လီဗာပူးလ္အသင္းနဲ ့မန္ယူနိုက္တက္တို ့ရဲ ့စတား၂ေယာက္ကိုေခၚယူခ်င္ေနတဲ့ နည္းျပဇီဒန္း
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
သတင္းမ်ားရဲ ့အဆိုအရေတာ့ ရီးရဲလ္မက္ဒရစ္အသင္းရဲ ့ေခတ္သစ္ေတာ္လွန္ေရးအသင္းသစ္မွာ မန္ခ်က္စတာယူနိုက္တက္ရဲ ့စတားေပါလ္ေပါ့ဘာနဲ ့လီဗာပူးလ္အသင္းရဲ ့အားထားရဲ ့ေတာင္ပံကစားသမား မာေနးတို ့၂ေယာက္ကို နည္းျပဇီဒန္းကအလိုရိွေနတာပဲျဖစ္ပါတယ္။ဥကၠဌဖေလာ္ရန္တီနိုပီးရက္ဇ္ဟာ နည္းျပဆိုလာရီကိုထုတ္ပယ္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့တနလၤာေန ့က နည္းျပေဟာင္းဇီဒန္းကိုျပန္လည္ခန္ ့အပ္ခဲ့ၿပီး အေျပာင္းအေရႊ ့ေစ်းကြက္မွာ ဇီဒန္းတစ္ေယာက္ စိတ္ၾကိဳက္လႈပ္ရွားဖို ့ကတိေပးခဲ့သလို ဒီဆိုးရြားလွတဲ့ရာသီၿပီးေနာက္ ၾကယ္စင္စုအသင္းကို ျပန္လည္တည္ေဆာက္ဖို ့အလိုရိွေနတာပဲျဖစ္ပါတယ္။
လာလီဂါမွာလည္း ဘာစီလိုနာအသင္းနဲ ့အမွတ္ျပတ္သြားခဲ့သလို ခ်န္ပီယံလိပ္ကေနလည္းထြက္ခြာသြားရၿပီးျဖစ္တာေၾကာင့္ ဇီဒန္းက အီဒင္ဟာဇက္၊အဲရစ္ဆင္နဲ ့အမ္ဘာေပးတို ့ကိုလာမယ့္ရာသီအတြက္ ပစ္မွတ္ထားၿပီးသားျဖစ္ပါတယ္။စပိန္ TV ပရိုဂရမ္ El Chiringuito ရဲ ့အဆိုအရေတာ့ ျပင္သစ္နည္းျပဟာ မာေနးနဲ ့ေပါ့ဘာတို ့ကိုပါေခၚယူခ်င္ၿပီးတိုက္စစ္ကို ေပါက္ကြဲသြားဖို ့အလိုရိွေနေၾကာင္းဆိုထားပါတယ္။ၿပီးခဲ့တဲ့ရာသီက ဆီနီေဂါေတာင္ပံကစားသမားဟာ ဂရတ္ေဘးရဲ ့ေနရာဆက္ခံဖို ့အထိရည္ရြယ္ထားတာပဲျဖစ္ပါတယ္။ျပင္သစ္ေဘာလံုးရဲ ့အတည္ျပဳခ်က္အရ ၿပီးခဲ့တဲ့ေႏြရာသီထဲက မာေနးဟာဘာေနဗ်ဴကို သြားဖို ့ေဆြးေႏြးေနခဲ့ၿပီး ဇီဒန္းထြက္ခြာသြားခဲ့လိုသာ အေျပာင္းအေရႊ ့ပ်က္ျပယ္သြားခဲ့တာပဲျဖစ္ပါတယ္။
အန္ဖိီးကလပ္နဲ့စာခ်ဳပ္အသစ္ခ်ဳပ္ဆုိထားခဲ့ေသာ္လည္း အသက္၂၆နွစ္အရြယ္မာေနးက အနာဂတ္မွာဘာျဖစ္မလဲဘယ္သူမွမသိေၾကာင္းေျပာဆိုခဲ့ပါတယ္။ ” လီဗာပူးလ္အသင္းမွာကၽြန္ေတာ္အရမ္းေပ်ာ္ပါတယ္။ဒါပင္မယ့္ အနာဂတ္မွာဘာေတြျဖစ္လာမလဲဆိုတာမင္းဘယ္ေတာ့မွာ မသိပါဘူး။” လို ့ရာသီအစတုန္းက သူ ့ရဲ ့အနာဂတ္နဲ ့ပတ္သတ္ၿပီးေမးခြန္းအေပၚေျဖၾကားခဲ့ဖူးတာပဲျဖစ္ပါတယ္။
(Unicode)
လီဗာပူးလ်အသင်းနဲ့မန်ယူနိုက်တက်တို့ရဲ့စတား၂ယောက်ကိုခေါ်ယူချင်နေတဲ့ နည်းပြဇီဒန်း
သတင်းများရဲ့အဆိုအရတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ခေတ်သစ်တော်လှန်ရေးအသင်းသစ်မှာ မန်ချက်စတာယူနိုက်တက်ရဲ့စတားပေါလ်ပေါ့ဘာနဲ့လီဗာပူးလ်အသင်းရဲ့အားထားရဲ့တောင်ပံကစားသမား မာနေးတို့၂ယောက်ကို နည်းပြဇီဒန်းကအလိုရှိနေတာပဲဖြစ်ပါတယ်။ဥက္ကဌဖလော်ရန်တီနိုပီးရက်ဇ်ဟာ နည်းပြဆိုလာရီကိုထုတ်ပယ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့တနင်္လာနေ့က နည်းပြဟောင်းဇီဒန်းကိုပြန်လည်ခန့်အပ်ခဲ့ပြီး အပြောင်းအရွှေ့ဈေးကွက်မှာ ဇီဒန်းတစ်ယောက် စိတ်ကြိုက်လှုပ်ရှားဖို့ကတိပေးခဲ့သလို ဒီဆိုးရွားလှတဲ့ရာသီပြီးနောက် ကြယ်စင်စုအသင်းကို ပြန်လည်တည်ဆောက်ဖို့အလိုရှိနေတာပဲဖြစ်ပါတယ်။
လာလီဂါမှာလည်း ဘာစီလိုနာအသင်းနဲ့အမှတ်ပြတ်သွားခဲ့သလို ချန်ပီယံလိပ်ကနေလည်းထွက်ခွာသွားရပြီးဖြစ်တာကြောင့် ဇီဒန်းက အီဒင်ဟာဇက်၊အဲရစ်ဆင်နဲ့အမ်ဘာပေးတို့ကိုလာမယ့်ရာသီအတွက် ပစ်မှတ်ထားပြီးသားဖြစ်ပါတယ်။စပိန် TV ပရိုဂရမ် El Chiringuito ရဲ့အဆိုအရတော့ ပြင်သစ်နည်းပြဟာ မာနေးနဲ့ပေါ့ဘာတို့ကိုပါခေါ်ယူချင်ပြီးတိုက်စစ်ကို ပေါက်ကွဲသွားဖို့အလိုရှိနေကြောင်းဆိုထားပါတယ်။ပြီးခဲ့တဲ့ရာသီက ဆီနီဂေါတောင်ပံကစားသမားဟာ ဂရတ်ဘေးရဲ့နေရာဆက်ခံဖို့အထိရည်ရွယ်ထားတာပဲဖြစ်ပါတယ်။ပြင်သစ်ဘောလုံးရဲ့အတည်ပြုချက်အရ ပြီးခဲ့တဲ့နွေရာသီထဲက မာနေးဟာဘာနေဗျူကို သွားဖို့ဆွေးနွေးနေခဲ့ပြီး ဇီဒန်းထွက်ခွာသွားခဲ့လိုသာ အပြောင်းအရွှေ့ပျက်ပြယ်သွားခဲ့တာပဲဖြစ်ပါတယ်။
အန်ဖီးကလပ်နဲ့စာချုပ်အသစ်ချုပ်ဆိုထားခဲ့သော်လည်း အသက်၂၆နှစ်အရွယ်မာနေးက အနာဂတ်မှာဘာဖြစ်မလဲဘယ်သူမှမသိကြောင်းပြောဆိုခဲ့ပါတယ်။ ” လီဗာပူးလ်အသင်းမှာကျွန်တော်အရမ်းပျော်ပါတယ်။ဒါပင်မယ့် အနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာမင်းဘယ်တော့မှာ မသိပါဘူး။” လို့ရာသီအစတုန်းက သူ့ရဲ့အနာဂတ်နဲ့ပတ်သတ်ပြီးမေးခွန်းအပေါ်ဖြေကြားခဲ့ဖူးတာပဲဖြစ်ပါတယ်။
Post a Comment