ဘိုင္ယန္နဲ႔ပြဲကမာေနးရဲ႕အဖြင့္ဂိုးကို အျကိမ္၅၀၀ေလာက္ျပန္ျကည့္ရမယ္လို႔ဆိုလိုက္တဲ့ ဂ်ာဂ်င္ကေလာ့
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လီဗာပူးအသင္းဟာ ဘိုင္ယန္ရဲ႕အလိုင္းဇန္႔အရီနာကြင္းျကီးထဲမွာ မာေနး,ဗန္ဒိုက္တို႔ရဲ႕ဂိုးေတြနဲ႔ အိမ္ရွင္ကိုအနိုင္ယူခဲ့ပါတယ္။ကေလာ႔ကေတာဘိုင္ယန္ကိုသြင္းခဲ့တဲ့မာေနးရဲ႕အဖြင့္ဂိုးဟာ အျကိမ္၅၀၀ေလာက္ျကည့္ေတာင္ ရိုးမသြားနိုင္ဘူးလို႔ ခ်ီးက်ဴးခဲ့ပါတယ္။
မာေနးကနွစ္ဂိုး,ဗန္ဒိုက္ကေခါင္းတိုက္ဂိုးတစ္ဂိုးသြင္းယူျပီး ၃-၁ဆိုတဲ့ရလဒ္နဲ႔ လီဗာပူးကအနိုင္ယူခဲ့တာပါ။သြင္းဂိုးေတြဆိုတာကေတာ့သူ႔နည္းသူ႕ဟန္နဲ႔ အသင္းအတြက္အေရးပါတာျကည့္ပါပဲ။မာေနးရဲ႕ဂိုးကေတာ့ အေရးပါရံုတင္မက အေတာ္ကိုေသသပ္လွပလြန္းခဲ့ပါတယ္။ဂိုးဝင္သြားပံုက အနုပညာေျမာက္လြန္းတဲ့ ပန္းခ်ီကားတစ္ခ်ပ္ကိုျကည့္ေနရတဲ့အတိုင္းပါပဲ။ ဆီနီေဂါသားဟာ ဗန္ဒိုက္လွမ္းခင္းေပးတဲ့ေဘာလံုးကို တစ္ခ်က္ထိန္းျပီး နူအာကို လွည့္စားေက်ာ္ျဖတ္လိုက္ပါတယ္။အဲ့ဒီေနာက္မွာကို ဂိုးစည္းေရွ႕ကေနာက္ခံလူကို အသာေလးေက်ာ္ကန္လိုက္တာပါ။ဒီဂိုးရဲ႕အသက္ကေတာ့ မာေနးရဲ႕ တည္ျငိမ္မႈပါပဲ။ လီဗာပူးေနာက္ခံလူ မာတစ္own goalသြင္းခဲ့တာေျကာင့္ ဘိုင္ယန္အသင္း ကြာတားေမ်ွာ္လင့္ခ်က္ပိုရွိလာေပမယ့္ ဒုတိယပိုင္းမွာ ဗန္ဒိုက္,မာေနးတို႔ရဲ႕သြင္းဂိုးေတြကို မတားဆီးနိုင္ခဲ့ပဲ အိမ္ကြင္းမွာ လက္ေျမွာက္အရံႈးေပးခဲ့ရတာပါ။လီဗာပူးမန္ေနဂ်ာကေလာ့ကေတာ့ မာေနးရဲ႕သြင္းဂိုးကို အခုလိုခ်ီးက်ဴးခန္းဖြင့္လိုက္ပါတယ္။
A moment of class from Sadio Mané!!!— Football on BT Sport (@btsportfootball) March 13, 2019
A crucial away goal for Liverpool as they lead in Germany 🙌 pic.twitter.com/wychXP7UsX
''က်ေနာ္တို႔အေကာင္းဆံုးလုပ္နိုင္ခဲ့တယ္။က်ေနာ္တို႕သြင္းခဲ့တဲ့သံုးဂိုးလံုးတကယ္မိုက္ပါတယ္။မာေနးရဲ႕အဖြင့္ဂိုးဆိုရင္ အျကိမ္၅၀၀ေလာက္ျပန္ျကည့္မိလိမ့္မယ္ထင္တယ္။တကယ္ကို ထူးျခားေျပာင္ေျမာက္တဲ့ အဆံုးသတ္ဂိုးပါပဲ။'' လို႔ဆိုခဲ့ပါတယ္။ဒါ့အျပင္ အခြင္အေရးကိုအမိအရဆုပ္ကိုင္နိုင္ခဲ့တဲ့ အသင္းသားေတြအတြက္လည္းေက်နပ္ေနျပီး ဒုတိယပိုင္းမွာ လီဗာပူးအသင္းသားေတြဟာရင့္က်တ္တဲ့ကစားပံုနဲ႔ကစားျပခဲ့တယ္လို႔ ျကံဳးဝါးခဲ့ပါတယ္။
ကေလာ့က''ဒုတိပိုင္းက်ေနာ္တို႔ကစားပံုက အလြန္တည္ျငိမ္ခဲ့ပါတယ္။ပထမပိုင္းထဲက က်ေနာ္တို႔ဒီထက္ပိုေကာင္းေအာင္ကစားနိုင္ခဲ့သင့္တာပါ။ဒီလိုပြဲမ်ိဳးမွာ ကစားသမားေတြအေနနဲ႔ ကြင္းထဲဝင္ရပ္ေနလို႔မရဘူး။ဘိုင္ယန္ဟာ ဒီရာသီအိမ္ကြင္းရံႈးပြဲအနည္းငယ္ပဲရွိပါတယ္။ဒါေပမယ့္ ဒီပြဲျကီးမွာေတာ့ သူတို႔ရံႈးခဲ့တယ္။ဒါေျကာင့္ က်ေနာ့္ေကာင္ေလးေတြအတြက္ ဂုဏ္ယူမိပါတယ္။ဘိုင္ယန္အသင္းက ဖိဖိစီးစီးမကစားနိုင္ခဲ့တာေျကာင့္ လီဗားပူးအသင္းသားေတြယံုျကည္မႈပိုရလာတာလို႔က်ေနာ္ထင္တယ္''ဆိုျပီး ေျပာခဲ့ပါတယ္။
အနိုင္ရလဒ္နဲ႕ အိမ္ျပန္နိုင္ခဲ့တာေျကာင့္ ကေလာ့တစ္ေယာက္အလြန္ေပ်ာ္ရႊင္ေနပံုပါပဲ။ဒါေပမယ့္သူကဖိအားေတြမဝယ္ခဲ့ပါဘူး။ေဒါ့မြန္နည္းျပေဟာင္းျဖစ္ခဲ့လို႕ ဘိုင္ယန္အေပၚတစ္စံုတစ္ရာမုန္းတီးေနျခင္းမရွိေျကာင္းရွင္းလင္းခဲ့ပါတယ္။''သူတို႔ဟာ ဘိုင္ယန္ျဖစ္ေနလို႔ အနိုင္ကန္ခ်င္တာမဟုတ္ပါဘူး။က်ေနာ့္ရဲ႕လီဗာပူးအသင္းကိုသာ အနိုင္ရေစခ်င္ရံုပါ။ဒီနိုင္ပြဲက ျကိဳးျကာနီတို႔ကိုသာကိုယ္စားျပဳပါတယ္။လီဗားပူးအတြက္ေတာ့ ေနာက္ထပ္အံ့ျသစရာခ်န္ပီယံလိဂ္ညတစ္ညပါပဲ''လို႕ကေလာ့က ရွင္းလင္းခဲ့ပါတယ္။
(Unicode)
ဘိုင်ယန်နဲ့ပွဲကမာနေးရဲ့အဖွင့်ဂိုးကို အကြိမ်၅၀၀လောက်ပြန်ကြည့်ရမယ်လို့ဆိုလိုက်တဲ့ ဂျာဂျင်ကလော့
လီဗာပူးအသင်းဟာ ဘိုင်ယန်ရဲ့အလိုင်းဇန့်အရီနာကွင်းကြီးထဲမှာ မာနေး,ဗန်ဒိုက်တို့ရဲ့ဂိုးတွေနဲ့ အိမ်ရှင်ကိုအနိုင်ယူခဲ့ပါတယ်။ကလော့ကတောဘိုင်ယန်ကိုသွင်းခဲ့တဲ့မာနေးရဲ့အဖွင့်ဂိုးဟာ အကြိမ်၅၀၀လောက်ကြည့်တောင် ရိုးမသွားနိုင်ဘူးလို့ ချီးကျူးခဲ့ပါတယ်။
မာနေးကနှစ်ဂိုး,ဗန်ဒိုက်ကခေါင်းတိုက်ဂိုးတစ်ဂိုးသွင်းယူပြီး ၃-၁ဆိုတဲ့ရလဒ်နဲ့ လီဗာပူးကအနိုင်ယူခဲ့တာပါ။သွင်းဂိုးတွေဆိုတာကတော့သူ့နည်းသူ့ဟန်နဲ့ အသင်းအတွက်အရေးပါတာကြည့်ပါပဲ။မာနေးရဲ့ဂိုးကတော့ အရေးပါရုံတင်မက အတော်ကိုသေသပ်လှပလွန်းခဲ့ပါတယ်။ဂိုးဝင်သွားပုံက အနုပညာမြောက်လွန်းတဲ့ ပန်းချီကားတစ်ချပ်ကိုကြည့်နေရတဲ့အတိုင်းပါပဲ။ ဆီနီဂေါသားဟာ ဗန်ဒိုက်လှမ်းခင်းပေးတဲ့ဘောလုံးကို တစ်ချက်ထိန်းပြီး နူအာကို လှည့်စားကျော်ဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာကို ဂိုးစည်းရှေ့ကနောက်ခံလူကို အသာလေးကျော်ကန်လိုက်တာပါ။ဒီဂိုးရဲ့အသက်ကတော့ မာနေးရဲ့ တည်ငြိမ်မှုပါပဲ။ လီဗာပူးနောက်ခံလူ မာတစ်own goalသွင်းခဲ့တာကြောင့် ဘိုင်ယန်အသင်း ကွာတားမျှော်လင့်ချက်ပိုရှိလာပေမယ့် ဒုတိယပိုင်းမှာ ဗန်ဒိုက်,မာနေးတို့ရဲ့သွင်းဂိုးတွေကို မတားဆီးနိုင်ခဲ့ပဲ အိမ်ကွင်းမှာ လက်မြှောက်အရှုံးပေးခဲ့ရတာပါ။လီဗာပူးမန်နေဂျာကလော့ကတော့ မာနေးရဲ့သွင်းဂိုးကို အခုလိုချီးကျူးခန်းဖွင့်လိုက်ပါတယ်။
''ကျနော်တို့အကောင်းဆုံးလုပ်နိုင်ခဲ့တယ်။ကျနော်တို့သွင်းခဲ့တဲ့သုံးဂိုးလုံးတကယ်မိုက်ပါတယ်။မာနေးရဲ့အဖွင့်ဂိုးဆိုရင် အကြိမ်၅၀၀လောက်ပြန်ကြည့်မိလိမ့်မယ်ထင်တယ်။တကယ်ကို ထူးခြားပြောင်မြောက်တဲ့ အဆုံးသတ်ဂိုးပါပဲ။'' လို့ဆိုခဲ့ပါတယ်။ဒါ့အပြင် အခွင်အရေးကိုအမိအရဆုပ်ကိုင်နိုင်ခဲ့တဲ့ အသင်းသားတွေအတွက်လည်းကျေနပ်နေပြီး ဒုတိယပိုင်းမှာ လီဗာပူးအသင်းသားတွေဟာရင့်ကျတ်တဲ့ကစားပုံနဲ့ကစားပြခဲ့တယ်လို့ ကြုံးဝါးခဲ့ပါတယ်။
ကလော့က''ဒုတိပိုင်းကျနော်တို့ကစားပုံက အလွန်တည်ငြိမ်ခဲ့ပါတယ်။ပထမပိုင်းထဲက ကျနော်တို့ဒီထက်ပိုကောင်းအောင်ကစားနိုင်ခဲ့သင့်တာပါ။ဒီလိုပွဲမျိုးမှာ ကစားသမားတွေအနေနဲ့ ကွင်းထဲဝင်ရပ်နေလို့မရဘူး။ဘိုင်ယန်ဟာ ဒီရာသီအိမ်ကွင်းရှုံးပွဲအနည်းငယ်ပဲရှိပါတယ်။ဒါပေမယ့် ဒီပွဲကြီးမှာတော့ သူတို့ရှုံးခဲ့တယ်။ဒါကြောင့် ကျနော့်ကောင်လေးတွေအတွက် ဂုဏ်ယူမိပါတယ်။ဘိုင်ယန်အသင်းက ဖိဖိစီးစီးမကစားနိုင်ခဲ့တာကြောင့် လီဗားပူးအသင်းသားတွေယုံကြည်မှုပိုရလာတာလို့ကျနော်ထင်တယ်''ဆိုပြီး ပြောခဲ့ပါတယ်။
အနိုင်ရလဒ်နဲ့ အိမ်ပြန်နိုင်ခဲ့တာကြောင့် ကလော့တစ်ယောက်အလွန်ပျော်ရွှင်နေပုံပါပဲ။ဒါပေမယ့်သူကဖိအားတွေမဝယ်ခဲ့ပါဘူး။ဒေါ့မွန်နည်းပြဟောင်းဖြစ်ခဲ့လို့ ဘိုင်ယန်အပေါ်တစ်စုံတစ်ရာမုန်းတီးနေခြင်းမရှိကြောင်းရှင်းလင်းခဲ့ပါတယ်။''သူတို့ဟာ ဘိုင်ယန်ဖြစ်နေလို့ အနိုင်ကန်ချင်တာမဟုတ်ပါဘူး။ကျနော့်ရဲ့လီဗာပူးအသင်းကိုသာ အနိုင်ရစေချင်ရုံပါ။ဒီနိုင်ပွဲက ကြိုးကြာနီတို့ကိုသာကိုယ်စားပြုပါတယ်။လီဗားပူးအတွက်တော့ နောက်ထပ်အံ့သြစရာချန်ပီယံလိဂ်ညတစ်ညပါပဲ''လို့ကလော့က ရှင်းလင်းခဲ့ပါတယ်။
Post a Comment