Header Ads


အေကာင္းဆံုးအားကစားသမား၊ေနာက္ခံလူအျဖစ္သမွတ္ျခင္းခံရတဲ့ဆာဂ်ီယိုရာမို ့စ္




ရီးရဲလ္မက္ဒရစ္ အသင္းေနာက္ခံလူ ဆာဂ်ီ႐ို ရာမို႔စ္ဟာ ေဘာလံုးေလာက မွာၿပိဳင္စံ႐ွားနာမည္ေက်ာ္ၾကားတဲ့သူျဖစ္ၿပီး ပြဲခ်ိန္ထဲမွာ သူရဲ႕မာေက်ာလွတဲ့စိတ္ဓာတ္ ေခါင္းမာမႈေတြက ၿပိဳင္ဖက္အသင္းရဲ့ နည္းစနစ္ေတြစည္းကမ္းေတြကိုတစ္ခ်ိန္တည္းတစ္ၿပိဳက္နက္တည္းမွာ႐ိုက္ခ်ိဳးဟန္႔တားႏိုင္သူလည္းျဖစ္ပါတယ္။



သူဟာရီးရဲလ္မက္ဒရစ္အသင္းရဲ႕အသင္းေခါင္းေဆာင္တစ္ဦးလည္းျဖစ္ပါတယ္။သူရဲ႕သမိုင္းအတိတ္ကေတာ့နည္းနည္းေလးငေမႊထိုးဆန္ခဲ့ၿပီးကစားသမားမပီသတဲ့လုပ္ရက္အခ်ိဳ႕လည္း႐ွိခဲ့ပါတယ္။အထူးသျဖင့္ခ်န္ပီယံလိဂ္ဖိုင္နယ္မွာလီဗာပူးလ္အသင္းႏွင့္ေတြ႔ဆံုစဥ္မွာ လီဗာပူးလ္အသင္းတိုက္စစ္မႈးဆာလာကိုခ်ဳပ္ၿပီးေျမျပင္ေပၚဆြဲလွဲခဲ့တာကအေတာ္ကိုဆိုးရြားတဲ့အျဖစ္အပ်က္ျဖစ္ၿပီးဆာလာကိုယ္တိုင္ပခံုးဒဏ္ရာရ႐ွိခဲ့ကာအေတာ္အတန္အၾကာဂ႐ုစိုက္ခဲ့ရပါတယ္။



မည္သို႔ပင္ဆိုေစကာမူ ေနာ္ေဝအသင္းႏွင့္ဘုန္းေမာက္အသင္းကစားသမား ဂ်ိဳ႐ွဲကင္းကေတာ့ ရာမို႔စ့္ဟာထိပ္တန္းေနာက္ခံလူကစားသမားတစ္ေယာက္ပါလို႔ခ်ီးက်ဴးစကားဆိုလိုက္ပါတယ္။

"ၾကည့္ရတာ ကင္းနဲ႔ရာမို႔စ္ ပြဲၿပီးေတာ့သူူငယ္ခ်င္းျဖစ္သြားတယ္ထင္တယ္"

ကင္းက ရာမို႔စ္ႏွင့္ထိပ္တိုက္ေတြ႔ဆံုမႈကေတာ့ျဖင့္ စေနေန႔ကယွဥ္ၿပိဳင္ကစားခဲ့တဲ့ဥေရာပဖလားဝင္ခြင့္ေျခစစ္ပြဲတြင္ျဖစ္ပါတယ္။သူတို႔ႏွစ္ဦးက ဧရိယာစက္ဝိုင္းအထဲမွာအႀကိမ္ႀကိမ္ေတြ႔ဆံုခဲ့ျပ္ိးေနာက္ကင္းကိုယ္တိုင္ခ်ီးက်ဴးစကားေျပာၾကားခဲ့ပါတယ္။



"ရာမို႔စ္ကညစ္ပတ္ၿပီးမာေက်ာတဲ့လူလို႔နာမည္ေက်ာ္ၾကားေပမယ့္ကြၽန္ေတာ္ေတြ႔ဆံုခဲ့ဖူးတဲ့ေနာက္ခံလူေတာ္ေတာ္မ်ားမ်ားထဲမွာရာမို႔စ္လိုေနာက္ခံလူအခုထိမျမင္ဖူးေသးဘူးဗ်။ကြၽန္ေတာ္အထင္ေျပာရရင္သူဟာ ကမၻာအေကာင္းဆံုးေနာက္ခံလူတစ္ေယာက္လို႔ဆိုႏိုငိၿပီးတကယ္ကိုအားကစားစိတ္ဓာတ္အျပည့္႐ွိတဲ့သူပါ"

စပိန္ကအသင္းကေတာ့လြြယ္လြယ္ကူကူသံုးမွတ္ရယူႏိုင္ခဲ့ၿပီးေနာက္အုပ္စုၾကားမွာမ်က္ႏွားပန္းလွေစခဲ့ပါတယ္။

(Unicode)

အကောင်းအားကစားသမား၊နောက်ခံလူအဖြစ်သမှတ်ခြင်းခံရတဲ့ဆာဂျီယိုရာမို့စ်


ရီးရဲလ်မက်ဒရစ် အသင်းနောက်ခံလူ ဆာဂျီရို ရာမို့စ်ဟာ ဘောလုံးလောက မှာပြိုင်စံရှားနာမည်ကျော်ကြားတဲ့သူဖြစ်ပြီး ပွဲချိန်ထဲမှာ သူရဲ့မာကျောလှတဲ့စိတ်ဓာတ် ခေါင်းမာမှုတွေက ပြိုင်ဖက်အသင်းရဲ့ နည်းစနစ်တွေစည်းကမ်းတွေကိုတစ်ချိန်တည်းတစ်ပြိုက်နက်တည်းမှာရိုက်ချိုးဟန့်တားနိုင်သူလည်းဖြစ်ပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်အသင်းရဲ့အသင်းခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။သူရဲ့သမိုင်းအတိတ်ကတော့နည်းနည်းလေးငမွှေထိုးဆန်ခဲ့ပြီးကစားသမားမပီသတဲ့လုပ်ရက်အချို့လည်းရှိခဲ့ပါတယ်။အထူးသဖြင့်ချန်ပီယံလိဂ်ဖိုင်နယ်မှာလီဗာပူးလ်အသင်းနှင့်တွေ့ဆုံစဉ်မှာ လီဗာပူးလ်အသင်းတိုက်စစ်မှုးဆာလာကိုချုပ်ပြီးမြေပြင်ပေါ်ဆွဲလှဲခဲ့တာကအတော်ကိုဆိုးရွားတဲ့အဖြစ်အပျက်ဖြစ်ပြီးဆာလာကိုယ်တိုင်ပခုံးဒဏ်ရာရရှိခဲ့ကာအတော်အတန်အကြာဂရုစိုက်ခဲ့ရပါတယ်။

မည်သို့ပင်ဆိုစေကာမူ နော်ဝေအသင်းနှင့်ဘုန်းမောက်အသင်းကစားသမား ဂျိုရှဲကင်းကတော့ ရာမို့စ့်ဟာထိပ်တန်းနောက်ခံလူကစားသမားတစ်ယောက်ပါလို့ချီးကျူးစကားဆိုလိုက်ပါတယ်။

"ကြည့်ရတာ ကင်းနဲ့ရာမို့စ် ပွဲပြီးတော့သူူငယ်ချင်းဖြစ်သွားတယ်ထင်တယ်"

ကင်းက ရာမို့စ်နှင့်ထိပ်တိုက်တွေ့ဆုံမှုကတော့ဖြင့် စနေနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ဥရောပဖလားဝင်ခွင့်ခြေစစ်ပွဲတွင်ဖြစ်ပါတယ်။သူတို့နှစ်ဦးက ဧရိယာစက်ဝိုင်းအထဲမှာအကြိမ်ကြိမ်တွေ့ဆုံခဲ့ြပိးနောက်ကင်းကိုယ်တိုင်ချီးကျူးစကားပြောကြားခဲ့ပါတယ်။

"ရာမို့စ်ကညစ်ပတ်ပြီးမာကျောတဲ့လူလို့နာမည်ကျော်ကြားပေမယ့်ကျွန်တော်တွေ့ဆုံခဲ့ဖူးတဲ့နောက်ခံလူတော်တော်များများထဲမှာရာမို့စ်လိုနောက်ခံလူအခုထိမမြင်ဖူးသေးဘူးဗျ။ကျွန်တော်အထင်ပြောရရင်သူဟာ ကမ္ဘာအကောင်းဆုံးနောက်ခံလူတစ်ယောက်လို့ဆိုနိုငိပြီးတကယ်ကိုအားကစားစိတ်ဓာတ်အပြည့်ရှိတဲ့သူပါ"

စပိန်ကအသင်းကတော့လွယ်လွယ်ကူကူသုံးမှတ်ရယူနိုင်ခဲ့ပြီးနောက်အုပ်စုကြားမှာမျက်နှားပန်းလှစေခဲ့ပါတယ်။

No comments

Powered by Blogger.