘောင်တန်းရပ်တည်နေနိုင်ခဲ့ပါသေးတယ်။
ထိပ်တန်းကစားသမားတချို့ရဲ့ သွင်းဂိုးတွေကို ကြည့်မယ်ဆိုရင်တော့ အခုလိုပဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အီကာဒီ - ၁၆ ဂိုး
ဘေးလ် - ၁၆ ဂိုး
ဂျက်ကို - ၁၅ ဂိုး
ရက်ရှ်ဖို့ဒ် - ၁၅ ဂိုး
ဗန်ပါစီ - ၁၄ ဂိုး
ဒမ်ဘီလီ -၁၄ ဂိုး
ပေါ့ဂ်ဘာ - ၁၄
ဒရိုင်းမာတင်စ် - ၁၃ ဂိုးတို့ ဖြစ်ပါတယ်။ ရာမို့စ်ဟာ စပိန်အသင်း နဲ့ ရီးရဲလ်မက်ဒရစ်တို့မှာ ပယ်နယ်တီကန်သွင်းဖို့အတွက် တာဝန်ယူထားလို့လည်း သူ့ရဲ့ သွင်းဂိုးတွေက အခုလို များပြားနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အလွတ်တည်ကန်ဘောတွေကတဆင့် ခေါင်းတိုက်ဂိုးသွင်းယူရာမှာ ထူးချွန်တဲ့ ရာမို့စ်ဟာ အဆိုပါအနေအထားကနေလည်း သွင်းဂိုးတွေ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။
ဒီအတွက်ကြောင့်လည်း ဂျူဗင်တပ်စ်အသင်းရဲ့ နာမည်ကျော်ခံစစ်မှူး ချီလီနီက ရာမို့စ်ကို ကမ္ဘာ့အကောင်းဆုံးခံစစ်မှူးအဖြစ် ချီးကျူးပြောဆိုမှုတွေကို ပြီးခဲ့တဲ့လအတွင်းက ပြုလုပ်ခဲ့ပါသေးတယ်။ "ပြီးခဲ့တဲ့နှစ်ကတည်းက ကျွန်တော် ပြောခဲ့ပြီးသားပါ၊ အခုဆိုရင် သူက ပယ်နယ်တီ တွေကိုတောင် တာဝန်ယူပေးနေပါပြီ၊ သူက ကမ္ဘာ့အကောင်းဆုံးခံစစ်မှူးပါပဲ၊ ဒီဂုဏ်ဒြပ်နဲ့လည်း ထိုက်တန်ပါတယ်" လို့ ချီလီနီက ပြောခဲ့တယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။

No comments

Powered by Blogger.