ဒင္းနစ္ဆြာရက္ဇ္ကိုအသင္းမွာဆက္ထားဖို ့မရိွေတာ့တဲ့အာဆင္နယ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ရာသီဝက္အငွားစာခ်ဳပ္နဲ႔ အာဆင္နယ္ကိုေရာက္ေနတဲ႔ စပိန္ကြင္းလယ္ကစားသမား ဒင္းနစ္ဆြာရက္ဇ္ရဲ႕စြမ္းေဆာင္ရည္ကို ေက်နပ္ျခင္းမရွိတာေၾကာင့္ ရာသီကုန္မွာ ဘာစီလိုနာကို ျပန္ပို႔ဖို႔ အာဆင္နယ္အသင္းက စီစဥ္ေနတယ္လို႔ Daily Mail ကေဖာ္ျပခဲ႔ပါတယ္။
အာဆင္နယ္အသင္းနည္းျပ အူႏိုင္းအမ္မရီဟာ ရာသီဝက္အေျပာင္းအေရႊ႕ေစ်းကြက္အတြင္းမွာ ဘာစီလိုနာကြင္းလယ္ကစားသမား ဒင္းနစ္ဆြာရင္ဇ္ကို အငွားစာခ်ဳပ္နဲ႔ ေမွ်ာ္လင့္တႀကီးေခၚယူခဲ႔ပါတယ္။ ဒါေပမယ့္ အူႏိုင္းရဲ႕ေမွ်ာ္လင့္ခ်က္ဟာ မွန္းခ်က္နဲ႔ႏွမ္းထြက္မကိုက္ခဲ႔ပဲ ဒင္းနစ္ဆြာရက္ဇ္ရဲ႕ေလ့က်င့္ေရးကြင္းစြမ္းေဆာင္ရည္အေပၚအားမရတဲ႔အတြက္ အိမ္ျပန္ပို႔ဖို႔စီစဥ္ေနပါၿပီ။ Daily Mail ရဲ႕ေဖာ္ျပခ်က္အရ အာဆင္နယ္နည္းျပ အူႏိုင္းအမ္မရီဟာ ဘာစီလိုနာနဲ႔သေဘာတူညီခ်က္အရ ရာသီကုန္မွာ ဒင္းနစ္ဆြာရက္ဇ္ကို အၿပီးသတ္စာခ်ဳပ္ဖို႔ အစီအစဥ္ကိုစိတ္မဝင္စားေတာ့ပဲ ကစားသမားအသစ္ ရွာေဖြသြားမယ္လို႔သိရပါတယ္။
ဆြာရက္ဇ္ဟာ အာဆင္နယ္အသင္းကို ေရာက္ရွိလာၿပီးေနာက္မွာ ပရီးမီးယားလိဂ္ ၄ပြဲနဲ႔ ယူရိုပါလိဂ္ ၂ပြဲကို လူစားဝင္ကစားခြင့္ရခဲ႔ၿပီး ပြဲထြက္လူစာရင္းမွာေတာ့ တစ္ပြဲမွ ပါဝင္ျခင္းမရွိေသးပါဘူး မိနစ္အားျဖင့္ ၉၅မိနစ္သာ အာဆင္နယ္အသင္းအတြက္ ကစားခြင့္ရထားပါတယ္။ အာဆင္နယ္နဲ႔ဘာစီလိုနာတုိ႔ သေဘာတူညီခ်က္အရ ဒင္းနစ္ဆြာရက္ဇ္ရဲ႕ေျခစြမ္းကိုသေဘာက်ရင္ ရာသီကုန္မွာ ေျပာင္းေရႊ႕ေၾကးေပါင္၅သန္းနဲ႔ အၿပီးသတ္စာခ်ဳပ္ရမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အူႏိုင္းအမ္မရီကေတာ့ ဆြာရက္ဇ္အေနနဲ႔ ပရီးမီးယားလိဂ္မွာ ရွင္သန္ဖို႔ ခက္ခဲလိမ္႔မယ္လို႔ မွတ္ခ်က္ေပးခဲ႔ပါတယ္။
ဒင္းနစ္ဆြာရက္ဇ္ဟာ ဗီလာရီးယဲလ္ကေန ဘာစီလိုနာကို ၂၀၁၆ေဘာလံုးရာသီကတည္းက ေျပာင္းေရႊ႕လာသူျဖစ္ၿပီး ဘာစီလိုနာမွာ သံုးရာသီအတြင္း လာလီဂါ၄၆ပြဲသာကစားခြင့္ရထားပါတယ္။ ပြဲထြက္ခြင့္ေပ်ာက္ဆံုးေနတဲ႔အတြက္ ကာယကံရွင္ကစားသမားက ဘာစီလိုနာအသင္းက ထြက္ခြာလိုေနၿပီး အသင္းကလည္း ေရာင္းထုတ္ဖို႔ ဆႏၵရွိေနပါတယ္။ အာဆင္နယ္အသင္းဟာ ဒင္းနစ္ဆြာရက္ဇ္ကို အၿပီးသတ္စာမခ်ဳပ္ဖို႔ ဆံုးျဖတ္လိုက္ၿပီး လက္ရွိအခ်ိန္မွာ ပီအက္စ္ဂ်ီကစားသမား ခရစၥတိုဖာအန္ကန္ကူကို ပစ္မွတ္ထားေနတယ္လို႔ သတင္းေတြကေဖာ္ျပေနပါတယ္။
(Unicode)
ဒင်းနစ်ဆွာရက်ဇ်ကိုအသင်းမှာဆက်ထားဖို့မရှိတော့တဲ့အာဆင်နယ်
ရာသီဝက်အငှားစာချုပ်နဲ့ အာဆင်နယ်ကိုရောက်နေတဲ့ စပိန်ကွင်းလယ်ကစားသမား ဒင်းနစ်ဆွာရက်ဇ်ရဲ့စွမ်းဆောင်ရည်ကို ကျေနပ်ခြင်းမရှိတာကြောင့် ရာသီကုန်မှာ ဘာစီလိုနာကို ပြန်ပို့ဖို့ အာဆင်နယ်အသင်းက စီစဉ်နေတယ်လို့ Daily Mail ကဖော်ပြခဲ့ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီဟာ ရာသီဝက်အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ဘာစီလိုနာကွင်းလယ်ကစားသမား ဒင်းနစ်ဆွာရင်ဇ်ကို အငှားစာချုပ်နဲ့ မျှော်လင့်တကြီးခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် အူနိုင်းရဲ့မျှော်လင့်ချက်ဟာ မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ပဲ ဒင်းနစ်ဆွာရက်ဇ်ရဲ့လေ့ကျင့်ရေးကွင်းစွမ်းဆောင်ရည်အပေါ်အားမရတဲ့အတွက် အိမ်ပြန်ပို့ဖို့စီစဉ်နေပါပြီ။ Daily Mail ရဲ့ဖော်ပြချက်အရ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာ ဘာစီလိုနာနဲ့သဘောတူညီချက်အရ ရာသီကုန်မှာ ဒင်းနစ်ဆွာရက်ဇ်ကို အပြီးသတ်စာချုပ်ဖို့ အစီအစဉ်ကိုစိတ်မဝင်စားတော့ပဲ ကစားသမားအသစ် ရှာဖွေသွားမယ်လို့သိရပါတယ်။
ဆွာရက်ဇ်ဟာ အာဆင်နယ်အသင်းကို ရောက်ရှိလာပြီးနောက်မှာ ပရီးမီးယားလိဂ် ၄ပွဲနဲ့ ယူရိုပါလိဂ် ၂ပွဲကို လူစားဝင်ကစားခွင့်ရခဲ့ပြီး ပွဲထွက်လူစာရင်းမှာတော့ တစ်ပွဲမှ ပါဝင်ခြင်းမရှိသေးပါဘူး မိနစ်အားဖြင့် ၉၅မိနစ်သာ အာဆင်နယ်အသင်းအတွက် ကစားခွင့်ရထားပါတယ်။ အာဆင်နယ်နဲ့ဘာစီလိုနာတို့ သဘောတူညီချက်အရ ဒင်းနစ်ဆွာရက်ဇ်ရဲ့ခြေစွမ်းကိုသဘောကျရင် ရာသီကုန်မှာ ပြောင်းရွှေ့ကြေးပေါင်၅သန်းနဲ့ အပြီးသတ်စာချုပ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အူနိုင်းအမ်မရီကတော့ ဆွာရက်ဇ်အနေနဲ့ ပရီးမီးယားလိဂ်မှာ ရှင်သန်ဖို့ ခက်ခဲလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဒင်းနစ်ဆွာရက်ဇ်ဟာ ဗီလာရီးယဲလ်ကနေ ဘာစီလိုနာကို ၂၀၁၆ဘောလုံးရာသီကတည်းက ပြောင်းရွှေ့လာသူဖြစ်ပြီး ဘာစီလိုနာမှာ သုံးရာသီအတွင်း လာလီဂါ၄၆ပွဲသာကစားခွင့်ရထားပါတယ်။ ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့အတွက် ကာယကံရှင်ကစားသမားက ဘာစီလိုနာအသင်းက ထွက်ခွာလိုနေပြီး အသင်းကလည်း ရောင်းထုတ်ဖို့ ဆန္ဒရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ ဒင်းနစ်ဆွာရက်ဇ်ကို အပြီးသတ်စာမချုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး လက်ရှိအချိန်မှာ ပီအက်စ်ဂျီကစားသမား ခရစ္စတိုဖာအန်ကန်ကူကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေကဖော်ပြနေပါတယ်။
Credit
Post a Comment