Header Ads


ဆိုးလ္ရွားကိုတရား၀င္နည္းျပအျဖစ္သတ္မွတ္ေၾကာင္းေၾကညာခဲ့တဲ့မန္ခ်က္စတာယူနိုက္တက္



မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ အသင္းရဲ႕ယာယီနည္းျပ အုိလီဂန္းနားဆိုးလ္ရွားကို အၿမဲတမ္းနည္းျပအျဖစ္ ခန္႔အပ္လုိက္ၿပီျဖစ္တယ္လို႔ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕တရားဝက္ဘ္ဆုိက္မွာ ေၾကညာခဲ့ပါတယ္။

ဆိုးလ္ရွားဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းအတြက္ ၁၉၉၆ ခုႏွစ္ကေန ၂၀၀၇ ခုႏွစ္အထိ ၃၆၆ ပြဲကစားၿပီး ၁၂၆ ဂိုးသြင္းယူေပးခဲ့တဲ့ ဂႏၱဝင္တုိက္စစ္မွဴးျဖစ္ပါတယ္။ ကစားသမားဘဝကေန အနားယူၿပီးေနာက္မွာလည္း ၂၀၁၀ ခုႏွစ္အထိ မန္ခ်က္စတာယူႏိုက္တက္လူငယ္အသင္းကုိ နည္းျပခဲ့သူျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၁၉ ရက္ေန႔မွာ ယာယီနည္းျပအျဖစ္ ခန္႔အပ္ခံခဲ့ရသူျဖစ္ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္အသင္းကို ယာယီနည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္ခဲ့ရာ စုစုေပါင္း ၁၉ ပြဲမွာ ၁၄ ပြဲႏုိင္ ပြဲသေရ ပြဲရံႈးရလဒ္ရရွိထားတဲ့ ဆိုလ္ရွားကို မန္ခ်က္စတာယူႏုိက္တက္အသင္းက ယေန႔မွာ အၿမဲတမ္းနည္းျပအျဖစ္ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆုိခဲ့တာျဖစ္ပါတယ္။



ကၽြန္ေတာ္ စေရာက္ခဲ့တဲ့ ပထမဆံုးေန႔ကတည္းက ဒီထူူးျခားတဲ့အသင္းမွာရွိရတာဟာ ကၽြန္ေတာ့္ရဲ႕အိမ္လိုမ်ိဳး ခံစားခဲ့ရပါတယ္။ မန္ခ်က္္စတာယူႏုိက္တက္ကစားသမားျဖစ္ခဲ့ရတာ ဂုဏ္ယူမိၿပီး ကၽြန္ေတာ့္ရဲ႕နည္းျပဘဝကိုလည္း ဒီမွာ စတင္ခဲ့တာပါ။ ေနာက္ဆံုးလအနည္းငယ္ဟာ အံ့အားသင့္စရာ အေတြ႕အႀကံဳေတြရခဲ့ၿပီး အလုပ္္အတြက္ အတူလုပ္ခဲ့ၾကတဲ့ နည္းျပအဖြဲ႕ဝင္ေတြ၊ ကစားသမားေတြနဲ႔ ဝန္ထမ္းေတြအားလံုးကို ကၽြန္ေတာ္ ေက်းဇူးတင္ေၾကာင္း ေျပာခ်င္ပါတယ္။ ဒီအလုပ္က ကၽြန္ေတာ္ အၿမဲတမ္းလုပ္ဖို႔အတြက္ အိပ္မက္မက္ခဲ့ရတဲ့အလုပ္ျဖစ္ၿပီး အသင္းကို ကာလရွည္ဦးေဆာင္သြားႏုိင္မယ့္ အခြင့္အေရးရရွိခဲ့တဲ့အတြက္ စိတ္လႈပ္ရွားတာထက္ကို ေက်ာ္လြန္ပါတယ္။ ကၽြန္ေတာ္တုိ႔ရဲ႕အံ့အားသင့္စရာပရိသတ္ေတြနဲ႔ထုိက္တန္တဲ့ ေအာင္ျမင္ေတြဆီကို ေရွ႕ဆက္ပို႔ေဆာင္သြားႏုိင္မယ္လုိ႔ ေမွ်ာ္လင့္မိပါတယ္လို႔ ဆုိးလ္ရွားက မန္ခ်က္စတာယူႏိုက္တက္ ဝက္ဘ္ဆုိက္ကုိ ေျပာၾကားခဲ့ပါတယ္။

(Unicode)

ဆိုးလ်ရှားကိုတရားဝင်နည်းပြအဖြစ်သတ်မှတ်ကြောင်းကြေညာခဲ့တဲ့မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ယာယီနည်းပြ အိုလီဂန်းနားဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်လိုက်ပြီဖြစ်တယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့တရားဝက်ဘ်ဆိုက်မှာ ကြေညာခဲ့ပါတယ်။

ဆိုးလ်ရှားဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၁၉၉၆ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ၃၆၆ ပွဲကစားပြီး ၁၂၆ ဂိုးသွင်းယူပေးခဲ့တဲ့ ဂန္တဝင်တိုက်စစ်မှူးဖြစ်ပါတယ်။ ကစားသမားဘဝကနေ အနားယူပြီးနောက်မှာလည်း ၂၀၁၀ ခုနှစ်အထိ မန်ချက်စတာယူနိုက်တက်လူငယ်အသင်းကို နည်းပြခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ယာယီနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ရာ စုစုပေါင်း ၁၉ ပွဲမှာ ၁၄ ပွဲနိုင် ၂ ပွဲသရေ ၃ ပွဲရှုံးရလဒ်ရရှိထားတဲ့ ဆိုလ်ရှားကို မန်ချက်စတာယူနိုက်တက်အသင်းက ယနေ့မှာ အမြဲတမ်းနည်းပြအဖြစ် ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် စရောက်ခဲ့တဲ့ ပထမဆုံးနေ့ကတည်းက ဒီထူူးခြားတဲ့အသင်းမှာရှိရတာဟာ ကျွန်တော့်ရဲ့အိမ်လိုမျိုး ခံစားခဲ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်ကစားသမားဖြစ်ခဲ့ရတာ ဂုဏ်ယူမိပြီး ကျွန်တော့်ရဲ့နည်းပြဘဝကိုလည်း ဒီမှာ စတင်ခဲ့တာပါ။ နောက်ဆုံးလအနည်းငယ်ဟာ အံ့အားသင့်စရာ အတွေ့အကြုံတွေရခဲ့ပြီး အလုပ်အတွက် အတူလုပ်ခဲ့ကြတဲ့ နည်းပြအဖွဲ့ဝင်တွေ၊ ကစားသမားတွေနဲ့ ဝန်ထမ်းတွေအားလုံးကို ကျွန်တော် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဒီအလုပ်က ကျွန်တော် အမြဲတမ်းလုပ်ဖို့အတွက် အိပ်မက်မက်ခဲ့ရတဲ့အလုပ်ဖြစ်ပြီး အသင်းကို ကာလရှည်ဦးဆောင်သွားနိုင်မယ့် အခွင့်အရေးရရှိခဲ့တဲ့အတွက် စိတ်လှုပ်ရှားတာထက်ကို ကျော်လွန်ပါတယ်။ ကျွန်တော်တို့ရဲ့အံ့အားသင့်စရာပရိသတ်တွေနဲ့ထိုက်တန်တဲ့ အောင်မြင်တွေဆီကို ရှေ့ဆက်ပို့ဆောင်သွားနိုင်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ဆိုးလ်ရှားက မန်ချက်စတာယူနိုက်တက် ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။

No comments

Powered by Blogger.