Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ကူလီဘာလီအစားနောက်ထပ်ဈေးပေါတဲ့ နောက်တန်းတစ်ယောက်ကို မျက်စိကျနေတဲ့မန်ယူနိုက်တက်
ယူနိုက်တက်အသင်း ဟာ အသင်းရဲနောက်တန်းခံစစ်ကြောင်းပြသာနာကို အသင်းရဲ့ ဂန္တဝင်ကစားသမားတွေဖြစ်ကြတဲ့ ဗီဒစ်နှင့် ဖာဒီနန်တို့နှစ်ဦးအသင်းကိုထွကိခွာသွားပြီးထဲကအခုထိ ဖြေရှင်းနေရဆဲဖြစ်ပါတယ်။ယူနိုက်တက်အသင်းကလည်းအဆိုနောက်တန်းဟာကွက်နေရာအတွက်ကစားသမားတွေချိတ်ဆက်ဆောင်ရွက်ခဲ့သော်လည်းအဆင်မပြေဖြစ်ခဲ့ပါတယ်။လက်ရှိအချိန်မှာတော့တကယ်လိုအပ်နေတဲ့ဟာကွက်ကိုတွေဖြည့်မည့်ကစားသမားတွေကိုခေါ်ယူရင်းပြသာနာဖြေရှင်းဖို့ကြိုးစားလျက်ရှိနေပါတယ်။လက်ရှ်အချိန်မှာတော့ရိုးမားအသင်းနောက်ခံလူ ကိုစတာ့မာနိုလက်စ်ကိုခေါ်ယူဖို့ချိတ်ဆက်ထားတယိလို့သိရှိရပါတယ်။ဒါဟာ အရမ်းကိုစိတ်ကူးယဉ်ဆန်တဲ့ပြောင်းရွေ့မှုဖြစ်လာနိုင်ပြီး အင်တာနက်လောကမှာတော့ ခွက်ဈေးပေးခေါ်ယူခြင်းလို့သမုတ်လိုက်ပါတယ်။
အသက်၂၇နှစ်အရွယ်ရှိပြီဖြစ်တဲ့ဂရိလက်ရွေးစင်ကစားသမားကိုချုပ်ဆိုထားတဲ့စာချုပ်မူအရပေါင်၃၁.၅သန်းနှင့်တခါ်ယူရမည်ဖြစ်ပါတယ်။အကယ်၍ရိုးမအသင်းကချန်ပီယံဖလားနှင့်လွဲချော်မည်ဆိုလျှင်သူအနေနှင့်အသင်းပြောင်းရွေ့ဖို့သေချာသေလာက်ရှိနေပါတယ်။တစ်ချို့ပရိသတ်တွေကတော့သူကိုခေါ်ယူမည်ကိစ္စကိုသဘောကျခြင်းမရှိဘူးလည်းသိရှိပါတယ်။
"သူလိုလူကိုနောက်တန်းနေရာအတွက် ပေါင်၃၂သန်းနဲ့ခေါ်ယူမည့်အစားသူထပ်ပိုကောင်းတဲ့ဘဒီလိုက်တို့ ကူလီဘာလီတို့ကိုခေါ်ယူမှာပေါ့ကွ"
"အသင်းကဈေးသက်သာတဲ့ကောင်ပဲလိုက်ရှာနေတာ အဲဒါက ယူနိုကိတက်အသင်းအတွက်ပြသာနာပါ။အဆိုးဆုံးခေါ်ယူမှုကိုဆိုရရင်ဆန်းချက်ပါပဲ။ပြီးတော့ဗဟိုနောက်ခံလူတစ်ယောက်ကိုခေါ်ထားတာလည်းမဟုတ်ဘူးကွာ"
"တန်ဖိုးကြီးဆုံးအသင်းက ခွက်ဈေးနဲ့ရှာနေတယ်ကွာ"
"အကယ်၍ဒါသာအမှန်ဆို ဒီနှစ်ဘာလို့နောက်ရောက်နေခဲ့လဲဆိုတာသက်သေရလိုက်သလိုပဲ"
"ဝုဒ်ဝဒ်ကတကယ်ကိုဈေးပတ်ဆစ်နေတဲ့မိန်းမကြီးပဲဟ လိုချင်သမျှအရအားလုံးကိုပတ်ဆစ်နေတယ်။ခွက်ကျတဲ့ CEOတစ်ယောက်ငါတို့ဆီမှာရှိနေပြီကွ" 
ယူနိုက်တက်အသင်းရဲ့နောက်တန်းကစားသမားဘိုင်လီဟာ အသင်းရဲ့ကစားကွက်တွေနဲ့လက်ရှိအချိန်ထိအံကိုက်မဖြစ်သေးဘဲပေတေလျှက်ရှိနေပါတယ်။သူရဲ့ဆရာ ယခင်နည်းပြမော်ရင်ဟိုရဲ့စိတ်ကြိုက်ကစားသမားဖြစ်ခဲ့သော်လည်းနည်းပြအသစ်ဆိုးရှားလက်ထက်မှာတော့ပုံမှန်နေရာရဖို့နေနေသာသာ ကစားခွင့်ရပြီး သူရဲ့ခြေစွမ်းပြဖို့အတွက်သာဆုတောင်းနေရပါတယ်။ရိုဂျိုနှငိ့ ဗလင်စီယာတို့ကလည်းအသင်းကနေရာသီအကုန်မှာထွက်ခွာသွားဖို့ရှိပြီးလက်ရှိကျန်ရစ်မည့်သူတွေကတော့ လင်ဒေါ့ဖ် စမောလင်း ဖီးလ်ဂျုံး နှင့်တခြားအနည်းငယ်သောကစားသမားတွေကျန်ရှိနေပါတယ်။
ဒါကြောင့်ယူနိုက်တက်အသင်းအနေနှင့်ယခုနှစ်နွေရာသီအပြောင်းအရွေကာလမှာ ဒီလိုက် ကော်လီဘလေ အဲလ်ဒါဝီရဲ တို့ကိုပစ်မှတ်ထားခေါ်ယူမှာဖြစ်ပြီး အနိမ့်ဆုံး ကစားသမားအတွဲလိုက်၂ဦးကိုတောအရခေါ်ယူမည်ဖြစ်တယ်လို့သိရှိရပါတယ်။ဒီလိုခေါ်ယူနိူင်မှသာလျှင်အသင်းကတောင့်တင်းမှုပြန်လည်ရရှိလာမှာဖြစ်ပါတယ်။အသင်းပရိသတ်တွေကတော့ကစားသမားအသစ်တွေကိုအသင်းရဲ့စံချိန်တင်ဈေးနှင့်ခေါ်ယူလိုနေပါတယ်။အပြောင်းအရွေ့လောကမှာ ဈေးအကြီးဆုံးနောက်ခံလူအဖြစ်ဗန်ဒိုက်က ပြောင်းရွေ့ကြေး ပေါင်၇၅သနိးဈေးအမြင့်ဆုံးပြောင်းရွေ့မှုနှင့်မှတ်တမ်းဝင်လျက်ရှိနေပါတယ်။
No comments
Powered by Blogger.