Header Ads


ဆီျမြန္နီလိုလိုက္လုပ္ျပခဲ့ရိုနယ္ဒိုUEFA ရဲ ့ပစ္ဒဏ္ခ်မွတ္ျခင္းကိုခံရေတာ့မည္။

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

အက္သလက္တီကို မက္ဒရစ္ နည္းျပ ဒီေယဂို ဆိုင္မြန္ကို ျပန္လည္ လက္စားေခ်တဲ့ ေအာင္ပြဲခံ အျပဳအမူကို ျပဳမူခဲ့တာျဖစ္ၿပီး ဒီအျပဳအမူအတြက္ အျပစ္ဒဏ္ က်ခံရမွာပါ။
ဂ်ဴဗင္တပ္အသင္းက အက္သလက္တီကိုအသင္းကို - ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ဒု-ေက်ာ့ ပြဲစဥ္အၿပီးမွာ ရိုင္းျပတဲ့ ေအာင္ပြဲခံဟန္ျပဳလုပ္ခဲ့တာေၾကာင့္ ယူအီးအက္ဖ္ေအက ေရာ္နယ္ဒိုကို ျပစ္ဒဏ္ခ် မွတ္မယ္လို႔ BBC SPORTက ေဖာ္ျပခဲ့ပါတယ္။

ပထမအေက်ာ့ အက္သလက္တီကိုအသင္း အိမ္ကြင္းမွာ - နဲ႔ ရႈံးနိမ့္ခဲဲ့ခ်ိန္တုန္းက အက္သလက္တီကိုနည္းျပ ဒီေယဂိုဆိုင္မြန္က ဂ်ဴဗင္တပ္ ပရိသတ္ေတြဖက္လွည့္ၿပီး လက္ႏွစ္ဖက္ကို ေပါင္ၾကားထဲ ရိုက္ျပကာ ရိုင္းျပစြာ ေအာင္ပြဲခံခဲ့တာပါ။


ဒုတိယအေက်ာ့မွာ ဂ်ဴဗင္တပ္က အက္သလက္တီကုိကုိ ျပန္လည္အႏိုင္ယူၿပီးခ်ိန္မွာေတာ့ ေရာ္နယ္ဒုိက ဒီေယဂိုဆိုင္မြန္ကဲ့သုိ႕ပင္ တူညီတဲဲ့ ေအာင္ပြဲခံဟန္နဲ႔ ျပန္လည္ လက္စားေခ်ျပခဲ့တာလည္း ျဖစ္ပါတယ္။ ဒီေယဂို ဆိုင္မြန္တုန္းက ရိုင္းျပတဲ့ အျပဳအမူအတြက္ ယူရို ၂၀၀၀၀(ေပါင္ ၁၇၀၀၀) ေပးေဆာင္ေစခဲ့တာေၾကာင့္ လည္း အခုတစ္ႀကိမ္ ေရာ္နယ္ဒိုအလွည့္လည္း ယူအီးအက္ဖ္ေအက ျပစ္ဒဏ္ခ်မွတ္ေတာ့မွာပါ။

ေရာ္နယ္ဒိုအတြက္ ျပစ္ဒဏ္ကိုေတာ့ လာမယ့္ မတ္လ ၂၁ ရက္ေန႔မွာ ခ်မွတ္မယ္လို႔ BBC SPORT သတင္းဌာန က ဆက္လက္ေဖာ္ျပထားပါတယ္။ ေရာ္နယ္ဒိုကေတာ့ ေပၚတူဂီအသင္းနဲ႔အတူ ယူရို၂၀၂၀ ေျခစစ္ပြဲ ကစားဖို႔ ရွိေနၿပီး ဂ်ဴဗင္တပ္အသင္းကေတာ့ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္မွာ ေအဂ်က္အသင္းနဲ႔ ေတြ႕ဆုံေနပါတယ္။

(Unicode)
ဆီမြွန်နီလိုလိုက်လုပ်ပြခဲ့ရိုနယ်ဒိုUEFA ရဲ့ပစ်ဒဏ်ချမှတ်ခြင်းကိုခံရတော့မည်။

အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆိုင်မွန်ကို ပြန်လည် လက်စားချေတဲ့ အောင်ပွဲခံ အပြုအမူကို ပြုမူခဲ့တာဖြစ်ပြီး ဒီအပြုအမူအတွက် အပြစ်ဒဏ် ကျခံရမှာပါ။
ဂျူဗင်တပ်အသင်းက အက်သလက်တီကိုအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒု-ကျော့ ပွဲစဉ်အပြီးမှာ ရိုင်းပြတဲ့ အောင်ပွဲခံဟန်ပြုလုပ်ခဲ့တာကြောင့် ယူအီးအက်ဖ်အေက ရော်နယ်ဒိုကို ပြစ်ဒဏ်ချ မှတ်မယ်လို့ BBC SPORTက ဖော်ပြခဲ့ပါတယ်။

ပထမအကျော့ အက်သလက်တီကိုအသင်း အိမ်ကွင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ချိန်တုန်းက အက်သလက်တီကိုနည်းပြ ဒီယေဂိုဆိုင်မွန်က ဂျူဗင်တပ် ပရိသတ်တွေဖက်လှည့်ပြီး လက်နှစ်ဖက်ကို ပေါင်ကြားထဲ ရိုက်ပြကာ ရိုင်းပြစွာ အောင်ပွဲခံခဲ့တာပါ။

ဒုတိယအကျော့မှာ ဂျူဗင်တပ်က အက်သလက်တီကိုကို ပြန်လည်အနိုင်ယူပြီးချိန်မှာတော့ ရော်နယ်ဒိုက ဒီယေဂိုဆိုင်မွန်ကဲ့သို့ပင် တူညီတဲ့ အောင်ပွဲခံဟန်နဲ့ ပြန်လည် လက်စားချေပြခဲ့တာလည်း ဖြစ်ပါတယ်။ ဒီယေဂို ဆိုင်မွန်တုန်းက ရိုင်းပြတဲ့ အပြုအမူအတွက် ယူရို ၂၀၀၀၀(ပေါင် ၁၇၀၀၀) ပေးဆောင်စေခဲ့တာကြောင့် လည်း အခုတစ်ကြိမ် ရော်နယ်ဒိုအလှည့်လည်း ယူအီးအက်ဖ်အေက ပြစ်ဒဏ်ချမှတ်တော့မှာပါ။
ရော်နယ်ဒိုအတွက် ပြစ်ဒဏ်ကိုတော့ လာမယ့် မတ်လ ၂၁ ရက်နေ့မှာ ချမှတ်မယ်လို့ BBC SPORT သတင်းဌာန က ဆက်လက်ဖော်ပြထားပါတယ်။ ရော်နယ်ဒိုကတော့ ပေါ်တူဂီအသင်းနဲ့အတူ ယူရို၂၀၂၀ ခြေစစ်ပွဲ ကစားဖို့ ရှိနေပြီး ဂျူဗင်တပ်အသင်းကတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ အေဂျက်အသင်းနဲ့ တွေ့ဆုံနေပါတယ်။

No comments

Powered by Blogger.