ယူနိုက္တက္နဲ့ ခ်န္ပီယံလိပ္ပြဲအတြက္အဆင္သင့္ျဖစ္ေနၿပီျဖစ္တဲ့မက္ဆီ
ဘာစီလိုနာဟာ အက္စ္ပန္ညိဳနဲ႔ ပြဲျပီးရင္ ဗီလာရီးရဲလ္၊ အက္သလက္တီကိုမက္ဒရစ္တို႔နဲ႔ ကစားရမွာျဖစ္ျပီး အဲဒီေနာက္ ဧျပီလ (၁၀) ရက္ေန႔မွာ ယူႏိုက္တက္နဲ႔ ခ်န္ပီယံလိဂ္ပြဲ ကစားရမွာ ျဖစ္ပါတယ္။
ဘာစီလိုနာအသင္းရဲ႕ အဓိကတိုက္စစ္မွဴး လီယြန္နယ္မက္ဆီဟာ မန္ခ်က္စတာယူနိုက္တက္နဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ပထမအေက်ာ့အတြက္ ၾက့ံခို္င္မႈျပည့္၀ေနမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဗင္နီဇြဲလားနဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ အာဂ်င္တီးနားအတြက္ ပါ၀င္ကစားေပးခဲ့ျပီး တင္ပါဆံုရိုး ဒဏ္ရာရရွိသြားခဲ့ေပမယ့္လည္း စိုးရိမ္စရာမရွိဘူးလို႔ သိရပါတယ္။
အသက္ (၃၁)နွစ္အရြယ္ တိုက္စစ္မွဴးဟာ အဆိုပါဒဏ္ရာေၾကာင့္ အာဂ်င္တီးနားလူစာရင္းက ႏုတ္ထြက္ခဲ့ျပီး ဘာစီလိုနာကို ျပန္လာခဲ့တယ္လို႔ သိရပါတယ္။ ဒီအတြက္ အာဂ်င္တီးနားက ေမာ္ရိုကိုကို တစ္ဂုိး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့တဲ့ မေန႔က ေျခစမ္းပြဲမွာ မက္ဆီ ပါ၀င္ကစားေပးႏိုင္ခဲ့ျခင္း မရွိခဲ့ပါဘူး။ အေစာပိုင္းသတင္းမ်ားအရ မက္ဆီဟာ ယူႏိုက္တက္နဲ႔ ပထမအေက်ာ့ကို လြဲေခ်ာ္ဖြယ္ရွိတယ္လို႔ သတင္းမ်ားထြက္ေနခဲ့တာ ျဖစ္ပါတယ္။
The Sun ရဲ႕ ေဖာ္ျပခ်က္အရ မက္ဆီရဲ႕ ဒဏ္ရာဟာ စိုးရိမ္စရာ မဟုတ္ဘူးလုိ႔ သိရျပီး အက္စ္ပန္ညိဳနဲ႔ ကစားရမယ့္ လာလီဂါနဲ႔ပြဲမွာေတာင္ ပါ၀င္ကစားနိုင္ေခ်ရွိတယ္လို႔ သိရပါတယ္။ ဘာစီလိုနာဟာ အက္စ္ပန္ညိဳနဲ႔ ပြဲျပီးရင္ ဗီလာရီးရဲလ္၊ အက္သလက္တီကိုမက္ဒရစ္တို႔နဲ႔ ကစားရမွာျဖစ္ျပီး အဲဒီေနာက္ ဧျပီလ (၁၀) ရက္ေန႔မွာ ယူႏိုက္တက္နဲ႔ ခ်န္ပီယံလိဂ္ပြဲ ကစားရမွာ ျဖစ္ပါတယ္။
မက္ဆီအေနနဲ႔ အဆိုပါပြဲေတြကို ပါ၀င္ကစားႏိုင္ဖြယ္ ရွိေနျပီး အသင္းဘက္က အနားေပးဖို႔ ဆံုးျဖတ္ခဲ့မယ္ဆိုရင္ အက္စ္ပန္ညိဳနဲ႔ပြဲမွာ အရန္လူစာရင္းထဲမွာပဲ ျမင္ေတြ႔ရဖြယ္လည္း ရွိေနပါတယ္။ ဒီရာသီမွာ မက္ဆီက ဘာစီလိုနာအတြက္ ျပိဳင္ပြဲစံုသြင္းဂိုး (၃၉)ဂိုးအထိ သြင္းယူူေပးထားျပီး (၁၈)ၾကိမ္အထိ ဖန္တီးေပးထားသူလည္း ျဖစ္ပါတယ္။
မက္ဆီနည္းတူ ဒဏ္ရာရရွိခဲ့တဲ့ ေပၚတူဂီတိုက္စစ္မွဴးေရာ္နယ္ဒုိဟာလည္း ေအဂ်က္ဇ္နဲ႔ပြဲအမီျပန္လည္သက္သာလာဖြယ္ရွိတယ္လို႔ ဂ်ဴဗင္တပ္စ္အသင္းက သတင္းထုတ္ျပန္ခဲ့ပါတယ္။ ၂၀၁၈ ကမၻာ့ဖလားျပိဳင္ပြဲ ျပီးဆံုးျပီးတဲ့ေနာက္ လက္ေရြးစင္အသင္းအတြက္ ပထမဆံုးအၾကိမ္ ျပန္လည္ပါ၀င္ကစားေပးေနခ်ိန္မွာပဲ မက္ဆီ နဲ႔ ေရာ္နယ္ဒိုတို႔ ႏွစ္ဦးလံုးက တိုက္တိုက္ဆိုင္ဆိုင္ ဒဏ္ရာရရွိေနခဲ့တာ ျဖစ္ပါတယ္။
(Unicode)
ယူနိုက်တက်နဲ့ ချန်ပီယံလိပ်ပွဲအတွက်အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့မက်ဆီ
ဘာစီလိုနာဟာ အက်စ်ပန်ညိုနဲ့ ပွဲပြီးရင် ဗီလာရီးရဲလ်၊ အက်သလက်တီကိုမက်ဒရစ်တို့နဲ့ ကစားရမှာဖြစ်ပြီး အဲဒီနောက် ဧပြီလ (၁၀) ရက်နေ့မှာ ယူနိုက်တက်နဲ့ ချန်ပီယံလိဂ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းရဲ့ အဓိကတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပထမအကျော့အတွက် ကြံ့ခိုင်မှုပြည့်ဝနေမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဗင်နီဇွဲလားနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အာဂျင်တီးနားအတွက် ပါဝင်ကစားပေးခဲ့ပြီး တင်ပါဆုံရိုး ဒဏ်ရာရရှိသွားခဲ့ပေမယ့်လည်း စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။
အသက် (၃၁)နှစ်အရွယ် တိုက်စစ်မှူးဟာ အဆိုပါဒဏ်ရာကြောင့် အာဂျင်တီးနားလူစာရင်းက နုတ်ထွက်ခဲ့ပြီး ဘာစီလိုနာကို ပြန်လာခဲ့တယ်လို့ သိရပါတယ်။ ဒီအတွက် အာဂျင်တီးနားက မော်ရိုကိုကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ မနေ့က ခြေစမ်းပွဲမှာ မက်ဆီ ပါဝင်ကစားပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အစောပိုင်းသတင်းများအရ မက်ဆီဟာ ယူနိုက်တက်နဲ့ ပထမအကျော့ကို လွဲချော်ဖွယ်ရှိတယ်လို့ သတင်းများထွက်နေခဲ့တာ ဖြစ်ပါတယ်။
The Sun ရဲ့ ဖော်ပြချက်အရ မက်ဆီရဲ့ ဒဏ်ရာဟာ စိုးရိမ်စရာ မဟုတ်ဘူးလို့ သိရပြီး အက်စ်ပန်ညိုနဲ့ ကစားရမယ့် လာလီဂါနဲ့ပွဲမှာတောင် ပါဝင်ကစားနိုင်ချေရှိတယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ အက်စ်ပန်ညိုနဲ့ ပွဲပြီးရင် ဗီလာရီးရဲလ်၊ အက်သလက်တီကိုမက်ဒရစ်တို့နဲ့ ကစားရမှာဖြစ်ပြီး အဲဒီနောက် ဧပြီလ (၁၀) ရက်နေ့မှာ ယူနိုက်တက်နဲ့ ချန်ပီယံလိဂ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။
မက်ဆီအနေနဲ့ အဆိုပါပွဲတွေကို ပါဝင်ကစားနိုင်ဖွယ် ရှိနေပြီး အသင်းဘက်က အနားပေးဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အက်စ်ပန်ညိုနဲ့ပွဲမှာ အရန်လူစာရင်းထဲမှာပဲ မြင်တွေ့ရဖွယ်လည်း ရှိနေပါတယ်။ ဒီရာသီမှာ မက်ဆီက ဘာစီလိုနာအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၃၉)ဂိုးအထိ သွင်းယူူပေးထားပြီး (၁၈)ကြိမ်အထိ ဖန်တီးပေးထားသူလည်း ဖြစ်ပါတယ်။
မက်ဆီနည်းတူ ဒဏ်ရာရရှိခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာလည်း အေဂျက်ဇ်နဲ့ပွဲအမီပြန်လည်သက်သာလာဖွယ်ရှိတယ်လို့ ဂျူဗင်တပ်စ်အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးပြီးတဲ့နောက် လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ပြန်လည်ပါဝင်ကစားပေးနေချိန်မှာပဲ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ နှစ်ဦးလုံးက တိုက်တိုက်ဆိုင်ဆိုင် ဒဏ်ရာရရှိနေခဲ့တာ ဖြစ်ပါတယ်။
Post a Comment