ခ်န္ပီယံလိဂ္ရံႈးထြက္အဆင့္မွာ လီဗာပူးကိုျပဳတ္ေစခ်င္တယ္ဆိုတဲ့ဂြာဒီယိုလာ
ဒီညမွာ လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္၁၆သင္းရံႈးထြက္အဆင့္ ဒုေက်ာ့ပြဲစဥ္အျဖစ္ ဘိုင္ယန္နဲ႔ယွဥ္ျပိဳင္ကစားသြားရမွာပါ။ဂြါဒီယိုလာအေနနဲ႔ အသင္းေဟာင္းဘိုင္ယန္ျမဴးနစ္ကိုသာ ကြားတားတက္ေစလိုေနတာပါ။နွစ္သင္းစလံုးအတြက္တစ္ဂိုးေလးအသာရတာနဲ႔ ေနာက္တစ္ဆင့္တက္မယ့္အေျခအေနျဖစ္ပါတယ္။
ဘိုင္ယန္ကအိမ္ကြင္းအားသာခ်က္ရွိတယ္ဆိုေပမယ့္ အန္ဖီးလ္မွာဂိုးမရွိသေရက်ထားတာေျကာင့္ ဂ်ာဂင္ကေလာ့ရဲ႕အသင္းအေနနဲ႔လည္း သေရက်ခဲ့ရင္ေတာင္ အေဝးဂိုးသြင္းနိုင္ရင္ ကြာတားတက္သြားမွာျဖစ္ပါတယ္။တကယ္လို႔လီဗာပူးသာတက္ခဲ့ရင္ UCLကြာတားဖိုင္နယ္မွာ အဂၤလန္ကလပ္ေလးသင္းျမင္ေတြ႕ရမွာပါ။ယူနိုက္တက္,စပါးနဲ႔ မန္စီးတီးတို႔တက္ေရာက္သြားျပီျဖစ္တာေျကာင့္ ျကိဳးျကာနီတို႕သာ လုပ္ျပဖို႔က်န္ေတာ့တာပါ။
ဒါေပမယ့္ ဂြါဒီယိုလာကေတာ့ အဂၤလန္အသင္းေတြစံုစံုညီညီတက္ေရာက္ဖို႔ထက္ အသင္းေဟာင္းကိုသာ အားေပးသြားမွာျဖစ္ပါတယ္။ဂြါဒီယိုလာက''အဂၤလိပ္ေတြကိုေတာ့အားနာပါတယ္။က်ေနာ္အေနနဲ႔ဘိုင္ယန္ကိုပဲကြာတားတက္ေစခ်င္ေနတယ္။က်ေနာ္ကဘိုင္ယန္ပရိတ္သတ္တစ္ေယာက္ျဖစ္ျပီး အဲ့ဒီမွာ ၃နွစ္ျကာေနခဲ့ပါတယ္။ျမဴးနွစ္ျမိဳ႕ကိုနွစ္သက္သလို ဘိုင္ယန္နဲ႔သက္ဆိုင္သူေတြကိုက်ေနာ္ခ်စ္ပါတယ္။က်ေနာ္က ဘိုင္ယန္ကိုတက္ေစခ်င္တယ္ဆိုေပမယ့္ ဒါလြယ္လြယ္ကူကူျဖစ္သြားမွာေတာ့မဟုတ္ပါဘူး''လို႕ထုတ္ေျပာခဲ့ပါတယ္။
ေရွာ္ေကးနဲ႔ပြဲမွာ တစ္ဂိုးသြင္း,သံုးဂိုးဖန္တီးခဲ့တဲ့ ဆာေနးကိုလည္းခ်ီက်ဴးခဲ့ပါေသးတယ္။သူဟာ ပထမအေက်ာ့အေဝးကြင္းပြဲမွာထဲက လွပတဲ့free-kickသြင္းဂိုးနဲ႔ မန္စီးတီးကို နိုင္ပြဲရေအာင္ကူညီခဲ့ပါေသးတယ္။ဆာေနးဟာ ဒီေန႔ပြဲရဲ႕အေကာင္းဆံုးကစားသမားလားဆိုတဲ့ေမးခြန္းကို ဂြါဒီယိုလာက''အဖြင့္ဂိုးမရခင္ထိNoလို႔ေျဖခ်င္တယ္။အေစာပိုင္းမိနစ္၂၀ေလာက္အတြင္း ျပိဳင္ဘက္ကို သူအႏၲရာယ္မေပးနိုင္ခဲ့ဘူး။အဖြင့္ဂိုးသြင္းျပီးေနာက္မွာေတာ့ ပြဲကသူ႔လက္သူ႔ေျချဖစ္သြားတယ္။သူ႔ရဲ႕ေျပးလႊားမႈေတြကိုက်ေနာ္ျကိုက္ပါတယ္။သူ႔ေျကာင့္ေဘာလံုးဆံုးရံႈးသြားရင္ေတာင္ ကိစၥမရွိပါဘူး။စတာလင္လဲဒီလိုပါပဲ။သူတို႔ဟာ လူငယ္ေတြျဖစ္လို႕ေကာင္းမြန္တဲ့လုပ္အားနႈန္းရွိပါတယ္။ပြဲတိုင္းမကစားရတာ ဆာေနးအတြက္မမ်ွတဘူူးဆိုတာက်ေနာ္သိပါတယ္။မိနစ္နွစ္ဆယ္ေနာက္ပိုင္းမွာ သူဟာ အလြန္ေကာင္းမြန္တဲ့ပံုစံနဲ႔ကစားခဲ့ျပီး သြင္းဂိုးေတြ,ဖန္တီးမႈေတြျပဳလုပ္နိုင္ခဲ့ပါတယ္။သူ႔မွာ အံ႔ျသစရာအရည္အေသြးေတြပိုင္ဆိုင္ထားပါတယ္။ကမ႓ာပတ္ျပီး ရွာရင္ေတာင္ ဆာေနးလို အရည္အေသြးျပည့္ဝတဲ့ လူငယ္မ်ိဳးရွားပါတယ္''လို႔ ေျပာခဲ့ပါတယ္။
(Unicode)
ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ လီဗာပူးကိုပြုတ်စေချင်တယ်ဆိုတဲ့ဂွာဒီယိုလာ
ဒီညမှာ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့် ဒုကျော့ပွဲစဉ်အဖြစ် ဘိုင်ယန်နဲ့ယှဉ်ပြိုင်ကစားသွားရမှာပါ။ဂွါဒီယိုလာအနေနဲ့ အသင်းဟောင်းဘိုင်ယန်မြူးနစ်ကိုသာ ကွားတားတက်စေလိုနေတာပါ။နှစ်သင်းစလုံးအတွက်တစ်ဂိုးလေးအသာရတာနဲ့ နောက်တစ်ဆင့်တက်မယ့်အခြေအနေဖြစ်ပါတယ်။
ဘိုင်ယန်ကအိမ်ကွင်းအားသာချက်ရှိတယ်ဆိုပေမယ့် အန်ဖီးလ်မှာဂိုးမရှိသရေကျထားတာကြောင့် ဂျာဂင်ကလော့ရဲ့အသင်းအနေနဲ့လည်း သရေကျခဲ့ရင်တောင် အဝေးဂိုးသွင်းနိုင်ရင် ကွာတားတက်သွားမှာဖြစ်ပါတယ်။တကယ်လို့လီဗာပူးသာတက်ခဲ့ရင် UCLကွာတားဖိုင်နယ်မှာ အင်္ဂလန်ကလပ်လေးသင်းမြင်တွေ့ရမှာပါ။ယူနိုက်တက်,စပါးနဲ့ မန်စီးတီးတို့တက်ရောက်သွားပြီဖြစ်တာကြောင့် ကြိုးကြာနီတို့သာ လုပ်ပြဖို့ကျန်တော့တာပါ။
ဒါပေမယ့် ဂွါဒီယိုလာကတော့ အင်္ဂလန်အသင်းတွေစုံစုံညီညီတက်ရောက်ဖို့ထက် အသင်းဟောင်းကိုသာ အားပေးသွားမှာဖြစ်ပါတယ်။ဂွါဒီယိုလာက''အင်္ဂလိပ်တွေကိုတော့အားနာပါတယ်။ကျနော်အနေနဲ့ဘိုင်ယန်ကိုပဲကွာတားတက်စေချင်နေတယ်။ကျနော်ကဘိုင်ယန်ပရိတ်သတ်တစ်ယောက်ဖြစ်ပြီး အဲ့ဒီမှာ ၃နှစ်ကြာနေခဲ့ပါတယ်။မြူးနှစ်မြို့ကိုနှစ်သက်သလို ဘိုင်ယန်နဲ့သက်ဆိုင်သူတွေကိုကျနော်ချစ်ပါတယ်။ကျနော်က ဘိုင်ယန်ကိုတက်စေချင်တယ်ဆိုပေမယ့် ဒါလွယ်လွယ်ကူကူဖြစ်သွားမှာတော့မဟုတ်ပါဘူး''လို့ထုတ်ပြောခဲ့ပါတယ်။
ရှော်ကေးနဲ့ပွဲမှာ တစ်ဂိုးသွင်း,သုံးဂိုးဖန်တီးခဲ့တဲ့ ဆာနေးကိုလည်းချီကျူးခဲ့ပါသေးတယ်။သူဟာ ပထမအကျော့အဝေးကွင်းပွဲမှာထဲက လှပတဲ့free-kickသွင်းဂိုးနဲ့ မန်စီးတီးကို နိုင်ပွဲရအောင်ကူညီခဲ့ပါသေးတယ်။ဆာနေးဟာ ဒီနေ့ပွဲရဲ့အကောင်းဆုံးကစားသမားလားဆိုတဲ့မေးခွန်းကို ဂွါဒီယိုလာက''အဖွင့်ဂိုးမရခင်ထိNoလို့ဖြေချင်တယ်။အစောပိုင်းမိနစ်၂၀လောက်အတွင်း ပြိုင်ဘက်ကို သူအန္တရာယ်မပေးနိုင်ခဲ့ဘူး။အဖွင့်ဂိုးသွင်းပြီးနောက်မှာတော့ ပွဲကသူ့လက်သူ့ခြေဖြစ်သွားတယ်။သူ့ရဲ့ပြေးလွှားမှုတွေကိုကျနော်ကြိုက်ပါတယ်။သူ့ကြောင့်ဘောလုံးဆုံးရှုံးသွားရင်တောင် ကိစ္စမရှိပါဘူး။စတာလင်လဲဒီလိုပါပဲ။သူတို့ဟာ လူငယ်တွေဖြစ်လို့ကောင်းမွန်တဲ့လုပ်အားနှုန်းရှိပါတယ်။ပွဲတိုင်းမကစားရတာ ဆာနေးအတွက်မမျှတဘူူးဆိုတာကျနော်သိပါတယ်။မိနစ်နှစ်ဆယ်နောက်ပိုင်းမှာ သူဟာ အလွန်ကောင်းမွန်တဲ့ပုံစံနဲ့ကစားခဲ့ပြီး သွင်းဂိုးတွေ,ဖန်တီးမှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။သူ့မှာ အံ့သြစရာအရည်အသွေးတွေပိုင်ဆိုင်ထားပါတယ်။ကမ္ဘာပတ်ပြီး ရှာရင်တောင် ဆာနေးလို အရည်အသွေးပြည့်ဝတဲ့ လူငယ်မျိုးရှားပါတယ်''လို့ ပြောခဲ့ပါတယ်။
Post a Comment