Header Ads


ဒဏ္ရာျပႆနာေၾကာင့္မန္ယူနဲ ့ပြဲမွာပါ၀င္ကစားဖို ့မေသခ်ာမေရရာျဖစ္ေနတဲ့ မက္ဆီ


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
တင္ပါးဆုံးရိုး ဒဏ္ရာကို ဗင္နီဇြဲလားကို ရႈံးနိမ့္ခဲ့တဲ့ ေျခစမ္းပြဲမွာ ရရွိခဲ့တာ ျဖစ္ၿပီး ဒဏ္ရာေဟာင္း ျဖစ္လို႔ မန္ယူနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ ကြာတားအမီ ျပန္ေကာင္းလာဖို႔ စိုးရိမ္စရာ ရွိေနတာ ျဖစ္ပါတယ္။

ဗင္နီဇြဲလားအသင္းကို - ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ ႏိုင္ငံတကာ ေျခစမ္းပြဲမွာ တင္ပါးဆုံရိုး ဒဏ္ရာရရွိခဲ့တဲ့ မက္ဆီအေနနဲ႔ မန္ယူအသင္းနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ ကြာတားဖို္င္နယ္ ပထမအေက်ာ့ ပြဲအမီ ျပန္လည္ၿပီး ၾကံ့ခိုင္မႈ ျပည့္၀လာဖို႔ ရုန္းကန္ေနရတယ္လို႔ talkSPORT သတင္းဌာနက ေဖာ္ျပလာပါတယ္။

ဘာစီလိုနာအသင္းရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ မက္ဆီအေနနဲ႔ မနက္ျဖန္မွာ ကစားမယ့္ ေမာ္ရိုကိုအသင္းနဲ႔ ေနာက္ထပ္ ေျခစမ္းပြဲကိုေတာ့ ဘယ္လိုမွ ပါ၀င္ကစားႏိုင္ေတာ့မွာ မဟုတ္ဘူးလို႔ ပါ၀င္ေနပါတယ္။

မက္ဆီအေနနဲ႔ ႏိုင္ငံတကာ တာ၀န္ကို ေနာက္ထပ္ ထပ္မံ ထမ္းေဆာင္ႏိုင္ေတာ့မွာ မဟုတ္ပဲ၊အေၾကာင္းက ေတာ့ ပထမပြဲမွာ ရခဲ့တဲ့ဒဏ္ရာေၾကာင့္ ဒုတိယပြဲကို ပါ၀င္ႏိုင္ေတာ့မွာ မဟုတ္ေတာ့ပါဘူး။လို႔ ဘာစီလိုနာအသင္းရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။



မက္ဆီအေနနဲ႔ ၂၀၁၈ ကမၻာ႔ဖလား ၁၆ သင္းအဆင့္မွာ ျပင္သစ္ကိုရႈံးနိမ့္အၿပီးကတည္းက ႏိုင္ငံအသင္း တာ၀န္ ကေန ေခတၱအနားယူထားသူ ျဖစ္ၿပီး ၿပီးခဲ့တဲ့ ဗင္နီဇြဲလားအသင္းနဲ႔ပြဲက ပထမဆုံး ျပန္လည္ ကစားတဲ့ ပြဲလည္း ျဖစ္ေပမယ့္ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။


အခုရရွိသြားတဲ့ တင္ပါးဆုံးရိုး ဒဏ္ရာကေတာ့ မက္ဆီရဲ႕ဒဏ္ရာေဟာင္းလို႔သိရၿပီး ဘာစီလိုနာအသင္းကေတာ့ ကလပ္အသင္းပြဲေတြပါ လြဲေခ်ာ္ေတာ့မယ့္အေရးကို စိတ္ပူေနတယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္အထိ မက္ဆီ အနားယူရမယ့္ ရက္ကို အတိအက် ထုတ္ျပန္ေပးျခင္း မရွိေသးေပမယ့္လည္း ၾကံ့ခိုင္မႈျပည့္၀ဖို႔ ရုန္းကန္ေနရၿပီး မန္ယူနဲ႔ပြဲအမီ ၾကံ့ခိုင္မႈ ျပည့္၀လာဖို႔ အခုခ်ိန္မွာ ရုန္းကန္ေနရၿပီလည္း ျဖစ္ပါ တယ္။


(Unicode)

ဒဏ်ရာပြဿနာကြောင့်မန်ယူနဲ့ပွဲမှာပါဝင်ကစားဖို့မသေချာမရေရာဖြစ်နေတဲ့ မက်ဆီ

တင်ပါးဆုံးရိုး ဒဏ်ရာကို ဗင်နီဇွဲလားကို ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာ ရရှိခဲ့တာ ဖြစ်ပြီး ဒဏ်ရာဟောင်း ဖြစ်လို့ မန်ယူနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ကွာတားအမီ ပြန်ကောင်းလာဖို့ စိုးရိမ်စရာ ရှိနေတာ ဖြစ်ပါတယ်။
ဗင်နီဇွဲလားအသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာ တင်ပါးဆုံရိုး ဒဏ်ရာရရှိခဲ့တဲ့ မက်ဆီအနေနဲ့ မန်ယူအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲအမီ ပြန်လည်ပြီး ကြံ့ခိုင်မှု ပြည့်ဝလာဖို့ ရုန်းကန်နေရတယ်လို့ talkSPORT သတင်းဌာနက ဖော်ပြလာပါတယ်။
ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ မက်ဆီအနေနဲ့ မနက်ဖြန်မှာ ကစားမယ့် မော်ရိုကိုအသင်းနဲ့ နောက်ထပ် ခြေစမ်းပွဲကိုတော့ ဘယ်လိုမှ ပါဝင်ကစားနိုင်တော့မှာ မဟုတ်ဘူးလို့ ပါဝင်နေပါတယ်။
“မက်ဆီအနေနဲ့ နိုင်ငံတကာ တာဝန်ကို နောက်ထပ် ထပ်မံ ထမ်းဆောင်နိုင်တော့မှာ မဟုတ်ပဲ၊အကြောင်းက တော့ ပထမပွဲမှာ ရခဲ့တဲ့ဒဏ်ရာကြောင့် ဒုတိယပွဲကို ပါဝင်နိုင်တော့မှာ မဟုတ်တော့ပါဘူး။” လို့ ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မက်ဆီအနေနဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်မှာ ပြင်သစ်ကိုရှုံးနိမ့်အပြီးကတည်းက နိုင်ငံအသင်း တာဝန် ကနေ ခေတ္တအနားယူထားသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ဗင်နီဇွဲလားအသင်းနဲ့ပွဲက ပထမဆုံး ပြန်လည် ကစားတဲ့ ပွဲလည်း ဖြစ်ပေမယ့် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အခုရရှိသွားတဲ့ တင်ပါးဆုံးရိုး ဒဏ်ရာကတော့ မက်ဆီရဲ့ဒဏ်ရာဟောင်းလို့သိရပြီး ဘာစီလိုနာအသင်းကတော့ ကလပ်အသင်းပွဲတွေပါ လွဲချော်တော့မယ့်အရေးကို စိတ်ပူနေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ မက်ဆီ အနားယူရမယ့် ရက်ကို အတိအကျ ထုတ်ပြန်ပေးခြင်း မရှိသေးပေမယ့်လည်း ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရပြီး မန်ယူနဲ့ပွဲအမီ ကြံ့ခိုင်မှု ပြည့်ဝလာဖို့ အခုချိန်မှာ ရုန်းကန်နေရပြီလည်း ဖြစ်ပါ တယ်။

No comments

Powered by Blogger.