ေျခစြမ္းအထူးေကာင္းမြန္ျခင္းမရိွပင္မယ့္လည္း၂ပြဲဆက္အရံႈးကေနရုန္းထြက္သြားခဲ့တဲ့ယူနိုက္တက္
ယူႏိုက္တက္က အာဆင္နယ္ထက္ တစ္မွတ္အသာနဲ႔ တစ္ပြဲပိုကန္ထားျပီး အဆင့္ (၄) ေနရာကို ယာယီတက္လွမ္းသြားခဲ့ပါတယ္။
ဒီေန႔ည (၉း၃၀)နာရီမွာေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြထဲက တစ္ပြဲျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္ နဲ႔ ၀က္ဖို႔ဒ္တို႔ရဲ႕ ပြဲကို ယွဥ္ျပိဳင္ကစားခဲ့ၾကပါတယ္။ ၀က္ဖို႔ဒ္ကေတာ့ ဥေရာပ၀င္ခြင့္အတြက္ ေမွ်ာ္လင့္ခ်က္မရွိသေလာက္နည္းပါးေနသလို တန္းမဆင္းရဖို႔လည္း ေသခ်ာသေလာက္ ရွိေနတဲ့အသင္းျဖစ္ျပီး ယူႏိုက္တက္ကေတာ့ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ အႏိုင္ကစားရဖို႔ ရွိေနခဲ့တာပါ။
ဒဏ္ရာရကစားသမားေတြကလြဲလို႔ ႏွစ္သင္းစလံုးမွာ လူစံုပါ၀င္ခဲ့ျပီး ယူႏိုက္တက္မွာ မာရွယ္ နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ ပါ၀င္လာခဲ့ျပီး မာတာနဲ႔ တိုက္စစ္ကို ဆိုးလ္ရွားက တြဲဖက္ေပးခဲ့ပါတယ္။ ၀က္ဖို႔ဒ္ကေတာ့ ဒီနီး နဲ႔ ဒယ္လိုဖူတိုက္စစ္အတြဲကို ပြဲထုတ္ခဲ့ျပီး အေ၀းကြင္းမွာ ရင္ဆိုင္ခဲ့ပါတယ္။ ပြဲစတာနဲ႔ ၀က္ဖို႔ဒ္က တိုက္စစ္ကို အားျပဳကစားခဲ့ျပီး ကစားကြက္ပိုင္းအရလည္း အသာစီးရခဲ့ပါတယ္။
ယူႏိုက္တက္ကေတာ့ ထင္သေလာက္မဟုတ္ခဲ့ပဲ ကစားကြက္အားနည္းခဲ့သလို အခ်ိတ္အဆက္ပိုင္းမွာလည္း လြဲေခ်ာ္ေနမႈေတြ ရွိခဲ့ျပီး ၀က္ဖို႔ဒ္ရဲ႕ တိုက္စစ္ဆင္မႈေတြကိုပဲ ဖ်က္ထုတ္ေနခဲ့ရပါတယ္။ ဒီဂီယာ နည္းနည္းအလုပ္ရႈပ္ခဲ့တဲ့ ပြဲျဖစ္ျပီး ၀က္ဖို႔ဒ္က အေ၀းကန္ခ်က္ေတြ၊ ျဖတ္တင္ေဘာေတြ အမ်ားအျပားကို ျပဳလုပ္သြားႏိုင္ခဲ့ပါတယ္။
ဒါေပမယ့္လည္း (၂၈)မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ယူႏိုက္တက္တို႔ ဂိုးရသြားခဲ့ပါတယ္။ ၀က္ဖို႔ဒ္ရဲ႕ တိုက္စစ္ဆင္မႈ ပ်က္သြားခဲ့တာကေန လုခ္ေရွာ ေဘာလံုးရသြားခဲ့ျပီး ရက္ရွ္ဖို႔ဒ္ရဲ႕ ေျပးလမ္းေၾကာင္းထဲကို အတိအက် ေပးပို႔ခဲ့ကာ ရက္ရွ္ဖို႔ဒ္က ေဖာ္စတာနဲ႔အေတြ႕ အပိုင္ကန္သြင္းယူခဲ့လို႔ ယူႏိုက္တက္တို႔ ဦးေဆာင္ဂိုး ရရွိသြားခဲ့ပါတယ္။ ပထမပိုင္းမွာ ဒီသြင္းဂိုးတစ္ဂိုးထဲကိုသာ ျမင္ေတြ႕ခဲ့ရပါတယ္။
ဒုတိယပိုင္းမွာလည္း ၀က္ဖို႔ဒ္ကပဲ ကစားပံုေကာင္းေကာင္းနဲ႔ အသာစီးအနညး္ငယ္ရရွိခဲ့ျပီးေတာ့ ယူႏိုက္တက္ကို ဖိအားေပးခဲ့ပါတယ္။ ဒါေၾကာင့္ ဆိုးလ္ရွားက သူ႔အသင္းကို လူစားလဲလွယ္မႈေတြ ျပဳလုပ္ခဲ့ျပီး ျပင္ဆင္ခဲ့ရပါတယ္။ ၀က္ဖို႔ဒ္အေနနဲ႔ သေရက်ႏိုင္တဲ့အထိ ကစားပံုေကာင္းခဲ့ေပမယ့္ ေသခ်ာတဲ့ ဖန္တီးေပးမႈ၊ အဆံုးသတ္မႈေတြ မရွိခဲ့ပါဘူး။
(၇၁)မိနစ္မွာေတာ့ လူကၽြံအေနအထားကေန မာရွယ္က ယူႏိုက္တက္အတြက္ အႏိုင္ေသခ်ာေစမယ့္ ဂိုးကို သြင္းယူေပးခဲ့ပါတယ္။ ပါရဲရား ေပးပို႔မႈကို ေဖာ္စတာ ကာကြယ္ခဲ့ေပမယ့္ ေဘာလံုးက လြတ္ထြက္လာခဲ့ျပီး လဲက်ေနခဲ့တဲ့ မာရွယ္က ကန္သြင္းယူသြားခဲ့တာပါ။ ပြဲခ်ိန္မိနစ္ (၉၀)မွာ ၀က္ဖို႔ဒ္တို႔ လွပတဲ့တြဲလံုးကတဆင့္ ေခ်ပဂိုးတစ္ဂိုးရခဲ့ျပီး ဒူကူရီက အေကာင္းဆံုးအဆံုးသတ္သြားခဲ့ပါတယ္။ ပြဲအျပီးမွာ ယူႏိုက္တက္က (၂-၁) နဲ႔ပဲ အႏိုင္ယူသြားခဲ့ပါတယ္။ ဒီအတြက္ေၾကာင့္ အာဆင္နယ္မကစားရေသးခင္မွာ ယူႏိုက္တက္က တစ္မွတ္အသာနဲ႔ တစ္ပြဲပိုကန္ထားျပီး အဆင့္ (၄) ေနရာကို ယာယီတက္လွမ္းသြားခဲ့ပါတယ္။
(Unicode)
ခြေစွမ်းအထူးကောင်းမွန်ခြင်းမရှိပင်မယ့်လည်း၂ပွဲဆက်အရှုံးကနေရုန်းထွက်သွားခဲ့တဲ့ယူနိုက်တက်
ယူနိုက်တက်က အာဆင်နယ်ထက် တစ်မှတ်အသာနဲ့ တစ်ပွဲပိုကန်ထားပြီး အဆင့် (၄) နေရာကို ယာယီတက်လှမ်းသွားခဲ့ပါတယ်။
ဒီနေ့ည (၉း၃၀)နာရီမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် နဲ့ ဝက်ဖို့ဒ်တို့ရဲ့ ပွဲကို ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ဝက်ဖို့ဒ်ကတော့ ဥရောပဝင်ခွင့်အတွက် မျှော်လင့်ချက်မရှိသလောက်နည်းပါးနေသလို တန်းမဆင်းရဖို့လည်း သေချာသလောက် ရှိနေတဲ့အသင်းဖြစ်ပြီး ယူနိုက်တက်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အနိုင်ကစားရဖို့ ရှိနေခဲ့တာပါ။
ဒဏ်ရာရကစားသမားတွေကလွဲလို့ နှစ်သင်းစလုံးမှာ လူစုံပါဝင်ခဲ့ပြီး ယူနိုက်တက်မှာ မာရှယ် နဲ့ ရက်ရှ်ဖို့ဒ်တို့ ပါဝင်လာခဲ့ပြီး မာတာနဲ့ တိုက်စစ်ကို ဆိုးလ်ရှားက တွဲဖက်ပေးခဲ့ပါတယ်။ ဝက်ဖို့ဒ်ကတော့ ဒီနီး နဲ့ ဒယ်လိုဖူတိုက်စစ်အတွဲကို ပွဲထုတ်ခဲ့ပြီး အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ပါတယ်။ ပွဲစတာနဲ့ ဝက်ဖို့ဒ်က တိုက်စစ်ကို အားပြုကစားခဲ့ပြီး ကစားကွက်ပိုင်းအရလည်း အသာစီးရခဲ့ပါတယ်။
ယူနိုက်တက်ကတော့ ထင်သလောက်မဟုတ်ခဲ့ပဲ ကစားကွက်အားနည်းခဲ့သလို အချိတ်အဆက်ပိုင်းမှာလည်း လွဲချော်နေမှုတွေ ရှိခဲ့ပြီး ဝက်ဖို့ဒ်ရဲ့ တိုက်စစ်ဆင်မှုတွေကိုပဲ ဖျက်ထုတ်နေခဲ့ရပါတယ်။ ဒီဂီယာ နည်းနည်းအလုပ်ရှုပ်ခဲ့တဲ့ ပွဲဖြစ်ပြီး ဝက်ဖို့ဒ်က အဝေးကန်ချက်တွေ၊ ဖြတ်တင်ဘောတွေ အများအပြားကို ပြုလုပ်သွားနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း (၂၈)မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ယူနိုက်တက်တို့ ဂိုးရသွားခဲ့ပါတယ်။ ဝက်ဖို့ဒ်ရဲ့ တိုက်စစ်ဆင်မှု ပျက်သွားခဲ့တာကနေ လုခ်ရှော ဘောလုံးရသွားခဲ့ပြီး ရက်ရှ်ဖို့ဒ်ရဲ့ ပြေးလမ်းကြောင်းထဲကို အတိအကျ ပေးပို့ခဲ့ကာ ရက်ရှ်ဖို့ဒ်က ဖော်စတာနဲ့အတွေ့ အပိုင်ကန်သွင်းယူခဲ့လို့ ယူနိုက်တက်တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ ပထမပိုင်းမှာ ဒီသွင်းဂိုးတစ်ဂိုးထဲကိုသာ မြင်တွေ့ခဲ့ရပါတယ်။
ဒုတိယပိုင်းမှာလည်း ဝက်ဖို့ဒ်ကပဲ ကစားပုံကောင်းကောင်းနဲ့ အသာစီးအနည်းငယ်ရရှိခဲ့ပြီးတော့ ယူနိုက်တက်ကို ဖိအားပေးခဲ့ပါတယ်။ ဒါကြောင့် ဆိုးလ်ရှားက သူ့အသင်းကို လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပြီး ပြင်ဆင်ခဲ့ရပါတယ်။ ဝက်ဖို့ဒ်အနေနဲ့ သရေကျနိုင်တဲ့အထိ ကစားပုံကောင်းခဲ့ပေမယ့် သေချာတဲ့ ဖန်တီးပေးမှု၊ အဆုံးသတ်မှုတွေ မရှိခဲ့ပါဘူး။
(၇၁)မိနစ်မှာတော့ လူကျွံအနေအထားကနေ မာရှယ်က ယူနိုက်တက်အတွက် အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပါရဲရား ပေးပို့မှုကို ဖော်စတာ ကာကွယ်ခဲ့ပေမယ့် ဘောလုံးက လွတ်ထွက်လာခဲ့ပြီး လဲကျနေခဲ့တဲ့ မာရှယ်က ကန်သွင်းယူသွားခဲ့တာပါ။ ပွဲချိန်မိနစ် (၉၀)မှာ ဝက်ဖို့ဒ်တို့ လှပတဲ့တွဲလုံးကတဆင့် ချေပဂိုးတစ်ဂိုးရခဲ့ပြီး ဒူကူရီက အကောင်းဆုံးအဆုံးသတ်သွားခဲ့ပါတယ်။ ပွဲအပြီးမှာ ယူနိုက်တက်က (၂-၁) နဲ့ပဲ အနိုင်ယူသွားခဲ့ပါတယ်။ ဒီအတွက်ကြောင့် အာဆင်နယ်မကစားရသေးခင်မှာ ယူနိုက်တက်က တစ်မှတ်အသာနဲ့ တစ်ပွဲပိုကန်ထားပြီး အဆင့် (၄) နေရာကို ယာယီတက်လှမ်းသွားခဲ့ပါတယ်။
Post a Comment