လက္ရိွပရီးမီးယားလိပ္ရဲ့ အေကာင္းဆံုးနည္းျပကဘယ္သူျဖစ္မလဲ?
ဘယ္သူကပရီးမီးယားလိဂ္ရဲ႕အေကာင္းဆံုးနည္းျပတစ္ေယာက္ပါလဲ?အဂၤလန္အေျခစိုက္သတင္းစာဆရာ၈ဦးက ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆံုးနည္းျပေတြကိုေရြးခ်ယ္ေပးခဲ့ပါတယ္။သူတို႔ပရီးမီးယားလိဂ္ရဲ႕ ဇယားကိုၾကည့္ၿပီးသတ္မွတ္တာေတာ့မဟုတ္ပါဘူး။
ပက္ဂြာဒီယိုလာက တကယ္လူေတာ္လား လူလိမ္လား ? ဂ်ာဂန္ကေလာ့ကေရာ အရမ္းေတာ္ေနတဲ့သူလား? ပိုခ်က္တီႏိုက ေရာ အျမဲတမ္းဒုတိယေနရာေငြတံဆိပ္နဲ႔ပဲေက်နပ္ေနရသူလား?ေပါ့လ္အင့္ကေရာ ယူႏိုက္တက္အသင္းမွာ ဆိုး႐ွားလိုအေကာင္းဆံုးလုပ္ျပႏိုင္ရဲ႕လား? နည္းျပေတြအေပၚေမးခြန္းေတြကေတာင္ပံုရာပံု႐ွိေနပါတယ္။
မန္စီးတိးအသင္းကိုေတာ့မ်ားေသာအားျဖငိ့ရာသီကုန္တိုင္းမွာ ထိပိဆံုးေလးသင္းမွာေျပးမလြတ္႐ွိေနခဲ့ေပမယ့္တစိခ်ိဳ႕ကေတာ့ဒါဟာ ဂြာဒီယိုလာကံေကာင္းတာရယ္တစ္ေၾကာင္းပိုက္ဆံ႐ွိတာကတစ္ရံအသင္းကလည္းအေျခခံေကာင္းေတြ႐ွိတာေၾကာင့္သာလ်ွင္မန္စီးတီးအသင္းကေကာင္းေနျခင္းျဖစ္တယ္လို႔ယံုၾကည္ေနၾကၿပီး သူရဲ႕ထူးခြၽန္မႈေၾကာင့္မဟုတ္ဘူးလို႔ဆိုပါတယ္။ကေလာ့ ဒါမွမဟုတ္ ပိုခ်ကိတီႏိုလည္းပဲ သူတို႔ရဲ႕အသင္းမွာေအာင္ျမင္ေနၿပီဆိုရင္ဒီလိုေမးခြန္းေတြကအဆင့္သင့္႐ွိေနမွာပါ။ဆိုး႐ွားကေတာ့ေနာက္ရာသီအထိဘာဆက္ျဖစ္မလဲဆိုတာမသိရေသးပါဘူး။
ေအာင္ျမင္မႈေတြႏွင့္ဆက္စပ္ၿပီးဘယ္သူကအေကာင္းဆံုးလည္းအဆိုးဆံုးလည္းဆိုျပီးေဝဖန္သံုးသပ္ရတာကလြယ္ကူတဲ့အလုပ္ေတာ့မဟုတ္ပါဘူး။ဒါေပမယ့္ျပည္တြင္းသတင္းစာဆရာမ်ားကေတာ့ေသခ်ာဆံုးျဖတ္ကာနံပါတ္စဥ္လိုက္ေဖာ္ျပလိုက္ပါတယ္။ဒီသံုးသပ္အကဲဖတ္ေဝဖန္ခ်က္ကို မန္ခ်က္စတာညေနခင္းသတင္းစာ လီဗာပူးလ္အသံ နွင့္ေဘာလံုးသတင္းစာ လန္ဒန္ သတင္းစာတို႔သတင္းသမားမ်ားကျပဳလုပ္ျခင္းျဖစ္ပါတယ္။
1. ဂြာဒီယိုလာ
2. ဂ်ာဂန္ကေလာ့
3. ပိုခ်က္တီႏို
4. ဆန္တို
5. ဘင္နီတက္ဇ္
6. ဆိုး႐ွား
8. အူႏိုင္းအမ္မရီ
9. ပဲလီဂရီနီ
10. Eddie Howe
11.ဆာရီ
12. နီးလ္ဝါးေနာက္
13. Ralph Hasenhuttl
14. ဟုခ္တန္
16. ဟုခ္ဆန္
17. ဘရန္ဒန္ ေရာ္ဂ်ာ
18.မာကို ေဆးလ္ဗား
19. ဂ်န္ဆီရာဝသ္
20. ပက္ကား
ဂြာဒီယိုလာကေတာ့ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆံုးနည္းျပေနရာကို ဦးေဆာငိေနၿပီး မန္ခ်ကိစတာ ညေနခင္းသတင္းစာရဲ႕ အားကစား သတင္းေရးသားတဲ့သတင္းေရးဆရာ Tyrone Marshall က"ဖလားပိုင္ဆိုင္ရယူႏိုင္မႈေတြပါထည့္သြင္းတြက္ခ်က္ထားတာပါ။ေဘာလံုးေလာကမွာေအာင္ျမင္မွုရလာတာက အရမ္းကိုဂုဏ္ယူစရာေကာင္းပါတယ္။ဒီေန႔ေခတ္ကာလမွာ နည္းျပေတြအတြက္ၿပိဳင္ပြဲကစားရတာက တကယ္ကိုဖိအားမ်ားၿပီး စိတ္လႈပ္႐ွားရပါတယ္။မန္စီတီးအသင္းကၿပီးခဲ့တဲ့ရာသီမွာ ေရာမရဲ႕စစ္သားေတြကဲ့သို႔ျမင္ေတြ႔ခဲ့ရပါတယ္။ဒီႏွစ္မွာ မန္စီးတီးအသင္းဖလားေလးလံုးရ႐ွိခဲ့မယ္ဆိုရင္ဒါကအရမ္းကိုထူးျခားၿပီးေနာက္တစ္ႀကိမ္ျပန္ရဖို႔ဆိုတာမလြယ္ကူလွပါဘူး"
"ဂြာဒီယိုလာယခုႏွစိရာသီမွာထိပ္ဆံုးကဦးေဆာင္ႏိုင္တယ္ဆိုတာအံ့ျသစရာမဟုတ္ပါဘူး။ဒီလိုပဲ ကေလာ့ကို ဒုတိယေနရာ ပိုခ်ကိတီႏိုက တတိယေနရာမွာအျမဲေနရတာလည္းထူးဆန္းစရာမဟုတ္ပါဘူး။သူတို႔အားလံုးကသူတို႔အလုပ္အားလံုးကိုတာဝန္ေက်ေအာင္လုပ္ႏိုင္ခဲ့ၿပီးသူတို႔အသင္းေတြရဲ႕ရလဒ္ေတြကသက္ေသျဖစိပါတယ္။"
နည္းျပဆာရီကေတာ့သူရဲ႕စတိုင္ဟန္ပန္ကစားကြက္ေတြကအံဝင္မႈမ႐ွိဘဲ အသင္းရဲ႕ရလဒ္ေတြကတည္ၿငိမ္ေနျခင္းမ႐ွိပါဘူး။
(Unicode)
လက်ရှိပရီးမီးယားလိပ်ရဲ့ အကောင်းဆုံးနည်းပြကဘယ်သူဖြစ်မလဲ?
ဘယ်သူကပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနည်းပြတစ်ယောက်ပါလဲ?အင်္ဂလန်အခြေစိုက်သတင်းစာဆရာ၈ဦးက ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနည်းပြတွေကိုရွေးချယ်ပေးခဲ့ပါတယ်။သူတို့ပရီးမီးယားလိဂ်ရဲ့ ဇယားကိုကြည့်ပြီးသတ်မှတ်တာတော့မဟုတ်ပါဘူး။
ပက်ဂွာဒီယိုလာက တကယ်လူတော်လား လူလိမ်လား ? ဂျာဂန်ကလော့ကရော အရမ်းတော်နေတဲ့သူလား? ပိုချက်တီနိုက ရော အမြဲတမ်းဒုတိယနေရာငွေတံဆိပ်နဲ့ပဲကျေနပ်နေရသူလား?ပေါ့လ်အင့်ကရော ယူနိုက်တက်အသင်းမှာ ဆိုးရှားလိုအကောင်းဆုံးလုပ်ပြနိုင်ရဲ့လား? နည်းပြတွေအပေါ်မေးခွန်းတွေကတောင်ပုံရာပုံရှိနေပါတယ်။
မန်စီးတိးအသင်းကိုတော့များသောအားဖြငိ့ရာသီကုန်တိုင်းမှာ ထိပိဆုံးလေးသင်းမှာပြေးမလွတ်ရှိနေခဲ့ပေမယ့်တစိချို့ကတော့ဒါဟာ ဂွာဒီယိုလာကံကောင်းတာရယ်တစ်ကြောင်းပိုက်ဆံရှိတာကတစ်ရံအသင်းကလည်းအခြေခံကောင်းတွေရှိတာကြောင့်သာလျှင်မန်စီးတီးအသင်းကကောင်းနေခြင်းဖြစ်တယ်လို့ယုံကြည်နေကြပြီး သူရဲ့ထူးချွန်မှုကြောင့်မဟုတ်ဘူးလို့ဆိုပါတယ်။ကလော့ ဒါမှမဟုတ် ပိုချကိတီနိုလည်းပဲ သူတို့ရဲ့အသင်းမှာအောင်မြင်နေပြီဆိုရင်ဒီလိုမေးခွန်းတွေကအဆင့်သင့်ရှိနေမှာပါ။ဆိုးရှားကတော့နောက်ရာသီအထိဘာဆက်ဖြစ်မလဲဆိုတာမသိရသေးပါဘူး။
အောင်မြင်မှုတွေနှင့်ဆက်စပ်ပြီးဘယ်သူကအကောင်းဆုံးလည်းအဆိုးဆုံးလည်းဆိုပြီးဝေဖန်သုံးသပ်ရတာကလွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ဒါပေမယ့်ပြည်တွင်းသတင်းစာဆရာများကတော့သေချာဆုံးဖြတ်ကာနံပါတ်စဉ်လိုက်ဖော်ပြလိုက်ပါတယ်။ဒီသုံးသပ်အကဲဖတ်ဝေဖန်ချက်ကို မန်ချက်စတာညနေခင်းသတင်းစာ လီဗာပူးလ်အသံ နှင့်ဘောလုံးသတင်းစာ လန်ဒန် သတင်းစာတို့သတင်းသမားများကပြုလုပ်ခြင်းဖြစ်ပါတယ်။
1. ဂွာဒီယိုလာ
2. ဂျာဂန်ကလော့
3. ပိုချက်တီနို
4. ဆန်တို
5. ဘင်နီတက်ဇ်
6. ဆိုးရှား
7. ဂါစီးယာ
8. အူနိုင်းအမ်မရီ
9. ပဲလီဂရီနီ
10. Eddie Howe
11.ဆာရီ
12. နီးလ်ဝါးနောက်
13. Ralph Hasenhuttl
14. ဟုခ်တန်
15. Sean Dyche
16. ဟုခ်ဆန်
17. ဘရန်ဒန် ရော်ဂျာ
18.မာကို ဆေးလ်ဗား
19. ဂျန်ဆီရာဝသ်
20. ပက်ကား
ဂွာဒီယိုလာကတော့ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနည်းပြနေရာကို ဦးဆောငိနေပြီး မန်ချကိစတာ ညနေခင်းသတင်းစာရဲ့ အားကစား သတင်းရေးသားတဲ့သတင်းရေးဆရာ Tyrone Marshall က"ဖလားပိုင်ဆိုင်ရယူနိုင်မှုတွေပါထည့်သွင်းတွက်ချက်ထားတာပါ။ဘောလုံးလောကမှာအောင်မြင်မှုရလာတာက အရမ်းကိုဂုဏ်ယူစရာကောင်းပါတယ်။ဒီနေ့ခေတ်ကာလမှာ နည်းပြတွေအတွက်ပြိုင်ပွဲကစားရတာက တကယ်ကိုဖိအားများပြီး စိတ်လှုပ်ရှားရပါတယ်။မန်စီတီးအသင်းကပြီးခဲ့တဲ့ရာသီမှာ ရောမရဲ့စစ်သားတွေကဲ့သို့မြင်တွေ့ခဲ့ရပါတယ်။ဒီနှစ်မှာ မန်စီးတီးအသင်းဖလားလေးလုံးရရှိခဲ့မယ်ဆိုရင်ဒါကအရမ်းကိုထူးခြားပြီးနောက်တစ်ကြိမ်ပြန်ရဖို့ဆိုတာမလွယ်ကူလှပါဘူး"
"ဂွာဒီယိုလာယခုနှစိရာသီမှာထိပ်ဆုံးကဦးဆောင်နိုင်တယ်ဆိုတာအံ့သြစရာမဟုတ်ပါဘူး။ဒီလိုပဲ ကလော့ကို ဒုတိယနေရာ ပိုချကိတီနိုက တတိယနေရာမှာအမြဲနေရတာလည်းထူးဆန်းစရာမဟုတ်ပါဘူး။သူတို့အားလုံးကသူတို့အလုပ်အားလုံးကိုတာဝန်ကျေအောင်လုပ်နိုင်ခဲ့ပြီးသူတို့အသင်းတွေရဲ့ရလဒ်တွေကသက်သေဖြစိပါတယ်။"
နည်းပြဆာရီကတော့သူရဲ့စတိုင်ဟန်ပန်ကစားကွက်တွေကအံဝင်မှုမရှိဘဲ အသင်းရဲ့ရလဒ်တွေကတည်ငြိမ်နေခြင်းမရှိပါဘူး။
Post a Comment