ဆာလာဟာ တစ္ကိုယ္ေကာင္းဆန္ၿပီးေလာဘၾကီးတဲ့လူတစ္ေယာက္လို ့ကာေရဂါေ၀ဖန္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန ့က ဖူလ္ဟမ္အသင္းကို ၂-၁ ျဖင့္ကပ္နိုင္ခဲံပါတယ္။ဆာဒီယိုမာေနးက ဒုတိယပိုင္းမွာအဖြင့္ဂိုးကိုသြင္းယူေပးခဲ့ၿပီးေနာက္ ေနာက္ထပ္၁၅မိနစ္အၾကာမွာ ရိုင္ယန္ဘာဘယ္က ေခ်ပဂိုးသြင္းယူေပးခဲ့ၿပီး ၾကိဳးၾကာနီတို ့သေရ၁မွတ္နဲ ့သာေက်နပ္ရဖို ့အလြန္နီးစပ္ေနခဲ့ပါတယ္။ဂ်ာဂန္ကေလာ့ရဲ ့အသင္းဟာ မန္စီးတီးနဲ ့ဖလားလုဖို ့အေတာ္ေလးၾကိဳးစားေနရတာေၾကာင့္ေနာက္ထပ္အမွတ္ေတြဆံုးရံႈးနိုင္ဖို ့အေရးမွေရွာင္ရွားနိုင္ေအာင္လုပ္ေနရတာျဖစ္ၿပီး ဂ်ိမ္းစ္မီနာရဲ ့ေနာက္က်ပယ္နယ္တီဂိုးေၾကာင့္သာသူတို ့အသက္ရႈေခ်ာင္သြားခဲ့ရပါတယ္။
တန္းဆင္းဇုန္နားကေနရုန္းကန္ၿပီးကစားေနရတဲ့ၿပိဳင္ဘက္အသင္းနဲ ့ေတြရင္ေတာ့ အသင္းတိုင္းလိုလို ပံုမွန္ေျခစြမ္းျပဖို ့ရုန္းကန္ရတာဟာ ဓမၼတာျဖစ္ပါတယ္။ဒါပင္မယ့္လည္း အနိုင္ကေတာ့ အနိုင္ပါပဲ။ၿပီးေတာ့ လီဗာပူးတို ့ပရီးမီးယားလိပ္ဇယားထိပ္ကိုေရာက္သြားတာပဲမလား?
၂၀၁၇ မွာ အန္ဖီးလ္ကို ေျခခ်ၿပီးၾကယ္ပြင့္ျဖစ္လာတဲ့ ဆာလာအတြက္ေတာ့ ေနာက္ထပ္စိတ္ပ်က္စရာတနဂၤေႏြေန ့ပြဲျဖစ္လာေစခဲ့ပါတယ္။သူဟာ အဆိုပြဲမွာ အသင္းအေပၚအက်ိဳးသက္ေရာက္မႈအေတာ္ေလးနည္းပါးခဲ့တာကိုေတြ ့ရပါတယ္။ၿပီးခဲ့တဲ့ေဖေဖၚ၀ါရီလအေစာပိုင္းထဲက သူဟာဂိုးသြင္းယူနိုင္ျခင္းမရိွခဲ့ပါဘူး။သူဟာ ၿပိဳင္ပြဲစံု၇ပြဲမွာ သြင္းဂိုးမသြင္းနိုင္တဲ့သူျဖစ္လာခဲ့ပါတယ္။
ဂ်မီးကာေရဂါရဲ ့အဆိုအရေတာ့ ဆာလာရဲ ့ဒီရာသီအက်ိဳးမျပဳနိုင္တဲ့ စြမ္းေဆာင္ရည္ဟာၿပီးခဲ့တဲ့ရာသီကေျခစြမ္းျပခဲ့တဲ့ ေရာင္ျပန္ေလာက္ေတာင္မရိွပါဘူး။သူ ့ရဲ ့ပံုစံေကာင္းကိုျပန္ရဖို ့ပြဲၾကီးေတြမွာ အလွည့္အေျပာင္းလုပ္ရမယ္လို ့ဆိုထားပါတယ္။လီဗာပူးလ္တို ့ရဲ ့ဂႏၱ၀င္ကစားသမားက ဆာလာဟာ ၿပီးခဲ့တဲ့ဖူလ္ဟမ္နဲ ့ပြဲမွာ ေလာဘၾကီးၿပီးတစ္ကိုယ္ေကာင္းအလြန္ဆန္ခဲ့တယ္လို ့ေျပာၾကားခဲ့ၿပီး ဒီလိုလုပ္ရပ္ဟာသူ ့အသင္းေဖာ္ေတြကိုလည္း ေက်နပ္ေစမွာမဟုတ္ဘူးလို ့ဆိုခဲ့ပါတယ္။
” သူ(ဆာလာ) ဟာ အရမ္းတစ္ကိုယ္ေကာင္းဆန္ၿပီး ေလာဘၾကီးလြန္းပါတယ္။သံသယျဖစ္စရာမလုိပါဘူး။ပရီးမီးယားလိပ္မွာ လီဗာပူးလ္အသင္းအတြက္သူ ့ရဲ့မွတ္တမ္းကေတာ့အေတာ္ေလးေကာင္းပါတယ္။ဂိုးေတြဖန္တီးေပးမႈေတြကလည္းေကာင္းပါတယ္။ဒီရာသီသြင္းဂိုးေတြမွာသူ ့ေလာက္ပါ၀င္ပတ္သတ္ျခင္းမရိွပါဘူး။သူဟာ ပံုမွန္ခ်ိမ္းေျခာက္ထားနိုင္ဆဲပါ။ဒါပင္မယ့္ ၂ၾကိမ္၃ၾကိမ္ေလာက္ေတာ့ သူ ့ေဘးမွာဘယ္သူေတြရိွလဲ(ဂိုးသြင္းဖို ့) ဆိုတာ ေခါင္းေထာင္ၾကည့္ေလ့ရိွပါတယ္။”
ကာေရဂါရဲ ့မွတ္ခ်က္နဲ ့ပတ္သတ္ၿပီးလီဗာပူးလ္ပရိတ္သတ္ေတြကေတာ့ သေဘာထားျခင္းမတိုက္ဆိုင္ျဖစ္ေနၾကကာ ဆာလာဟာ ဒီရာသီအေကာင္းဆံုးပံုစံမွာရိွေနဆဲလုိ ့ျပန္လည္ေျပာဆိုမႈေတြကို ေတြ ့ရပါတယ္။
(Unicode)
ဆာလာဟာ တစ်ကိုယ်ကောင်းဆန်ပြီးလောဘကြီးတဲ့လူတစ်ယောက်လို့ကာရေဂါဝေဖန်
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖူလ်ဟမ်အသင်းကို ၂-၁ ဖြင့်ကပ်နိုင်ခဲံပါတယ်။ဆာဒီယိုမာနေးက ဒုတိယပိုင်းမှာအဖွင့်ဂိုးကိုသွင်းယူပေးခဲ့ပြီးနောက် နောက်ထပ်၁၅မိနစ်အကြာမှာ ရိုင်ယန်ဘာဘယ်က ချေပဂိုးသွင်းယူပေးခဲ့ပြီး ကြိုးကြာနီတို့သရေ၁မှတ်နဲ့သာကျေနပ်ရဖို့အလွန်နီးစပ်နေခဲ့ပါတယ်။ဂျာဂန်ကလော့ရဲ့အသင်းဟာ မန်စီးတီးနဲ့ဖလားလုဖို့အတော်လေးကြိုးစားနေရတာကြောင့်နောက်ထပ်အမှတ်တွေဆုံးရှုံးနိုင်ဖို့အရေးမှရှောင်ရှားနိုင်အောင်လုပ်နေရတာဖြစ်ပြီး ဂျိမ်းစ်မီနာရဲ့နောက်ကျပယ်နယ်တီဂိုးကြောင့်သာသူတို့အသက်ရှုချောင်သွားခဲ့ရပါတယ်။
တန်းဆင်းဇုန်နားကနေရုန်းကန်ပြီးကစားနေရတဲ့ပြိုင်ဘက်အသင်းနဲ့တွေရင်တော့ အသင်းတိုင်းလိုလို ပုံမှန်ခြေစွမ်းပြဖို့ရုန်းကန်ရတာဟာ ဓမ္မတာဖြစ်ပါတယ်။ဒါပင်မယ့်လည်း အနိုင်ကတော့ အနိုင်ပါပဲ။ပြီးတော့ လီဗာပူးတို့ပရီးမီးယားလိပ်ဇယားထိပ်ကိုရောက်သွားတာပဲမလား?
၂၀၁၇ မှာ အန်ဖီးလ်ကို ခြေချပြီးကြယ်ပွင့်ဖြစ်လာတဲ့ ဆာလာအတွက်တော့ နောက်ထပ်စိတ်ပျက်စရာတနင်္ဂနွေနေ့ပွဲဖြစ်လာစေခဲ့ပါတယ်။သူဟာ အဆိုပွဲမှာ အသင်းအပေါ်အကျိုးသက်ရောက်မှုအတော်လေးနည်းပါးခဲ့တာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလအစောပိုင်းထဲက သူဟာဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။သူဟာ ပြိုင်ပွဲစုံ၇ပွဲမှာ သွင်းဂိုးမသွင်းနိုင်တဲ့သူဖြစ်လာခဲ့ပါတယ်။
ဂျမီးကာရေဂါရဲ့အဆိုအရတော့ ဆာလာရဲ့ဒီရာသီအကျိုးမပြုနိုင်တဲ့ စွမ်းဆောင်ရည်ဟာပြီးခဲ့တဲ့ရာသီကခြေစွမ်းပြခဲ့တဲ့ ရောင်ပြန်လောက်တောင်မရှိပါဘူး။သူ့ရဲ့ပုံစံကောင်းကိုပြန်ရဖို့ပွဲကြီးတွေမှာ အလှည့်အပြောင်းလုပ်ရမယ်လို့ဆိုထားပါတယ်။လီဗာပူးလ်တို့ရဲ့ဂန္တဝင်ကစားသမားက ဆာလာဟာ ပြီးခဲ့တဲ့ဖူလ်ဟမ်နဲ့ပွဲမှာ လောဘကြီးပြီးတစ်ကိုယ်ကောင်းအလွန်ဆန်ခဲ့တယ်လို့ပြောကြားခဲ့ပြီး ဒီလိုလုပ်ရပ်ဟာသူ့အသင်းဖော်တွေကိုလည်း ကျေနပ်စေမှာမဟုတ်ဘူးလို့ဆိုခဲ့ပါတယ်။
” သူ(ဆာလာ) ဟာ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးလွန်းပါတယ်။သံသယဖြစ်စရာမလိုပါဘူး။ပရီးမီးယားလိပ်မှာ လီဗာပူးလ်အသင်းအတွက်သူ့ရဲ့မှတ်တမ်းကတော့အတော်လေးကောင်းပါတယ်။ဂိုးတွေဖန်တီးပေးမှုတွေကလည်းကောင်းပါတယ်။ဒီရာသီသွင်းဂိုးတွေမှာသူ့လောက်ပါဝင်ပတ်သတ်ခြင်းမရှိပါဘူး။သူဟာ ပုံမှန်ချိမ်းခြောက်ထားနိုင်ဆဲပါ။ဒါပင်မယ့် ၂ကြိမ်၃ကြိမ်လောက်တော့ သူ့ဘေးမှာဘယ်သူတွေရှိလဲ(ဂိုးသွင်းဖို့) ဆိုတာ ခေါင်းထောင်ကြည့်လေ့ရှိပါတယ်။”
ကာရေဂါရဲ့မှတ်ချက်နဲ့ပတ်သတ်ပြီးလီဗာပူးလ်ပရိတ်သတ်တွေကတော့ သဘောထားခြင်းမတိုက်ဆိုင်ဖြစ်နေကြကာ ဆာလာဟာ ဒီရာသီအကောင်းဆုံးပုံစံမှာရှိနေဆဲလို့ပြန်လည်ပြောဆိုမှုတွေကို တွေ့ရပါတယ်။
Post a Comment