Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန်ချက်စတာယူနိုက်တက်ရဲ့ လက်ထောက်နည်းပြမိုက်ကယ်ကာရစ်က လက်ရှိယာယီနည်းပြအိုလေးဂန်နာဆိုးလ်ရှားဟာ အသင်းရဲ့ ဂန္တ၀င်နည်းပြကြီးဆာအဲလက်စ်ဖာဂူဆန်အတိုင်း အသင်းမှာစည်းကမ်းတင်းကြပ်ထားပြီး ကလပ်ရဲ DNA ကို ပြန်လည်အသက်သွင်းနိုင်ခဲ့ပြီလို့ ပြောပြခဲ့ပါတယ်။ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလက မော်ရင်ဟိုရဲ့ နေရာကို ယာယီဆက်ခံခဲ့တာဖြစ်ပြီး ပရီးမီးယားလိပ်မှာ အဆင့်၎နဲ့ ၂မှတ်ကွာတဲ့အထိဦးဆောင်ပေးနိုင်ခဲ့သလို ၁၆သင်းအဆင့်မှာလည်း PSG အသင်းကိုလှလှပပကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ဆိုးလ်ရှားရဲ့ အိုထရက်ဖို့ ဒ်ခဏတာခရီးစဉ်မှာတော့ အတောက်ပဆုံးအချိန်ဟာ PSG ကို - ဖြင့်အနိုင်ရတဲ့ပွဲဖြစ်ပြီး ပကျော့မှာ - ဖြင့်ရှုံးနေတဲ့နေရာကနေ ချန်ပီယံလိပ်ကွာတားအထိတက်ရောက်လာနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။
(Unicode)
ဆာအဲလက်စ်ဖာဂူဆန်အတိုင်းဆိုးလ်ရှားဟာစည်းကမ်းတင်းကြပ်ထားတယ်လို့ပြောပြလိုက်တဲ့မိုက်ကယ်ကာရစ်
မန်ချက်စတာယူနိုက်တက်ရဲ့လက်ထောက်နည်းပြမိုက်ကယ်ကာရစ်က လက်ရှိယာယီနည်းပြအိုလေးဂန်နာဆိုးလ်ရှားဟာ အသင်းရဲ့ဂန္တဝင်နည်းပြကြီးဆာအဲလက်စ်ဖာဂူဆန်အတိုင်း အသင်းမှာစည်းကမ်းတင်းကြပ်ထားပြီး ကလပ်ရဲ့DNA ကို ပြန်လည်အသက်သွင်းနိုင်ခဲ့ပြီလို့ပြောပြခဲ့ပါတယ်။ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလက မော်ရင်ဟိုရဲ့နေရာကို ယာယီဆက်ခံခဲ့တာဖြစ်ပြီး ပရီးမီးယားလိပ်မှာ အဆင့်၄နဲ့၂မှတ်ကွာတဲ့အထိဦးဆောင်ပေးနိုင်ခဲ့သလို ၁၆သင်းအဆင့်မှာလည်း PSG အသင်းကိုလှလှပပကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ ကလပ်ရဲ့ရေရှည်နည်းပြအဖြစ်ဆက်အပ်ခန့်ရဖို့ရှိနေပြီး ဆိုးလ်ရှားရဲ့နည်းပြအဖွဲ့ဝင်ထဲကတစ်ဦးဖြစ်တဲ့ကာရစ်က ဆိုးလ်ရှားဟာ ဂန္တဝင်နည်းပြကြီးဖာဂူဆန်နဲ့မကွာဘူးလို့ပြောပြခဲ့ပါတယ်။
” သူတို့၂ယောက်က စည်းကမ်းချင်းတူပါတယ်။အိုလ်လေးရဲ့အသင်းအတွက်ပြောစကားတွေက အလုပ်ကြိုးစားဖို့အတွက်အားရှိစေပါတယ်။သူဟာ သူ့ပုံစံအတိုင်းပါပဲ။ကလပ်ရဲ့ပုံစံအတိုင်းပေါ့။မန်ချက်စတာယူနိုက်တက်ရဲ့DNA လိုပေါ့။စိတ်လှုပ်ရှားစရာကောင်းတယ်။အကောင်းမြင်နိုင်တယ်။အနိုင်ယူနိုင်တဲ့အရည်အသွေးရှိတယ်။စွန့်စားမှုတွေရယူရင်းနဲ့အကောင်းဆုံးလုပ်နိုင်ပါတယ်။အလုပ်ကျင့်ဝတ်ပိုင်းရော၊အောက်ကျို့တဲ့အပိုင်းရောပေါ့။ကျွန်တော်တို့ဟာ အလုပ်ကြိုးစားလုပ်ရုံလေးပါ.အဲ့တော့ ပိုကောင်းလာတာပေါ့။ပြီးခဲ့တဲ့နှစ်တွေမှာ ယူနိက်တက်ဟာ အကောင်းဆုံးအသင်းတွေရှိခဲ့ပြီး မယုံနိုင်စရာကောင်းတဲ့ အလုပ်ပိုင်းဆိူင်ရာကျင့်ဝတ်ကောင်းတွေလည်းရှိခဲ့ပါတယ်။” 
ဆိုးလ်ရှားရဲ့အိုထရက်ဖို့ဒ်ခဏတာခရီးစဉ်မှာတော့ အတောက်ပဆုံးအချိန်ဟာ PSG ကို ၃-၁ ဖြင့်အနိုင်ရတဲ့ပွဲဖြစ်ပြီး ပကျော့မှာ ၂-၀ ဖြင့်ရှုံးနေတဲ့နေရာကနေ ချန်ပီယံလိပ်ကွာတားအထိတက်ရောက်လာနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။
No comments
Powered by Blogger.