အာဆင္နယ္ပရိတ္သတ္တစ္ေယာက္ပါလို ့ထုတ္ေဖာ္ေျပာၾကားလိုက္တဲ့ဂရတ္ေဘးလ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ေဘးလ္က အာဆင္နယ္အသင္းရဲ႕ ခါးသီး ဒါဘီၿပိဳင္ဖက္ စပါးအသင္းရဲ႕ကစားသမားေဟာငး္တစ္ဦးျဖစ္လို႔ အခုုလို ထုတ္ေဖာ္ေျပာဆိုလာတာကေတာ့ ပရိသတ္ေဟာင္းေတြရဲ႕ အမုန္းကို ခံရႏိုင္ေျခ မ်ားေနပါတယ္။
စပါးအသင္းရဲ႕ ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ဂါရတ္ေဘးလ္ကေတာ့ စပါးပရိသတ္ေတြရဲ႕ ေဒါသကို ရင္ဆိုင္ႏိုင္ရေစမယ့္ စကားတစ္ခြန္းကို ထုတ္ေဖာ္ေျပာလာခဲ့တာ ျဖစ္ပါတယ္။
လက္ရွိမွာ ရီးရဲမက္ဒရစ္အသင္းနဲ႔အတူ ပါ၀င္ကစားေနတဲဲ့ ဂါရတ္ေဘးလ္ကေတာ့ တခ်ိန္က အာဆင္နယ္ ကစားသမားေတြ ျဖစ္ၾကတဲ့ အြန္နရီ၊ဘားကမ့္တို႔ ကစားခဲ့တဲ့ အာဆင္နယ္ပြဲေတြကိုၾကည့္ၿပီး ႀကီးျပင္းလာရ တာ ျဖစ္တယ္လို႔ အ့့ံအားသင့္ဖြယ္ ထုတ္ေဖာ္ေျပာလာခဲ့တာ ျဖစ္ပါတယ္။
“အာဆင္နယ္အသင္းမွာ အြန္နရီ ကစားတဲ့ ပြဲေတြၾကည့္ရတာ အရမ္းေပ်ာ္ရႊင္ခဲ့ရဖူးပါတယ္၊ ေနာက္ၿပီး ဂႏၱ၀င္ ကစားသမားႀကီး ဘားကမ့္ကိုလည္း အရမ္းႀကိဳက္ပါတယ္၊ အခုလို အာဆင္နယ္အသင္းက ကစားသမားေတြကို ကၽြန္ေတာ္ အားက် ႏွစ္သက္ေနမိတာကိုေတာ့ စပါးပရိသတ္ေတြက ႏွစ္လိုဖြယ္မရွိတာကိုေတာ့ နားလည္ပါတယ္။” လို႔ ေဘးလ္က Daily Mail ကိုေျပာခဲ့တယ္လို႔သိရပါတယ္။
တဆက္တည္းမွာပဲ ရီးရဲအသင္းမွာကာလရွည္ လက္တြဲခဲ့တဲ့ တြဲဖက္ကစားသမား ေရာ္နယ္ဒိုနဲ႔ ပတ္သက္ၿပီး ေတာ့လည္း - “ သူက တကယ္ကို မထင္မွတ္ထားႏိုင္ေလာက္ေအာင္ အရမ္းေကာင္းမြန္တဲ့ ကစားသမားပါ၊ သူနဲ႔အတူ ေပ်ာ္ရႊင္စရာ ကာလေတြကို အတူတကြ ျဖတ္သန္း ကစားခဲ့ဖူးပါတယ္။” လုိ႔ ထုတ္ေဖာ္ေျပာလာခဲ့ပါ ေသးတယ္။
လက္ရွိမွာေတာ့ ေဘးလ္က စပိန္မွာ ၂၂၄ ပြဲ ပါ၀င္ကစားေပးအၿပီး ၁၀၂ ဂိုးသြင္းကာ ၆၃ ဂိုးဖန္တီးေပးထားႏိုင္ ပါတယ္။
ဒါေပမယ့္လည္း လတ္တေလာမွာေတာ့ ရီးရဲအသင္းကေန ေျပာင္းေရႊ႕ေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚေန ၿပီး မန္ယူအသင္းကို ေရာက္မယ္လို႔လည္း သတင္းေတြ ထြက္လာပါေသးတယ္။
ဒါေပမယ့္ မန္ယူနည္းျပ ဆိုးလ္ရွားကလည္း ေဘးလ္ကို ေခၚယူမယ္ဆိုတဲ့သတင္းေတြကို ျငင္းဆန္ထား ေလေတာာ့ ရီးရဲမွာ ပုံမွန္ ပြဲထြက္ခြင့္မရလို႔ အသင္းက ထြက္ခြာခ်င္ေနတဲ့ ေဘးလ္တစ္ေယာက္ အာဆင္နယ္ပရိသတ္လို႔ ထုတ္ေဖာ္ေျပာလာတာကေတာ့ ……။
(Unicode)
အာဆင်နယ်ပရိတ်သတ်တစ်ယောက်ပါလို့ထုတ်ဖော်ပြောကြားလိုက်တဲ့ဂရတ်ဘေးလ်
ဘေးလ်က အာဆင်နယ်အသင်းရဲ့ ခါးသီး ဒါဘီပြိုင်ဖက် စပါးအသင်းရဲ့ကစားသမားဟောင်းတစ်ဦးဖြစ်လို့ အခုလို ထုတ်ဖော်ပြောဆိုလာတာကတော့ ပရိသတ်ဟောင်းတွေရဲ့ အမုန်းကို ခံရနိုင်ခြေ များနေပါတယ်။
စပါးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂါရတ်ဘေးလ်ကတော့ စပါးပရိသတ်တွေရဲ့ ဒေါသကို ရင်ဆိုင်နိုင်ရစေမယ့် စကားတစ်ခွန်းကို ထုတ်ဖော်ပြောလာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ပါဝင်ကစားနေတဲ့ ဂါရတ်ဘေးလ်ကတော့ တချိန်က အာဆင်နယ် ကစားသမားတွေ ဖြစ်ကြတဲ့ အွန်နရီ၊ဘားကမ့်တို့ ကစားခဲ့တဲ့ အာဆင်နယ်ပွဲတွေကိုကြည့်ပြီး ကြီးပြင်းလာရ တာ ဖြစ်တယ်လို့ အံ့အားသင့်ဖွယ် ထုတ်ဖော်ပြောလာခဲ့တာ ဖြစ်ပါတယ်။
“အာဆင်နယ်အသင်းမှာ အွန်နရီ ကစားတဲ့ ပွဲတွေကြည့်ရတာ အရမ်းပျော်ရွှင်ခဲ့ရဖူးပါတယ်၊ နောက်ပြီး ဂန္တဝင် ကစားသမားကြီး ဘားကမ့်ကိုလည်း အရမ်းကြိုက်ပါတယ်၊ အခုလို အာဆင်နယ်အသင်းက ကစားသမားတွေကို ကျွန်တော် အားကျ နှစ်သက်နေမိတာကိုတော့ စပါးပရိသတ်တွေက နှစ်လိုဖွယ်မရှိတာကိုတော့ နားလည်ပါတယ်။” လို့ ဘေးလ်က Daily Mail ကိုပြောခဲ့တယ်လို့သိရပါတယ်။
တဆက်တည်းမှာပဲ ရီးရဲအသင်းမှာကာလရှည် လက်တွဲခဲ့တဲ့ တွဲဖက်ကစားသမား ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး တော့လည်း - “ သူက တကယ်ကို မထင်မှတ်ထားနိုင်လောက်အောင် အရမ်းကောင်းမွန်တဲ့ ကစားသမားပါ၊ သူနဲ့အတူ ပျော်ရွှင်စရာ ကာလတွေကို အတူတကွ ဖြတ်သန်း ကစားခဲ့ဖူးပါတယ်။” လို့ ထုတ်ဖော်ပြောလာခဲ့ပါ သေးတယ်။
လက်ရှိမှာတော့ ဘေးလ်က စပိန်မှာ ၂၂၄ ပွဲ ပါဝင်ကစားပေးအပြီး ၁၀၂ ဂိုးသွင်းကာ ၆၃ ဂိုးဖန်တီးပေးထားနိုင် ပါတယ်။
ဒါပေမယ့်လည်း လတ်တလောမှာတော့ ရီးရဲအသင်းကနေ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေ ပြီး မန်ယူအသင်းကို ရောက်မယ်လို့လည်း သတင်းတွေ ထွက်လာပါသေးတယ်။
ဒါပေမယ့် မန်ယူနည်းပြ ဆိုးလ်ရှားကလည်း ဘေးလ်ကို ခေါ်ယူမယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်ထား လေတောာ့ ရီးရဲမှာ ပုံမှန် ပွဲထွက်ခွင့်မရလို့ အသင်းက ထွက်ခွာချင်နေတဲ့ ဘေးလ်တစ်ယောက် အာဆင်နယ်ပရိသတ်လို့ ထုတ်ဖော်ပြောလာတာကတော့ ……။
Credit
Credit
Post a Comment