နိုင္ပြဲေတြဆက္ေနတဲ့ ျမန္မာယူ၂၃ ရဲ အာရွခ်န္ပီယံရွစ္ေျခစစ္ပြဲ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
၂၀၂၀ အာရွယူ-၂၃ခ်န္ပီယံရွစ္ေျခစစ္ပြဲ အုပ္စုဒုတိယပြဲအျဖစ္ ျမန္မာယူ-၂၃အသင္းနဲ႔ မကာအိုယူ-၂၃အသင္းတို႔ ကစားခဲ႔ရာမွာ ျမန္မာအသင္းက ၄-၀ဂိုးနဲ႔အႏိုင္ရခဲ႔ၿပီး ရာႏႈန္းျပည္႔ႏိုင္ပြဲဆက္ႏိုင္ခဲ႔ပါတယ္။
ျမန္မာယူ-၂၃အသင္းဟာ ပထမပြဲစဥ္က လူစာရင္းအတိုင္းပဲ အေျပာင္းအလဲမရွိပြဲထြက္ခဲ႔ၿပီး မကာအိုကို ဂိုးမ်ားမ်ားရဖို႔အတြက္ ပြဲစကတည္းက တိုက္စစ္ကစားခဲ႔ပါတယ္။ မကာအိုယူ-၂၃အသင္းက အဖြင့္ပြဲမွာ ဂ်ပန္ကို ၈-၀ဂိုးနဲ႔ဂိုးျပတ္ရွုံးခဲ႔သလို ျမန္မာနဲ႔ပြဲမွာလည္း ခံစစ္ကိုပဲ ဦးစားေပးကစားခဲ႔တာေတြ႔ရပါတယ္။
ျမန္မာအသင္းဟာ အဖြင့္ဂိုးကို ေစာေစာစီးစီးပဲရခဲ႔ၿပီး ရဲမင္းသူက သြင္းယူခဲ႔ပါတယ္။ ျမန္မာအသင္းကို အဖြင့္ဂိုးေပးခဲ႔ရေပမယ့္လည္း မကာအိုအသင္းအေနနဲ႔ ခံစစ္ကိုပဲ ဆက္လက္အားျပဳကစားခဲ႔လို႔ အသာစီးကစားႏိုင္ေပမယ့္လည္း ဂိုးသြင္းခြင့္ေတြရဖို႔ေတာ့ ခက္ခဲခဲ႔ပါတယ္။ ျမန္မာယူ-၂၃အသင္းအတြက္ ဒုတိယဦးေဆာင္ဂိုးကုိေတာ့ တိုက္စစ္မွဴး ဝင္းႏုိင္ထြန္းက ပင္နယ္တီကတဆင့္သြင္းယူႏိုင္ခဲ႔လို႔ ပထမပိုင္းအၿပီးမွာ ျမန္မာအသင္းက မကာအိုကို ၂-၀ဂိုးနဲ႔ ဦးေဆာင္ေနခဲ႔ပါတယ္။
ဒုတိယပိုင္းမွာေတာ့ ျမန္မာအသင္းေျခစြမ္းနဲ႔ ခ်ိတ္ဆက္ကစားပံုက်သြားခဲ႔ၿပီး မကာအိုဘက္ကို ထိေရာက္တဲ႔ ဂိုးသြင္းခြင့္ေတြဖန္တီးႏိုင္ျခင္းမရွိေတာ့ပါဘူး။ ဒီပြဲမွာ သြင္းဂိုးမ်ားဖို႔လိုအပ္တယ္ဆိုတာကို ျမန္မာကစားသမားေတြ သိရွိထားၿပီးျဖစ္ႏိုင္ေပမယ့္ ကစားပံုကေတာ့ ဂိုးရလိုစိတ္နည္းေနတာေတြ႔ရပါတယ္။ ျမန္မာယူ-၂၃အသင္းအတြက္ တတိယဂိုးကိုေတာ့ တိုက္စစ္မွဴး ဝင္းႏိုင္ထြန္းက တစ္ကုိယ္ေတာ္အစြမ္းနဲ႔ထိုးေဖာက္ၿပီး သြင္းယူေပးႏိုင္ခဲ႔တာပါ။ ျမန္မာအသင္းအတြက္ ေလးဂိုးေျမာက္ဂိုးကိုေတာ့ ကြင္းလယ္ကစားသမား လြင္မိုးေအာင္က အလြတ္တည္ကန္ေဘာကေန တိုက္ရိုက္ကန္သြင္းရယူခဲ႔ပါတယ္။ လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ျမန္မာအသင္းကစားပံုဟာ အေတာ္ေလးအားနည္းခဲ႔ၿပီး ဂိုးထပ္မရေတာ့ပဲ ပြဲအၿပီးမွာ ၄-၀ဂိုးနဲ႔ မကာအိုကို အႏိုင္ရခဲ႔ပါတယ္။
ျမန္မာယူ-၂၃အသင္းဟာ ႏွစ္ပြဲကစားအၿပီးမွာ တီေမာကို ၇-၀ဂိုး၊ မကာအိုကို ၄-၀ဂိုးေတြနဲ႔ အႏိုင္ရထားၿပီး ရမွတ္ ၆မွတ္၊ သြင္းဂိုး ၁၁ဂိုး၊ ေပးဂိုးမရွိနဲ႔အုပ္စုဒုတိယေနရာမွာရပ္တည္ေနပါတယ္။ ျမန္မာယူ-၂၃အသင္းအေနနဲ႔ အုပ္စုေနာက္ဆံုးပြဲမွာ ဂ်ပန္ကို သေရကစားႏိုင္ခဲ႔မယ္ဆိုရင္ ေျခစစ္ပြဲေအာင္ဖို႔အတြက္ အလားအလာေကာင္းမွာျဖစ္ပါတယ္။ ျမန္မာယူ-၂၃အသင္းအေနနဲ႔ ေျခစစ္ပြဲေအာင္ဖို႔အတြက္ ဂ်ပန္နဲ႔ပြဲရလဒ္က အေရးပါေနၿပီး ရွုံးခဲ႔မယ္ဆိုရင္ေတာင္ အနိမ္႔ဆံုး ေလးဂိုးမျပတ္မရွုံးခဲ႔ရင္ အေကာင္းဆံုး အုပ္စု ဒုတိယေနရာအတြက္ ေမွ်ာ္လင့္ႏိုင္မွာျဖစ္ပါတယ္။
(Unicode)
နိုင်ပွဲတွေဆက်နေတဲ့ မြန်မာယူ၂၃ ရဲ အာရှချန်ပီယံရှစ်ခြေစစ်ပွဲ
၂၀၂၀ အာရှယူ-၂၃ချန်ပီယံရှစ်ခြေစစ်ပွဲ အုပ်စုဒုတိယပွဲအဖြစ် မြန်မာယူ-၂၃အသင်းနဲ့ မကာအိုယူ-၂၃အသင်းတို့ ကစားခဲ့ရာမှာ မြန်မာအသင်းက ၄-ဝဂိုးနဲ့အနိုင်ရခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲဆက်နိုင်ခဲ့ပါတယ်။
မြန်မာယူ-၂၃အသင်းဟာ ပထမပွဲစဉ်က လူစာရင်းအတိုင်းပဲ အပြောင်းအလဲမရှိပွဲထွက်ခဲ့ပြီး မကာအိုကို ဂိုးများများရဖို့အတွက် ပွဲစကတည်းက တိုက်စစ်ကစားခဲ့ပါတယ်။ မကာအိုယူ-၂၃အသင်းက အဖွင့်ပွဲမှာ ဂျပန်ကို ၈-ဝဂိုးနဲ့ဂိုးပြတ်ရှုံးခဲ့သလို မြန်မာနဲ့ပွဲမှာလည်း ခံစစ်ကိုပဲ ဦးစားပေးကစားခဲ့တာတွေ့ရပါတယ်။
မြန်မာအသင်းဟာ အဖွင့်ဂိုးကို စောစောစီးစီးပဲရခဲ့ပြီး ရဲမင်းသူက သွင်းယူခဲ့ပါတယ်။ မြန်မာအသင်းကို အဖွင့်ဂိုးပေးခဲ့ရပေမယ့်လည်း မကာအိုအသင်းအနေနဲ့ ခံစစ်ကိုပဲ ဆက်လက်အားပြုကစားခဲ့လို့ အသာစီးကစားနိုင်ပေမယ့်လည်း ဂိုးသွင်းခွင့်တွေရဖို့တော့ ခက်ခဲခဲ့ပါတယ်။ မြန်မာယူ-၂၃အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကိုတော့ တိုက်စစ်မှူး ဝင်းနိုင်ထွန်းက ပင်နယ်တီကတဆင့်သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ မြန်မာအသင်းက မကာအိုကို ၂-ဝဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ မြန်မာအသင်းခြေစွမ်းနဲ့ ချိတ်ဆက်ကစားပုံကျသွားခဲ့ပြီး မကာအိုဘက်ကို ထိရောက်တဲ့ ဂိုးသွင်းခွင့်တွေဖန်တီးနိုင်ခြင်းမရှိတော့ပါဘူး။ ဒီပွဲမှာ သွင်းဂိုးများဖို့လိုအပ်တယ်ဆိုတာကို မြန်မာကစားသမားတွေ သိရှိထားပြီးဖြစ်နိုင်ပေမယ့် ကစားပုံကတော့ ဂိုးရလိုစိတ်နည်းနေတာတွေ့ရပါတယ်။ မြန်မာယူ-၂၃အသင်းအတွက် တတိယဂိုးကိုတော့ တိုက်စစ်မှူး ဝင်းနိုင်ထွန်းက တစ်ကိုယ်တော်အစွမ်းနဲ့ထိုးဖောက်ပြီး သွင်းယူပေးနိုင်ခဲ့တာပါ။ မြန်မာအသင်းအတွက် လေးဂိုးမြောက်ဂိုးကိုတော့ ကွင်းလယ်ကစားသမား လွင်မိုးအောင်က အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းရယူခဲ့ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာတော့ မြန်မာအသင်းကစားပုံဟာ အတော်လေးအားနည်းခဲ့ပြီး ဂိုးထပ်မရတော့ပဲ ပွဲအပြီးမှာ ၄-ဝဂိုးနဲ့ မကာအိုကို အနိုင်ရခဲ့ပါတယ်။
မြန်မာယူ-၂၃အသင်းဟာ နှစ်ပွဲကစားအပြီးမှာ တီမောကို ၇-ဝဂိုး၊ မကာအိုကို ၄-ဝဂိုးတွေနဲ့ အနိုင်ရထားပြီး ရမှတ် ၆မှတ်၊ သွင်းဂိုး ၁၁ဂိုး၊ ပေးဂိုးမရှိနဲ့အုပ်စုဒုတိယနေရာမှာရပ်တည်နေပါတယ်။ မြန်မာယူ-၂၃အသင်းအနေနဲ့ အုပ်စုနောက်ဆုံးပွဲမှာ ဂျပန်ကို သရေကစားနိုင်ခဲ့မယ်ဆိုရင် ခြေစစ်ပွဲအောင်ဖို့အတွက် အလားအလာကောင်းမှာဖြစ်ပါတယ်။ မြန်မာယူ-၂၃အသင်းအနေနဲ့ ခြေစစ်ပွဲအောင်ဖို့အတွက် ဂျပန်နဲ့ပွဲရလဒ်က အရေးပါနေပြီး ရှုံးခဲ့မယ်ဆိုရင်တောင် အနိမ့်ဆုံး လေးဂိုးမပြတ်မရှုံးခဲ့ရင် အကောင်းဆုံး အုပ်စု ဒုတိယနေရာအတွက် မျှော်လင့်နိုင်မှာဖြစ်ပါတယ်။
Post a Comment