စီေရာ္နယ္ဒိုနဲ႔မက္ဆီတို႕ေနာက္ဆံုးသြင္းယူခဲ့တဲ့ hat-trickဆယ္ျကိမ္အေျကာင္း
မက္ဆီဟာ ရီးရဲဘက္တစ္နဲ႔ ပြဲမွာhat-trickတစ္ျကိမ္သြင္းျပီး စီေရာ္နယ္ဒိုရဲ႕ကစားသမားဘဝဟတ္ထရစ္ ၅၂ျကိမ္ကိုမွီဖို႕ တစ္ျကိမ္သာလို႕ေတာ့ပါတယ္။မက္ဆီက ဟတ္ထရစ္အျကိမ္ေရပိုနည္းေနတာ ကစားတဲ့ ပြဲ ပိုနည္းေနတာေျကာင့္လည္းျဖစ္နိုင္ပါတယ္။စီေရာ္နယ္ဒိုကလည္း ျပီးခဲ့တဲ့အပတ္ကမွ ခ်န္ပီယံလိဂ္မွာ အက္တလက္တီကိုမက္ဒရစ္ကို ဟတ္ထရစ္သြင္းျပီး ဂ်ဴဗင္ကိုကယ္တင္ခဲ့ပါေသးတယ္။ဒီပြဲမတိုင္ခင္ထဲက ေပၚတူဂီသားဟာ သူ႔မိသားစုကိုဒီပြဲ ဟက္ထရစ္သြင္းမယ္လို႔ အျကိမ္ျကိမ္ေျပာခဲ့ပါတယ္တဲ့။စီေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ လာလီဂါမွာ အတူရွိစဥ္ထဲက ဂိုးသြင္းေတြ,ဆုဖလားေတြနဲ႔ပတ္သတ္ျပီးပရိတ္သတ္ေတြနႈတ္ဖ်ားမွာ ဘယ္သူပိုေကာင္းလဲျပိဳင္ဆိုင္ေနျကပါ။အခုလိဂ္ခ်င္းမတူေတာ့တာေတာင္ သူတို႔နွစ္ဦးျကားျပိဳင္ဆိုင္မႈက ေလ်ာ႔နည္းမသြားပါဘူး။အခုလည္းကစားသမားဘဝဟတ္ထရစ္အျကိမ္ေရနဲ႕ပတ္သတ္ျပီး ပြဲဆူေနတာေျကာင့္ ဒီနွစ္ေယာက္ဟတ္ထရစ္ေနာက္ဆံုးသြင္းခဲ့တဲ့ အသင္းဆယ္သင္းကိုေဖာ္ျပေပးလိုက္ပါတယ္။
| 😱 |— Eleven Sports (@ElevenSports_UK) March 17, 2019
The reactions to Lionel Messi's third goal show how good it was!
Barcelona defender, Clement Lenglet was left with his head in his hands, and Real Betis fans were bowing to him... 🐐 pic.twitter.com/RzTspn1ocJ
မက္ဆီရဲ႕ေနာက္ဆံုးဟတ္ထရစ္ဆယ္ျကိမ္
အက္ပန္ညို(လာလီဂါ)
အီဘာ(လာလီဂါ)
အီေကြေဒါ(ကမ႓ာ႔ဖလားေျခစစ္ပြဲ)
လီဂါနက္(လာလီဂါ)
ေဟတီ(ေျခစမ္းပြဲ)
ဒီပို႔တီပို(လာလီဂါ)
PSV (UCLအုပ္စု)
လီဗန္ေတး(လာလီဂါ)
ဆီးဗီးလား(လာလီဂါ)
ဘတ္တစ္(လာလီဂါ)
စီေရာ္နယ္ဒိုရဲ႕ေနာက္ဆံုးဟတ္ထရစ္ဆယ္ျကိမ္
ဝုတ္ဘတ္(UCLကြာတား)
အလာဗတ္(လာလီဂါ)
အသလက္တီကို(လာလီဂါ)
Kashima Antlers(ကမာၻ ့ကလပ္ဖလားဗုိလုပြဲ)
ဘိုင္ယန္(UCLကြာတား)
အသလက္တီကို(UCLဆီမီးဖိုင္နယ္)
ဆိုစီဒက္(လာလီဂါ)
ဂ်ီနိုအာ(လာလီဂါ)
စပိန္(ကမာၻ ့ဖလား)
ဒီစာရင္းကိုျကည့္ ရင္ စီေရာ္နယ္ဒိုဟာ မက္ဆီထက္ပြဲျကီးေတြမွာပိုေျခစြမ္းျပတာေတြ႕ရပါတယ္။တစ္ကိုယ္ေတာ္အစြမ္းနဲ႕အသင္းကိုကယ္တင္ရာမွာေတာ့ စီေရာ္နယ္ဒိုကပိုလုပ္ျပနိုင္တာကိုမက္ဆီဖန္ေတြလက္ခံသင့္တဲ့အမွန္တရားပါပဲ။ေပၚတူဂီသားဟာ က်ဥ္းထဲက်ပ္ထဲ ဖိအားေတြေအာက္ေရာက္ရင္ပိုထင္ေပၚလာေလ့ရွိပါတယ္။
ဒါေပမယ့္ကာေရဂါရဲ႕အျမင္ကလည္း လက္ေတြ႕က်ပါတယ္။စီေရာ္နယ္ဒိုဟာ ထာဝရအေကာင္းဆံုး အဆံုးသတ္သမားျဖစ္ပါလိမ့္မယ္။ အခြင့္အေရးဖန္တီးမႈတီးမႈေတြ,ကစားကြက္တည္ေဆာက္မႈေတြအားလံုးျခံဳျကည့္ရင္ေတာ့ မက္ဆီကပိုသာပါတယ္လို႕ဆိုလာပါတယ္။
ကာေရဂါက''စီေရာ္နယ္ဒိုနဲ႔မက္ဆီဟာအေကာင္းဆံုးအဆံုးသတ္သမားေတြပါ။ထာဝရအေကာင္းဆံုးေတြလို႔လည္းဆိုနိုင္ပါတယ္။တစ္ဦးခ်င္းေျခစြမ္းအရေရာ အသင္းကိုထမ္းတင္နိူင္မႈမွာပါ ျပိဳင္ဘက္မရွိသူတို႕နွစ္ေယာက္ပဲ ဥေရာပကို လႊမ္းမိုးထားတာျကာပါျပီ။ခ်န္ပီယံလိဂ္၁၆သင္းအဆင့္ဒုေက်ာ့မွာ ေနာက္ထပ္စြမ္းေဆာင္ျပ ခဲ့တဲ့ေျခစြမ္းေတြအရလည္း သူတို႕ကိုမွီတဲ့သူမရွိေသးပါဘူး။သူတို႔ေနာက္ေယာရွိတဲ့အသင္းနဲ႔ရင္ဆိုင္ရမယ္ဆိုရင္ပဲ ျပိဳင္ဘက္ေတြအတြက္ထိတ္လန္႔စရာျဖစ္ေနပါျပီ။တကယ္လို႔ အဂၤလန္ကလပ္ေတြသာမရပ္တန္႔နိုင္ဘူးဆိုရင္ ဒီနွစ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲက ဘာစီနဲ႕ဂ်ဴဗင္ပါပဲ။''လို႔ေျပာခဲ့ပါတယ္။ ပထမဆံုးအျကိမ္ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ UCLဖိုင္နယ္ေတြ႕ဆံုမႈမွာေတာ့ ဘာစီက မန္ယူကို2-0ဆိုတဲ့ရလဒ္နဲ႕အနိုင္ယူသြားပါတယ္။အခုကြာတားနဲ႔ ဆီမီးဖိုင္နယ္မဲခြဲမႈလမ္းေျကာင္းအရေတာ့ မက္ဆီနဲ႕ေရာ္နယ္ဒိုတို႕ ထိပ္တိုက္ေတြ႕ဆံုစရာအေျကာင္းမရွိပါဘူး။ဒါေျကာင့္ ဘယ္သူပိုစြမ္းနိုင္လဲ မ်က္နွာခ်င္းဆိုင္စာရင္းရွင္းဖို႔ သူတို႔နွစ္ေယာက္ေတြ႕ဆံုတဲ့UCLဗိုလ္လုပြဲကိုအရိတ္သတ္ေတြျမင္ေတြ႕လိုေနပါတယ္။
(Unicode)
စီရော်နယ်ဒိုနဲ့မက်ဆီတို့နောက်ဆုံးသွင်းယူခဲ့တဲ့ hat-trickဆယ်ကြိမ်အကြောင်း
မက်ဆီဟာ ရီးရဲဘက်တစ်နဲ့ ပွဲမှာhat-trickတစ်ကြိမ်သွင်းပြီး စီရော်နယ်ဒိုရဲ့ကစားသမားဘဝဟတ်ထရစ် ၅၂ကြိမ်ကိုမှီဖို့ တစ်ကြိမ်သာလို့တော့ပါတယ်။မက်ဆီက ဟတ်ထရစ်အကြိမ်ရေပိုနည်းနေတာ ကစားတဲ့ ပွဲ ပိုနည်းနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။စီရော်နယ်ဒိုကလည်း ပြီးခဲ့တဲ့အပတ်ကမှ ချန်ပီယံလိဂ်မှာ အက်တလက်တီကိုမက်ဒရစ်ကို ဟတ်ထရစ်သွင်းပြီး ဂျူဗင်ကိုကယ်တင်ခဲ့ပါသေးတယ်။ဒီပွဲမတိုင်ခင်ထဲက ပေါ်တူဂီသားဟာ သူ့မိသားစုကိုဒီပွဲ ဟက်ထရစ်သွင်းမယ်လို့ အကြိမ်ကြိမ်ပြောခဲ့ပါတယ်တဲ့။စီရော်နယ်ဒိုနဲ့ မက်ဆီတို့ လာလီဂါမှာ အတူရှိစဉ်ထဲက ဂိုးသွင်းတွေ,ဆုဖလားတွေနဲ့ပတ်သတ်ပြီးပရိတ်သတ်တွေနှုတ်ဖျားမှာ ဘယ်သူပိုကောင်းလဲပြိုင်ဆိုင်နေကြပါ။အခုလိဂ်ချင်းမတူတော့တာတောင် သူတို့နှစ်ဦးကြားပြိုင်ဆိုင်မှုက လျော့နည်းမသွားပါဘူး။အခုလည်းကစားသမားဘဝဟတ်ထရစ်အကြိမ်ရေနဲ့ပတ်သတ်ပြီး ပွဲဆူနေတာကြောင့် ဒီနှစ်ယောက်ဟတ်ထရစ်နောက်ဆုံးသွင်းခဲ့တဲ့ အသင်းဆယ်သင်းကိုဖော်ပြပေးလိုက်ပါတယ်။
မက်ဆီရဲ့နောက်ဆုံးဟတ်ထရစ်ဆယ်ကြိမ်
အက်ပန်ညို(လာလီဂါ)
အီဘာ(လာလီဂါ)
အီကွေဒေါ(ကမ္ဘာ့ဖလားခြေစစ်ပွဲ)
လီဂါနက်(လာလီဂါ)
ဟေတီ(ခြေစမ်းပွဲ)
ဒီပို့တီပို(လာလီဂါ)
PSV (UCLအုပ်စု)
လီဗန်တေး(လာလီဂါ)
ဆီးဗီးလား(လာလီဂါ)
ဘတ်တစ်(လာလီဂါ)
စီရော်နယ်ဒိုရဲ့နောက်ဆုံးဟတ်ထရစ်ဆယ်ကြိမ်
ဝုတ်ဘတ်(UCLကွာတား)
အလာဗတ်(လာလီဂါ)
အသလက်တီကို(လာလီဂါ)
Kashima Antlers(ကမ္ဘာ့ကလပ်ဖလားဗိုလုပွဲ)
ဘိုင်ယန်(UCLကွာတား)
အသလက်တီကို(UCLဆီမီးဖိုင်နယ်)
ဆိုစီဒက်(လာလီဂါ)
ဂျီနိုအာ(လာလီဂါ)
စပိန်(ကမ္ဘာ့ဖလား)
ဒီစာရင်းကိုကြည့် ရင် စီရော်နယ်ဒိုဟာ မက်ဆီထက်ပွဲကြီးတွေမှာပိုခြေစွမ်းပြတာတွေ့ရပါတယ်။တစ်ကိုယ်တော်အစွမ်းနဲ့အသင်းကိုကယ်တင်ရာမှာတော့ စီရော်နယ်ဒိုကပိုလုပ်ပြနိုင်တာကိုမက်ဆီဖန်တွေလက်ခံသင့်တဲ့အမှန်တရားပါပဲ။ပေါ်တူဂီသားဟာ ကျဉ်းထဲကျပ်ထဲ ဖိအားတွေအောက်ရောက်ရင်ပိုထင်ပေါ်လာလေ့ရှိပါတယ်။
ဒါပေမယ့်ကာရေဂါရဲ့အမြင်ကလည်း လက်တွေ့ကျပါတယ်။စီရော်နယ်ဒိုဟာ ထာဝရအကောင်းဆုံး အဆုံးသတ်သမားဖြစ်ပါလိမ့်မယ်။ အခွင့်အရေးဖန်တီးမှုတီးမှုတွေ,ကစားကွက်တည်ဆောက်မှုတွေအားလုံးခြုံကြည့်ရင်တော့ မက်ဆီကပိုသာပါတယ်လို့ဆိုလာပါတယ်။
ကာရေဂါက''စီရော်နယ်ဒိုနဲ့မက်ဆီဟာအကောင်းဆုံးအဆုံးသတ်သမားတွေပါ။ထာဝရအကောင်းဆုံးတွေလို့လည်းဆိုနိုင်ပါတယ်။တစ်ဦးချင်းခြေစွမ်းအရရော အသင်းကိုထမ်းတင်နိူင်မှုမှာပါ ပြိုင်ဘက်မရှိသူတို့နှစ်ယောက်ပဲ ဥရောပကို လွှမ်းမိုးထားတာကြာပါပြီ။ချန်ပီယံလိဂ်၁၆သင်းအဆင့်ဒုကျော့မှာ နောက်ထပ်စွမ်းဆောင်ပြ ခဲ့တဲ့ခြေစွမ်းတွေအရလည်း သူတို့ကိုမှီတဲ့သူမရှိသေးပါဘူး။သူတို့နောက်ယောရှိတဲ့အသင်းနဲ့ရင်ဆိုင်ရမယ်ဆိုရင်ပဲ ပြိုင်ဘက်တွေအတွက်ထိတ်လန့်စရာဖြစ်နေပါပြီ။တကယ်လို့ အင်္ဂလန်ကလပ်တွေသာမရပ်တန့်နိုင်ဘူးဆိုရင် ဒီနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲက ဘာစီနဲ့ဂျူဗင်ပါပဲ။''လို့ပြောခဲ့ပါတယ်။ ပထမဆုံးအကြိမ် မက်ဆီနဲ့ ရော်နယ်ဒိုတို့ UCLဖိုင်နယ်တွေ့ဆုံမှုမှာတော့ ဘာစီက မန်ယူကို2-0ဆိုတဲ့ရလဒ်နဲ့အနိုင်ယူသွားပါတယ်။အခုကွာတားနဲ့ ဆီမီးဖိုင်နယ်မဲခွဲမှုလမ်းကြောင်းအရတော့ မက်ဆီနဲ့ရော်နယ်ဒိုတို့ ထိပ်တိုက်တွေ့ဆုံစရာအကြောင်းမရှိပါဘူး။ဒါကြောင့် ဘယ်သူပိုစွမ်းနိုင်လဲ မျက်နှာချင်းဆိုင်စာရင်းရှင်းဖို့ သူတို့နှစ်ယောက်တွေ့ဆုံတဲ့UCLဗိုလ်လုပွဲကိုအရိတ်သတ်တွေမြင်တွေ့လိုနေပါတယ်။
Post a Comment