Header Ads


အာဂ်င္တီးနားလူစာရင္းကေနျပန္လည္နႈတ္ထြက္သြားျပန္တဲ့မက္ဆီ


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
၂၀၁၈ ကမၻာ႔ဖလားၿပီးကတည္းက အာဂ်င္တီးနား လက္ေရြးစင္အျဖစ္ကေန ေခတၱအနားယူထားတဲ့ မက္ဆီက ေတာ့ အခုတစ္ေက်ာ့ျပန္လာခ်ိန္မွာလည္း အာဂ်င္တီးနားအသင္းကို တစ္ပြဲတည္းနဲ႔ ေခၽြးသိပ္ခဲ့သလို ျဖစ္ခဲ့ရပါ တယ္။
ဗင္နီဇြဲလားအသင္းကို - ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ ႏိုင္ငံတကာ ေျခစမ္းပြဲအၿပီးမွာပဲ မက္ဆီအေနနဲ႔ ေနာက္ထပ္ အာဂ်င္တီးနားအသင္းရဲ႕ ေျခစမ္းပြဲတစ္ပြဲကို ဆက္လက္ပါ၀င္ကစားေတာ့မွာမဟုတ္ဘူးလို႔ မိခင္ကလပ္ ဘာစီလိုနာအသင္းက အတည္ျပဳလိုက္တယ္လို႔ Daily Mailက ေဖာ္ျပလာပါတယ္။

မက္ဆီအေနနဲ႔ဒီကေန႔ မနက္က ကစားခဲ့တဲ့ ေျခစမ္းပြဲစဥ္မွာအာဂ်င္တီးနားအတြက္ အသင္းအေခါင္းေဆာင္ အျဖစ္ မိနစ္ ၉၀ ျပည့္ ပါ၀င္ကစားခဲ့ေပမယ့္လည္း အသင္းကေတာ့ ရႈံးနိမ့္ခဲ့ရတာပါ။
ဒါေပမယ့္လည္း မက္ဆီအေနနဲ႔ တင္ပါးဆုံရိုး ဒဏ္ရာ အနည္းငယ္ရရွိခဲ့တယ္လို႔ သိရၿပီး ဘာစီလိုနာကို ျပန္လည္ အနားယူမယ္လို႔ ဘာစီလိုနာအသင္းက သတင္းထုတ္ျပန္လာတာ ျဖစ္ပါတယ္။


မက္ဆီအေနနဲ႔ ႏိုင္ငံတကာၿပိဳင္ပြဲကို ျပန္သြားေတာ့မွာမဟုတ္ပါဘူး၊ အေၾကာင္းကေတာ့ တင္ပါးဆုံရိုး ဒဏ္ရာရခဲ့တာေၾကာင့္ လာမယ့္ ေမာ္ရိုကိုအသင္းနဲ႔ ေျခစမ္းကစားမယ့္ အာဂ်င္တီးနားအသင္းပြဲစဥ္ကို ပါ၀င္ ေတာ့မွာ မဟုတ္ဘူးလို႔ ဘာစီလိုနာအသင္းက တရား၀င္ ထုတ္ျပန္ခ်က္ ထုတ္ျပန္ခဲ့တာ ျဖစ္တယ္လို႔ Daily Mail ကေဖာ္ျပလာပါတယ္။


အခုလို အာဂ်င္တီးနားအတြက္ ျပန္ကစားေပးတာဟာ ၂၀၁၈ ခုႏွစ္ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ၁၆ သင္းအဆင့္က ထြက္လာရကတည္းက ပထမဆုံးအႀကိမ္ ႏိုင္ငံအတြက္ ျပန္ကစားေပးတာ ျဖစ္ပါတယ္။

မက္ဆီရဲ႕ ဘာစီလိုနာအသင္းကေတာ့ မတ္လ ၃၀ ရက္ေန႔မွာ အက္စ္ပန္ညိဳ၊ဧၿပီ ရက္ေန႔မွာ ဗီလာရီးရဲ၊ ဧၿပီ ရက္ေန႔မွာ အက္သလက္တီကိုအသင္းတို႔နဲ႔ လာလီဂါ ပြဲဆက္ကစားၿပီးရင္ မန္ယူအသင္းနဲ႔ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပြဲစဥ္အျဖစ္ ဆက္လက္ ကစားရပါမယ္။

(Unicode)

အာဂျင်တီးနားလူစာရင်းကနေပြန်လည်နှုတ်ထွက်သွားပြန်တဲ့မက်ဆီ

၂၀၁၈ ကမ္ဘာ့ဖလားပြီးကတည်းက အာဂျင်တီးနား လက်ရွေးစင်အဖြစ်ကနေ ခေတ္တအနားယူထားတဲ့ မက်ဆီက တော့ အခုတစ်ကျော့ပြန်လာချိန်မှာလည်း အာဂျင်တီးနားအသင်းကို တစ်ပွဲတည်းနဲ့ ချွေးသိပ်ခဲ့သလို ဖြစ်ခဲ့ရပါ တယ်။
ဗင်နီဇွဲလားအသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲအပြီးမှာပဲ မက်ဆီအနေနဲ့ နောက်ထပ် အာဂျင်တီးနားအသင်းရဲ့ ခြေစမ်းပွဲတစ်ပွဲကို ဆက်လက်ပါဝင်ကစားတော့မှာမဟုတ်ဘူးလို့ မိခင်ကလပ် ဘာစီလိုနာအသင်းက အတည်ပြုလိုက်တယ်လို့ Daily Mailက ဖော်ပြလာပါတယ်။
မက်ဆီအနေနဲ့ဒီကနေ့ မနက်က ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာအာဂျင်တီးနားအတွက် အသင်းအခေါင်းဆောင် အဖြစ် မိနစ် ၉၀ ပြည့် ပါဝင်ကစားခဲ့ပေမယ့်လည်း အသင်းကတော့ ရှုံးနိမ့်ခဲ့ရတာပါ။
ဒါပေမယ့်လည်း မက်ဆီအနေနဲ့ တင်ပါးဆုံရိုး ဒဏ်ရာ အနည်းငယ်ရရှိခဲ့တယ်လို့ သိရပြီး ဘာစီလိုနာကို ပြန်လည် အနားယူမယ်လို့ ဘာစီလိုနာအသင်းက သတင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။
“ မက်ဆီအနေနဲ့ နိုင်ငံတကာပြိုင်ပွဲကို ပြန်သွားတော့မှာမဟုတ်ပါဘူး၊ အကြောင်းကတော့ တင်ပါးဆုံရိုး ဒဏ်ရာရခဲ့တာကြောင့် လာမယ့် မော်ရိုကိုအသင်းနဲ့ ခြေစမ်းကစားမယ့် အာဂျင်တီးနားအသင်းပွဲစဉ်ကို ပါဝင် တော့မှာ မဟုတ်ဘူး” လို့ ဘာစီလိုနာအသင်းက တရားဝင် ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ Daily Mail ကဖော်ပြလာပါတယ်။
အခုလို အာဂျင်တီးနားအတွက် ပြန်ကစားပေးတာဟာ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၆ သင်းအဆင့်က ထွက်လာရကတည်းက ပထမဆုံးအကြိမ် နိုင်ငံအတွက် ပြန်ကစားပေးတာ ဖြစ်ပါတယ်။
မက်ဆီရဲ့ ဘာစီလိုနာအသင်းကတော့ မတ်လ ၃၀ ရက်နေ့မှာ အက်စ်ပန်ညို၊ဧပြီ ၃ ရက်နေ့မှာ ဗီလာရီးရဲ၊ ဧပြီ ၇ ရက်နေ့မှာ အက်သလက်တီကိုအသင်းတို့နဲ့ လာလီဂါ ၃ ပွဲဆက်ကစားပြီးရင် မန်ယူအသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ဆက်လက် ကစားရပါမယ်။

Credit

No comments

Powered by Blogger.