ခ်န္ပီယံလိပ္မဲခြဲပြဲရလဒ္အေပၚသူတို ့ရဲ ့ေ၀ဖန္ခ်က္မ်ား
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန္စီးတီးနဲ႔စပါး ေတြ႕ဆုံေနမႈအေပၚ မန္စီးတီးအသင္းက စပါးေနာက္ခံလူေဟာင္း ေ၀ၚလ္ကာကေတာ့ ရယ္စရာ တစ္ခုအျဖစ္ သတ္မွတ္ခဲ့ပါတယ္။
ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ မဲခြဲပြဲကို ဒီကေန႔ ညေနပိုင္းက ျပဳလုပ္ခဲ့ရာမွာေတာ့ မန္ယူကဘာစီလိုနာ၊မန္စီးတီး က စပါး၊ ဂ်ဴဗင္တပ္က ေအဂ်က္နဲ႔ လီဗာပူးက ေပၚတုိ အသီးသီး ေတြ႕ဆုံေနၾကပါတယ္။
အခုလို ကြာတားဖိုင္နယ္ မဲခြဲရလဒ္မ်ားအေပၚ ေ၀ဖန္မႈေတြ အမ်ိဳးမ်ိးကလည္း တခ်ိန္တည္းမွာ ထြက္ေပၚလာၿပီး မန္ယူ ဂိုးသမားေဟာင္း ပီတာ ရွမိုက္ကယ္ကေတာ့ - “ ဘာစီိလုိနာက မန္ယူအတြက္ေတာ့ အဆိုးဆုံး အေျခအေန မဟုတ္ပါဘူး။” လို႔ အားေပးစကားေျပာလာခဲ့ပါတယ္။
ပီတာ ရွမိုက္ကယ္က မန္ယူအသင္းနဲ႔အတူ ၁၉၉၉ ခုႏွစ္က ခ်န္ပီယံလိဂ္ ဆုဖလားကို ပိုင္ဆိုင္ခဲဲ့ဖူးသူ ျဖစ္ၿပီး အခုလို ဘာစီလိုနာနဲ႔ ေတြ႕ဆုံေနတဲ့ မန္ယူအသင္းကိုေတာ့ တြစ္တာကတဆင့္ အားေပးခဲ့တာ ျဖစ္ပါတယ္။
ေအဂ်က္နဲ႔ေတြ႕ဆုံေနတဲ့ ဂ်ဴဗင္တပ္အသင္းကိုလည္း - “ သိပ္ကို ၾကံ့ခိုင္ၿပီး ေကာင္းမြန္တဲ့အသင္းနဲ႔ ဆုံေတြ႕ေန တာပါ။ ဒီရာသီသူတို႔ အဆင့္ရွိတယ္ဆိုတာ ျပသထားပါတယ္။ဒီအသင္းကို ရင္ဆိုင္ဖို႔ ျပင္ဆင္ၾကပါစို႔” ဆိုၿပီး ခီဒီယာကလည္း သူ႔အသင္းသားေတြကို တြစ္တာကတဆင့္ အားေပးခဲ့ပါတယ္။
အဂၤလန္ အနီးကပ္ ၿပိဳင္ဖက္ စပါးနဲ႔ ကြာတားဖိုင္နယ္အဆင့္မွာ ျပန္ေတြ႕ေနတဲဲ့ မန္စီးတီး အသင္းရဲ႕ ေနာက္ခံလူ ေ၀ၚလ္ကာကေတာ့ ဒီေတြ႕ဆုံမႈအေပၚ ရယ္စရာတစ္ခုအေနနဲ႔ သတ္မွတ္ခဲ့ပါေသးတယ္။
အေၾကာင္းကေတာ့ ေ၀ၚလ္ကာက စပါးအသင္းရဲ႕ ကစားသမားေဟာင္းတစ္ဦးျဖစ္ၿပီး အသင္းေဟာင္းနဲ႔ ျပန္လည္ ေတြ႕ဆုံေနရတဲ့အေပၚ အခုလို ေျပာဆုိခဲ့တာပါ။
ယူရိုပါလိဂ္ ကြာတားဖိုင္နယ္ေရာက္ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးအသင္းေတြရဲ႕ ကစားသမားေဟာင္းျဖစ္တဲ့ လက္ရွီ မိုနာကို ကစားသမား ဖာဘရီဂတ္စ္ကေတာ့ သူ႔ရဲ႕ ေနာက္ထပ္ အသင္းေဟာင္းျဖစ္တဲ့ ဘာစီလိုနာသာ ဒီႏွစ္ ခ်န္ပီယံလိဂ္ ခ်န္ပီယံျဖစ္မယ္လို႔ ခန္႔မွန္းလိုက္ပါတယ္။
Credit
(Unicode)
ချန်ပီယံလိပ်မဲခွဲပွဲရလဒ်အပေါ်သူတို့ရဲ့ဝေဖန်ချက်များ
မန်စီးတီးနဲ့စပါး တွေ့ဆုံနေမှုအပေါ် မန်စီးတီးအသင်းက စပါးနောက်ခံလူဟောင်း ဝေါ်လ်ကာကတော့ ရယ်စရာ တစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ချန်ပီယံလိဂ်ကွာတားဖိုင်နယ် မဲခွဲပွဲကို ဒီကနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ရာမှာတော့ မန်ယူကဘာစီလိုနာ၊မန်စီးတီး က စပါး၊ ဂျူဗင်တပ်က အေဂျက်နဲ့ လီဗာပူးက ပေါ်တို အသီးသီး တွေ့ဆုံနေကြပါတယ်။
အခုလို ကွာတားဖိုင်နယ် မဲခွဲရလဒ်များအပေါ် ဝေဖန်မှုတွေ အမျိုးမျိးကလည်း တချိန်တည်းမှာ ထွက်ပေါ်လာပြီး မန်ယူ ဂိုးသမားဟောင်း ပီတာ ရှမိုက်ကယ်ကတော့ - “ ဘာစီလိုနာက မန်ယူအတွက်တော့ အဆိုးဆုံး အခြေအနေ မဟုတ်ပါဘူး။” လို့ အားပေးစကားပြောလာခဲ့ပါတယ်။
ပီတာ ရှမိုက်ကယ်က မန်ယူအသင်းနဲ့အတူ ၁၉၉၉ ခုနှစ်က ချန်ပီယံလိဂ် ဆုဖလားကို ပိုင်ဆိုင်ခဲ့ဖူးသူ ဖြစ်ပြီး အခုလို ဘာစီလိုနာနဲ့ တွေ့ဆုံနေတဲ့ မန်ယူအသင်းကိုတော့ တွစ်တာကတဆင့် အားပေးခဲ့တာ ဖြစ်ပါတယ်။
အေဂျက်နဲ့တွေ့ဆုံနေတဲ့ ဂျူဗင်တပ်အသင်းကိုလည်း - “ သိပ်ကို ကြံ့ခိုင်ပြီး ကောင်းမွန်တဲ့အသင်းနဲ့ ဆုံတွေ့နေ တာပါ။ ဒီရာသီသူတို့ အဆင့်ရှိတယ်ဆိုတာ ပြသထားပါတယ်။ဒီအသင်းကို ရင်ဆိုင်ဖို့ ပြင်ဆင်ကြပါစို့” ဆိုပြီး ခီဒီယာကလည်း သူ့အသင်းသားတွေကို တွစ်တာကတဆင့် အားပေးခဲ့ပါတယ်။
အင်္ဂလန် အနီးကပ် ပြိုင်ဖက် စပါးနဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ပြန်တွေ့နေတဲ့ မန်စီးတီး အသင်းရဲ့ နောက်ခံလူ ဝေါ်လ်ကာကတော့ ဒီတွေ့ဆုံမှုအပေါ် ရယ်စရာတစ်ခုအနေနဲ့ သတ်မှတ်ခဲ့ပါသေးတယ်။
အကြောင်းကတော့ ဝေါ်လ်ကာက စပါးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး အသင်းဟောင်းနဲ့ ပြန်လည် တွေ့ဆုံနေရတဲ့အပေါ် အခုလို ပြောဆိုခဲ့တာပါ။
ယူရိုပါလိဂ် ကွာတားဖိုင်နယ်ရောက် အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတွေရဲ့ ကစားသမားဟောင်းဖြစ်တဲ့ လက်ရှီ မိုနာကို ကစားသမား ဖာဘရီဂတ်စ်ကတော့ သူ့ရဲ့ နောက်ထပ် အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာသာ ဒီနှစ် ချန်ပီယံလိဂ် ချန်ပီယံဖြစ်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။
Credit
Post a Comment