Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ခရစ်စတီယာနိုရိုနယ်ဒိုရဲ့ခေါင်းတိုက်စွမ်းရည်နည်းစနစ်ပိုင်းကိုရှင်းပြခဲ့တဲ့တိုက်စစ်မှူးဟောင်းတစ်ယောက်
ဂျူဗင်တပ်စ် အသင်းရဲ့ဈေးအကြီးဆုံးကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူကစားသမားဘဝတစ်လျှောက်ပြောင်းလဲတိုးတကိလာခဲ့တဲ့ခေါင်းတိုက်ဂိုးသွင်းစွမ်းရည်ကို အေတီကိုအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဥိမှာ ခေါင်းတိုက်ဂိုး ၂ဂိုးသွင်းယူကာပြသခဲ့ပါတယ်။ဂျူဗင်တပ်စ်အသင်းရဲ့တိုက်စစ်မှုးကြီးရိုနယ်လ်ဒိုဟာ ယူနိုက်တက်အသင်းမှာတောင်ပံကစားသမားအဖြစ်တန်ဖိုးရှိတဲ့အချိန်တွေဖြတ်သန်းခဲ့ပြီးနောက်ယူနိုက်တက်အသင်းကိုစွန့်ခွာကာ ရီးရဲလ်မက်ဒရစ် အသင်းကိုပြောင်းရွေ့လာခဲ့ပြီး Ballon D'orဆုကို ၅ကြိမ်ရယူကာ သူရဲ့အရည်အချင်းကိုပိုမိုတိုးတက်ကောင်းမွန်လာပြီး လေပေါ်မှာခုန်ပျံကစးတဲ့စွမ်းရည်ကကြောက်စရာကောင်းသထက်ကောင်းလောက်အောင်ကျွမ်းကျင်ပိုင်နိုင်လာခဲ့ပါတယ်။ဒါဟာရိုနယ်လ်ဒိုရွေးချယ်ဆုံးဖြတ်ပြီးလေ့ကျင့်သင်ယူခဲ့တဲ့နညိးစနစ်တစ်ခုလည်းဖြစ်ပါတယ်။ချဲလ်ဆီးနှင့် ဂလင်ဂမ်အသင်း ကစားသမားဟောင်း တိုနီ ကက်စ်ကာရီနိုက တော့ ရိုနယ်ဒိုဟာ သူခေါင်းပေါ်ကိုဘောလုံးရောက်လာတာနဲ့အကောင်းဆုံးအဆုံးသတ်နိုင်တဲ့သူလို့ိုယုံကြည်နေပါတယ်။
"ရိုနယ်လိဒိုက ခေါင်းတိုက်ကောင်းတဲ့ကစားသမားတွေထဲ အရမ်းကိုထူးခြားဆန်းပြားတဲ့သူပါ။ပြီးတော့သူကကစားတဲ့အချိန်တွေမှာအမြဲတမ်းသူကိုယ်တိုင်တီထွင်ဖန်တီးနေတဲ့သူပါ။ယူနိုက်တက်အသင်းမှာကစားထဲကတောင်ပံတစ်လျှောက်မှာ အလိမ်အခေါက်တွေကြမ်းပြီး ယ်စုနှစ်တစ်ခုလောက်သူနာမည်ကိုသတိရစေခဲ့သူပါ"လို့ တိုနီကဆိုပါတယ်။
"အသက်၃၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ရိုနယ်လ်ဒိုက ခေါင်းတိုက်စွမ်းရည်မှာအမြင့်ဆုံးအနေအထားကိုရောက်ရှိနေပြီး ခေါင်းတိုက်တဲ့ပုံစံဟန်ပန်မျိုးစုံကိုပိုင်ပိုင်နိုင်နိုင်ကျွမ်းကျင်နေတယ်ဗျ။ဒါမျိုးက ကစားသမားတိုင်းအရမ်းကံကောင်းမှသာ တစ်ကြိမ်၂ကြိမ် လောက်ပဲဖြစ်နိုင်တာဗျ"
"ကျွန်တော် အမြဲစဉ်းစားတယ် ကျွန်တော်ကစားတဲ့ပွဲတိုငိးမှာ အကောင်းဆုံးဘယ်လိုခေါင်းတိုက်ကစားမလဲဆိုတာပေါ့ ပြီးတော့ ကျွန်တော်အင်္ဂလန်မှာကစားခဲ့တုန်းကအကြိမ်နည်းနည်းလောက်ပဲကောင်းကောင်းကစားနိုင်ခဲ့ပါတယ်၊။ဒါပေမယ့်ရိုနယ်လ်ဒိုက အဲဒီကိစ္စကိုပွဲတိုင်းအကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ကျွန်တော်ဒါကိုရှင်းပြဖို့ကြိုးစားခဲ့တယ်။ခေါင်းတိုက်ရင်ဘယ်လိုပုံစံနဲ့တွေတိုက်ရမယ်ဆိုတာကိုပေါ့ဗျာ။မင်းခေါင်းတိုက်ရင် ဘယ်ဖကိညာဖက်နောက်စိ ခေါင်းထိပ်မျိုးစုံတိုက်လို့ရတယ်။"
"ရိုနယ်လ်ဒိုကတော့ ခေါင်းတိုက်စကေးမှာအရမ်းဂေါ်တယ်ဗျ။အရာရာအားလုံးကိုတန်းစီပြီးအလုပ်လုပ်နိုင်တယ်ပြီးတော့ အဲဒါအားလုံးလုပ်နိုင်တဲ့သူကို တားနိုင်တဲ့သူနည်းပါတယ်ဗျ"
"သူခန္ဓာကိုယ်အနေအထားကိုနှစ်ပေါင်းတော်တော်ကြာထဲကပြောင်းလဲပစ်ခဲ့ပါတယ်။သူရဲ့အချိန်တော်တော်များကို ခန္ဓာကိုယ်ပြောင်းလဲမှုအတွက်အသုံးပြူခဲ့တယ်ဗျ။အဲဒါကလည်းသူကိုလေပေါ်ခုန်တဲ့အခါအများကြီးခွငိ့ပြုနိုငိခဲ့တယ်ဗျ။ပြီးတော့သူကိုမှနိကန်တဲ့ခေါင်းတိုက်တဲ့အနေအထားကိုရရှိစေတယ်။ဒါအပြင်သူပေါင်တောင့်တင်းမှုကသူအမြင့်ကောင်းကောင်းခုန်နိုင်ဖို့အားဖြစိစေရပါတယ်။ကျွန်တော်ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ရှိတယ်ဒါပေမယ့် တောင့်တင်းတဲ့ပေါင်တော့ရှိတယိဗျ။သူတို့ကတော့ကျွန်တော်ထပ်ပိုကြီးတယ်ဗျ"
"ရိုနယ်လ်ဒိုရဲ့ပေါင်ကသာမန်ကြည့်မယ်ဆိုကြီးတယ် ဒါပေမယ့် သူကောင်းကောင်းအလုပိလုပ်နိုင်တယ်။သူတို့ကရိုနယ်လ်ဒိုရဲ့ပေါက်ကွဲအားကောင်းပြီးမြင့်မားတဲ့ခုန်အားကိုအားထားပြီးအဓိကကစားသမားအဖြစ်ထားခဲ့ကြပါတယိ"
No comments
Powered by Blogger.