ကမာၻ ႔အေကာင္းဆံုးဘယ္ေနာက္ခံလူအျဖစ္မဲေပးေရြးခ်ယ္ခံခဲ့ရတဲ့လီဗာပူးလ္ေနာက္ခံလူေရာ္ဘတ္ဆန္
လီဗာပူးေနာက္ခံလူ ေရာ္ဘတ္ဆန္ကိုဘာစီေနာက္ခံလူေဂ်ာဒီအယ္ဘာ,ဘိုင္ယန္က အလာဘာ,ဂ်ဴဗင္က ဆန္ဒရိုတို႔နဲ႔အျပိဳင္ ပရိတ္သတ္30.000ေက်ာ္ကို မဲေပးေရြးခ်ယ္ေစခဲ့ရာမွာ ေရာ္ဘတ္ဆန္ကို ကမာၻ႔အေကာင္းဆံုးဘယ္ေနာက္ခံလူအျဖစ္ ပရိတ္သတ္ေတြသတ္မွတ္ခဲ့ျကပါတယ္။အသင္၂၅နွစ္အရြယ္ေရာ္ဘတ္ဆန္ကိုပရိတ္သတ္၄၀ခိုင္နႈန္းေက်ာ္က အေကာင္းဆံုးအျဖစ္ သတ္မွတ္ခဲ့ျကတာျဖစ္ျပီး ေဂ်ာ္ဒီအယ္ဘာက ဒုတိယေနရာရပ္တည္ခဲ့ပါတယ္။
Who is currently the best left back in the world?— SPORTbible (@sportbible) March 11, 2019
ဒီစာရင္းမွာဆန္ဒရိုကတတိယေနရာမွာရွိေနျပီး အလာဘာကေနာက္ဆံုးေရာက္ေနပါတယ္။လီဗာပူးအသင္းဟာေရာ္ဘတ္ဆန္ကို ေပါင္၈သန္းထဲနဲ႔ရခဲ့တာျဖစ္ျပီး အခုခ်ိန္မွာကေလာ့ရဲ႕စိတ္ျကိုက္ကစားသမားျဖစ္ေနပါတယ္။သူဟာျကိဳးျကာနီအတြက္ပြဲေပါင္း၅၀ေက်ာ္ကစားထားျပီး တစ္ဂိုးသြင္းထားပါတယ္။
ေရာ္ဘတ္ဆန္ကိုလီဗာပူးအသင္းကကာလရွည္စာခ်ဳပ္ ခ်ဳပ္ထားျပီး စာခ်ဳပ္သစ္အရ၂၀၂၄ခုနွစ္အထိလီဗာပူးမွာရွိေနမွာပါ။ေရာ္ဘတ္ဆန္ကို မန္ယူနဲ႔အဲဗာတန္ေနာက္ခံလူေဟာင္းဖီးနဗီးလ္က ျကိဳက္နွစ္သက္ေနျပီး သူ႔ရဲ႕တိုးတက္မႈကို လူတိုင္းသတိထားမိလိမ့္မယ္လို႔ဝန္ခံခဲ့ပါတယ္။
နဗီးလ္က''လီဗာပူးဟာေတာင္ပံေနရာအက်ယ္ျကီးမွာ ကစားနိုင္တဲ့ေရာ္ဘတ္ဆန္,အာနိုးတို႔ကိုပိုင္ဆိုင္ထားပါတယ္။ဒီကစားသမားနွစ္ေယာက္ရဲ႕တိုက္စစ္ကို ကိုက္40,50ထိေျပးလႊားလိုက္ပါနိုင္စြမ္းေျကာင့္ လီဗာပူးေတာင္ပံေတြဟာ အတြင္းထဲကို ထဲထဲဲဝင္ဝင္ကစားလာနိုင္ပါတယ္။ေရာ္ဘတ္ဆန္ရဲ႕အရည္အေသြး ,အားထုတ္မႈေတြေျကာင့္ ပရီးမီးယားလိဂ္အေကာင္းဆံုး ဘယ္ေနာက္ခံလူျဖစ္လာေစပါတယ္။ဒါတင္မကလက္ရွိေဘာလံုးကမာၻရဲ႕အေကာင္းဆံုးဘယ္ေနာက္ခံလူတစ္ေယာက္အျဖစ္ပါပရိတ္သတ္ေတြသတ္မွတ္ေနျကပါျပီ။က်ေနာ့္အျမင္အရေတာ့ ေနာက္ခံလူေတြရဲ႕ေရွ႕တက္ဂိုးသြင္းနိုင္စြမ္းကို ေရာ္ဘတ္ဆန္က လက္ဆင့္ကမ္းေနတာပါ။သူဂိုးေပါက္ျခိမ္းေျခာက္နိုင္ဖို႔မာေနးကပါ လမ္းေျကာင္းဖြင့္ေပးျပီး ခြင့္ျပဳေနရပါျပီ။ ေရာ္ဘတ္ဆန္နဲ႔အာနိုးတို႔ေျကာင့္လီဗာပူးဟာ ဂိုးရဖို႔ျပိဳင္ဘက္ေတြထက္ အခြင့္အလမ္းပိုရွိေနပါတယ္''လို႔ခ်ီးက်ဴးခဲ့ပါတယ္။
စာဖတ္သူတို႔အေနနဲ႔ေရာ္ဘတ္ဆန္ကိုလက္ရိွေဘာလံုးေလာကရဲ႕အေကာင္းဆံုးဘယ္ေနာက္ခံလူအျဖစ္လက္ခံပါသလား။
(Unicode)
ကမ္ဘာ့အကောင်းဆုံးဘယ်နောက်ခံလူအဖြစ်မဲပေးရွေးချယ်ခံခဲ့ရတဲ့လီဗာပူးလ်နောက်ခံလူရော်ဘတ်ဆန်
လီဗာပူးနောက်ခံလူ ရော်ဘတ်ဆန်ကိုဘာစီနောက်ခံလူဂျောဒီအယ်ဘာ,ဘိုင်ယန်က အလာဘာ,ဂျူဗင်က ဆန်ဒရိုတို့နဲ့အပြိုင် ပရိတ်သတ်30.000ကျော်ကို မဲပေးရွေးချယ်စေခဲ့ရာမှာ ရော်ဘတ်ဆန်ကို ကမ္ဘာ့အကောင်းဆုံးဘယ်နောက်ခံလူအဖြစ် ပရိတ်သတ်တွေသတ်မှတ်ခဲ့ကြပါတယ်။အသင်၂၅နှစ်အရွယ်ရော်ဘတ်ဆန်ကိုပရိတ်သတ်၄၀ခိုင်နှုန်းကျော်က အကောင်းဆုံးအဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပြီး ဂျော်ဒီအယ်ဘာက ဒုတိယနေရာရပ်တည်ခဲ့ပါတယ်။
ဒီစာရင်းမှာဆန်ဒရိုကတတိယနေရာမှာရှိနေပြီး အလာဘာကနောက်ဆုံးရောက်နေပါတယ်။လီဗာပူးအသင်းဟာရော်ဘတ်ဆန်ကို ပေါင်၈သန်းထဲနဲ့ရခဲ့တာဖြစ်ပြီး အခုချိန်မှာကလော့ရဲ့စိတ်ကြိုက်ကစားသမားဖြစ်နေပါတယ်။သူဟာကြိုးကြာနီအတွက်ပွဲပေါင်း၅၀ကျော်ကစားထားပြီး တစ်ဂိုးသွင်းထားပါတယ်။
ရော်ဘတ်ဆန်ကိုလီဗာပူးအသင်းကကာလရှည်စာချုပ် ချုပ်ထားပြီး စာချုပ်သစ်အရ၂၀၂၄ခုနှစ်အထိလီဗာပူးမှာရှိနေမှာပါ။ရော်ဘတ်ဆန်ကို မန်ယူနဲ့အဲဗာတန်နောက်ခံလူဟောင်းဖီးနဗီးလ်က ကြိုက်နှစ်သက်နေပြီး သူ့ရဲ့တိုးတက်မှုကို လူတိုင်းသတိထားမိလိမ့်မယ်လို့ဝန်ခံခဲ့ပါတယ်။
နဗီးလ်က''လီဗာပူးဟာတောင်ပံနေရာအကျယ်ကြီးမှာ ကစားနိုင်တဲ့ရော်ဘတ်ဆန်,အာနိုးတို့ကိုပိုင်ဆိုင်ထားပါတယ်။ဒီကစားသမားနှစ်ယောက်ရဲ့တိုက်စစ်ကို ကိုက်40,50ထိပြေးလွှားလိုက်ပါနိုင်စွမ်းကြောင့် လီဗာပူးတောင်ပံတွေဟာ အတွင်းထဲကို ထဲထဲဝင်ဝင်ကစားလာနိုင်ပါတယ်။ရော်ဘတ်ဆန်ရဲ့အရည်အသွေး ,အားထုတ်မှုတွေကြောင့် ပရီးမီးယားလိဂ်အကောင်းဆုံး ဘယ်နောက်ခံလူဖြစ်လာစေပါတယ်။ဒါတင်မကလက်ရှိဘောလုံးကမ္ဘာရဲ့အကောင်းဆုံးဘယ်နောက်ခံလူတစ်ယောက်အဖြစ်ပါပရိတ်သတ်တွေသတ်မှတ်နေကြပါပြီ။ကျနော့်အမြင်အရတော့ နောက်ခံလူတွေရဲ့ရှေ့တက်ဂိုးသွင်းနိုင်စွမ်းကို ရော်ဘတ်ဆန်က လက်ဆင့်ကမ်းနေတာပါ။သူဂိုးပေါက်ခြိမ်းခြောက်နိုင်ဖို့မာနေးကပါ လမ်းကြောင်းဖွင့်ပေးပြီး ခွင့်ပြုနေရပါပြီ။ ရော်ဘတ်ဆန်နဲ့အာနိုးတို့ကြောင့်လီဗာပူးဟာ ဂိုးရဖို့ပြိုင်ဘက်တွေထက် အခွင့်အလမ်းပိုရှိနေပါတယ်''လို့ချီးကျူးခဲ့ပါတယ်။
စာဖတ်သူတို့အနေနဲ့ရော်ဘတ်ဆန်ကိုလက်ရှိဘောလုံးလောကရဲ့အကောင်းဆုံးဘယ်နောက်ခံလူအဖြစ်လက်ခံပါသလား။
Post a Comment