Header Ads


ရုရွားနဲ ့ပြဲမွာစိတ္ပ်က္စရာလက္စြမ္းကိုျပသခဲ့တဲ့ေကာ့တြိဳက္စ္




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မေန႔ညက ကစားခဲ့တဲ့ ဘယ္လ္ဂ်ီယံအသင္းနဲ႔ ရုရွားအသင္းတုိ႔ရဲ႕ ယူရုိ(၂၀၂၀)ေျခစစ္ပြဲစဥ္မွာ ပြဲထြက္ကစားခဲ့တဲ့ ရီးယဲလ္ဂုိးသမား ေကာ့တြိဳက္စ္ရဲ႕ လက္စြမ္းကေတာ့ တကယ့္ကုိ စိတ္ပ်က္စရာပါ။ ရီးယဲလ္အသင္းမွာ ေပးဂုိးေတြမ်ားေနခဲ့လုိ႔ အရန္ခုံအထိ ေရာက္ေနခဲ့ရတဲ့ ဂုိးသမားဟာ မေန႔က ပြဲစဥ္မွာလည္း ဆုိးရြားတဲ့အမွားအယြင္းတစ္ႀကိမ္ကုိ ျပဳလုပ္ခဲ့ၿပီး ရုရွားအသင္းကုိ ေခ်ပဂုိးတစ္ဂုိး လက္ေဆာင္ ျပန္ေပးသြားခဲ့ပါတယ္။



ဘယ္လ္္ဂ်ီယံအသင္းအတြက္ ပြဲခ်ိန္ (၁၄)မိနစ္မွာ တုိင္လီမန္းစ္က အဖြင့္ဂုိး သြင္းယူေပးႏုိင္ခဲ့ေပမယ့္လည္း ပြဲခ်ိန္ (၁၆)မိနစ္မွာ ဂုိးသမား ေကာ့တြိဳက္စ္က ရုုရွားတုိက္စစ္မွဴးေတြကုိ လွည့္စားဖုိ႔ ႀကိဳးစားရာကေန ေခ်ပဂုိးတစ္ဂုိး ျပန္ေပးလုိက္ရတာပါ။



ေနာက္ခံလူ ျပန္ေပးလုုိက္တဲ့ ေဘာလုံးကုိ ေကာ့တြိဳက္စ္က ခ်က္ခ်င္းမကန္တင္ေသးပဲ သူ႕အနီးကုိေရာက္လာတဲ့ ရုရွားတုိက္စစ္မွဴးကုိ လွည့္စားဖုိ႔ ႀကိဳးစားခဲ့တာပါ။ ဒါေပမယ့္ ႀကိဳးစားမႈက မေအာင္ျမင္ခဲ့လုိ႔ ေကာ့တြိဳက္စ္ဟာ ေဘာလုံးကုိ သူ႕ရဲ႕ညာဖက္ျခမ္းမွာ ရွိေနတဲ့ ေနာက္ခံလူဆီ ေပးပုိ႔ဖုိ႔ ႀကိဳးစားခဲ့ျပန္ပါတယ္။


အဲဒီေပးပုိ႔မႈကလည္း ထိခ်က္လြဲသြားခဲ့ၿပီး အသင့္ေစာင့္ေနတဲ့ ရုရွားတုိက္စစ္မွဴး ခ်ီရီခ်က္ ဆီကုိသာ တန္းတန္းမတ္မတ္ေရာက္သြားခဲ့လုိ႔ ခ်ီရီခ်က္က ဂုိးထဲကုိ ကန္ထည့္သြားတာပါ။
အဲဒီပြဲမွာ ဘယ္လ္ဂ်ီယံအသင္းက (-)နဲ႔ ႏုိင္သြားခဲ့လုိ႔ ေကာ့တြိဳက္စ္တစ္ေယာက္ သက္သာရာ ရသြားတယ္ဆုိေပမယ့္ ဆုိရွယ္္မီဒီယာေတြေပၚမွာေတာ့ ပရိသတ္ေတြရဲ႕ ေ၀ဖန္မႈက ျမင့္တက္ေနခဲ့တာပါ။

ေကာ့တြိဳက္စ္ရဲ႕အျဖစ္ကုိ ၀မ္းအသာဆံုးကေတာ့ ခ်ယ္လ္ဆီးပရိသတ္ေတြပဲ ျဖစ္ၿပီး ခ်ယ္လ္ဆီးရဲ႕ သစၥာေဖာက္ ကစားသမားလုိ႔ သတ္မွတ္ျခင္းခံထားရတဲ့ ေကာ့တြိဳက္စ္ဟာ သူနဲ႔ထုိက္တန္တာကုိ ရေနခဲ့တာပဲလုိ႔ ပရိသတ္ေတြက မွတ္္ခ်က္ေပးေနၾကပါတယ္။


(unicode)

ရုရှားနဲ့ပွဲမှာစိတ်ပျက်စရာလက်စွမ်းကိုပြသခဲ့တဲ့ကော့တွိုက်စ်

မနေ့ညက ကစားခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ ရုရှားအသင်းတို့ရဲ့ ယူရို(၂၀၂၀)ခြေစစ်ပွဲစဉ်မှာ ပွဲထွက်ကစားခဲ့တဲ့ ရီးယဲလ်ဂိုးသမား ကော့တွိုက်စ်ရဲ့ လက်စွမ်းကတော့ တကယ့်ကို စိတ်ပျက်စရာပါ။ ရီးယဲလ်အသင်းမှာ ပေးဂိုးတွေများနေခဲ့လို့ အရန်ခုံအထိ ရောက်နေခဲ့ရတဲ့ ဂိုးသမားဟာ မနေ့က ပွဲစဉ်မှာလည်း ဆိုးရွားတဲ့အမှားအယွင်းတစ်ကြိမ်ကို ပြုလုပ်ခဲ့ပြီး ရုရှားအသင်းကို ချေပဂိုးတစ်ဂိုး လက်ဆောင် ပြန်ပေးသွားခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းအတွက် ပွဲချိန် (၁၄)မိနစ်မှာ တိုင်လီမန်းစ်က အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ပွဲချိန် (၁၆)မိနစ်မှာ ဂိုးသမား ကော့တွိုက်စ်က ရုရှားတိုက်စစ်မှူးတွေကို လှည့်စားဖို့ ကြိုးစားရာကနေ ချေပဂိုးတစ်ဂိုး ပြန်ပေးလိုက်ရတာပါ။

နောက်ခံလူ ပြန်ပေးလိုက်တဲ့ ဘောလုံးကို ကော့တွိုက်စ်က ချက်ချင်းမကန်တင်သေးပဲ သူ့အနီးကိုရောက်လာတဲ့ ရုရှားတိုက်စစ်မှူးကို လှည့်စားဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ကြိုးစားမှုက မအောင်မြင်ခဲ့လို့ ကော့တွိုက်စ်ဟာ ဘောလုံးကို သူ့ရဲ့ညာဖက်ခြမ်းမှာ ရှိနေတဲ့ နောက်ခံလူဆီ ပေးပို့ဖို့ ကြိုးစားခဲ့ပြန်ပါတယ်။

အဲဒီပေးပို့မှုကလည်း ထိချက်လွဲသွားခဲ့ပြီး အသင့်စောင့်နေတဲ့ ရုရှားတိုက်စစ်မှူး ချီရီချက် ဆီကိုသာ တန်းတန်းမတ်မတ်ရောက်သွားခဲ့လို့ ချီရီချက်က ဂိုးထဲကို ကန်ထည့်သွားတာပါ။
အဲဒီပွဲမှာ ဘယ်လ်ဂျီယံအသင်းက (၃-၁)နဲ့ နိုင်သွားခဲ့လို့ ကော့တွိုက်စ်တစ်ယောက် သက်သာရာ ရသွားတယ်ဆိုပေမယ့် ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုက မြင့်တက်နေခဲ့တာပါ။

ကော့တွိုက်စ်ရဲ့အဖြစ်ကို ဝမ်းအသာဆုံးကတော့ ချယ်လ်ဆီးပရိသတ်တွေပဲ ဖြစ်ပြီး ချယ်လ်ဆီးရဲ့ သစ္စာဖောက် ကစားသမားလို့ သတ်မှတ်ခြင်းခံထားရတဲ့ ကော့တွိုက်စ်ဟာ သူနဲ့ထိုက်တန်တာကို ရနေခဲ့တာပဲလို့ ပရိသတ်တွေက မှတ်ချက်ပေးနေကြပါတယ်။

No comments

Powered by Blogger.