Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
နည်းပြ ဆောက်ဂိတ် က အင်္ဂလန် အသင်း ရရှိခဲ့တဲ့ ငါးဂိုးမှာ လေးဂိုး အထိ ပါ ဝင် ပက် သက် မှု ရှိ ခဲ့ တဲ့ စ တာ လင် ကို ချီး ကျူး သွား ခဲ့ ပြီး ဂိုး ရှေ့ မှာ ရ ရှိ လာ တဲ့ အ ခွင့် အ ရေး ကို တွေဝေမနေဘဲ အပိုင်နိုင်ဆုံး အသုံးချ နိုင်ခဲ့ကြောင်း ဆိုပါတယ် ။
(Unicode)
စတာလင်တစ်ယောက်ခြေစွမ်းပြပြီးဟတ်ထရစ်သွင်းယူနိုင်ရတဲ့လျို့ဝှက်ချက်ကိုပြောပြလိုက်တဲ့ဆောက်ဂိတ်
မနေ့ညက ဝင်ဘာလေ ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ အင်္ဂလန် အသင်းဟာ ချက် အသင်းကို ငါးဂိုးပြတ် အနိုင် ရသွားခဲ့ပါတယ် ။ အင်္ဂလန် အသင်း အတွက် သွင်းဂိုးတွေကိုတော့ စတာလင် က သုံးဂိုး ၊ ဟာရီကိန်း က တစ်ဂိုး နဲ့ ချက် အသင်း နောက်ခံလူ ကာလက်စ် တို့က ကိုယ့်ဂိုးကိုယ် သွင်းယူ မိခဲ့တာပါ ။
အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ ဆောက်ဂိတ် က ချက် အသင်း နဲ့ ပွဲမှာ ဟက်ထရစ် သွင်းယူ နိုင်ခဲ့တဲ့ မန်စီးတီး တောင်ပံ ကစားသမား စတာလင် ကို ချီးကျူ း သွားခဲ့ပြီး စတာလင် ဟာ ရလာတဲ့ အခွင့်အရေးကို တွေဝေ မနေဘဲ အလျင်မြန်ဆုံး အသုံးချ နိုင်ခဲ့ကြောင်း ဆိုပါတယ် ။
စတာလင် အင်္ဂလန် လက်ရွေးစင် ကစားသမားဘဝ ပထမဆုံး ဟက်ထရစ် ကို ရယူ နိုင်ခဲ့တာ ဖြစ်ပြီး အဖွင့်ဂိုး ကို ပွဲချိန် ၂၆ မိနစ်မှာ ဆန်ချို ရဲ့ ပေးပို့မှု ကနေ တစ်ဆင့် ဘယ်ခြေ နဲ့ လျှော ထိုး ပိတ် သွင်း ခဲ့ ပါ တယ် ။ ဒါ့အပြင် ဟာရီကိန်း သွင်းယူခဲ့တဲ့ ပင်နယ်တီ သွင်းဂိုးဟာလည်း စတာလင် ကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ် ။
ဒါ့အပြင် စတာလင် ဟာ ပွဲချိန် ၆၂ မိနစ် နဲ့ ၆၈ မိနစ် တွေ မှာ ဂိုးတွေ ထပ် မံ သွင်း ယူ ခဲ့ ပြီး ဟက် ထ ရစ် ရ ယူ နိုင် ခဲ့ ပါ တယ် ။ စ တာ လင် ဟာ ယခုနှစ် ရာသီမှာ မန်စီးတီး အသင်း အတွက်လည်း ပြိုင်ပွဲစုံမှာ ၁၉ ဂိုး အ ထိ သွင်း ယူ ထား နိုင် ပြီး ပြီးခဲ့တဲ့ ရာသီက သွင်းဂိုး အရေအတွက်ကို လိုက်မှီဖို့ လေးဂိုးသာ လိုတော့တာပါ ။
စတာလင် ဟာ ချက် အ သင်း နဲ့ ပွဲ မှာ အင်္ဂလန် အသင်း အတွက် ဟက်ထရစ် သွင်းယူ နိုင်ခဲ့တာကြောင့် ပြီး ခဲ့ တဲ့ ၂၀၁၈ ခု နှစ် တုန်း က အင်္ဂလန် အ သင်း အ တွက် သွင်း ယူ ခဲ့ တဲ့ ဂိုး အ ရေ အ တွက် ကို တစ် ပွဲ တည်း နဲ့ ကျော် ဖြတ် နိုင် ခဲ့ ပါ တယ် ။
နည်းပြ ဆောက်ဂိတ် က အင်္ဂလန် အသင်း ရရှိခဲ့တဲ့ ငါးဂိုးမှာ လေးဂိုး အထိ ပါ ဝင် ပက် သက် မှု ရှိ ခဲ့ တဲ့ စ တာ လင် ကို ချီး ကျူ ူး သွား ခဲ့ ပြီး ဂိုး ရှေ့ မှာ ရ ရှိ လာ တဲ့ အ ခွင့် အ ရေး ကို တွေဝေမနေဘဲ အပိုင်နိုင်ဆုံး အသုံးချ နိုင်ခဲ့ကြောင်း ဆိုပါတယ် ။
” စတာလင် ကစားသွားတာ လုံးဝ လှုပ်လှုပ်ရွရွ ပါပဲ ။ လေ့ကျင့်ရေးကွင်းမှာလည်း ဒီလိုပါပဲ ။ သွင်းဂိုးလေးဂိုးစလုံးမှာ သူ ပါ ဝင် ပက် သက် မှု ရှိ ခဲ့ ပါ တယ် ၊ သူ့ အ တွက် ခမ်း နား တဲ့ ည တစ် ည ပါ ပဲ ။ နောက်ပြီး သူ က ရင့်ကျက်တဲ့ ဘောလုံးသမား တစ်ယောက် ဖြစ်နေပြီး သွင်းဂိုး ဆာလောင်စိတ်လည်း ရှိပါတယ် ။ ”
” နေရာယူ ကစားတာ အတော်လေး ကောင်းမွန် ခဲ့ပြီး အဆုံးသတ် စွမ်းရည်ကလည်း အပြစ် ပြောစရာကို မရှိတာပါ ။ ရလာတဲ့ အခွင့်အရေးကို တွေဝေ မနေနေဘဲ အပိုင်နိုင်ဆုံး အဆုံးသတ် သွင်းယူ နိုင်ခဲ့ပါတယ် ။ အခု အင်္ဂလန် အသင်းမှာ ဆန်ချို ၊ အိုဒွိုင်း ၊ ရက်ရှ်ဖိုဒ့် တို့လို့ တောင်ပံ တိုက်စစ် ကစားသမားကောင်းလေးတွေ ရှိနေပါတယ် ။ ” လို့ ပြော ကြား သွား ခဲ့ ပါ တယ် ။
Post a Comment