ေနာက္ခံလူသစ္အတြက္ဗာရာနီကိုၾကိဳးစားရာမွာအားေလ်ာ့ရေတာ့မယ့္ယူနိုက္တက္
ရီးရဲမက္ဒရစ္အသင္းဟာ ယခုေႏြရာသီမွာ မန္ခ်က္စတာယူႏုိက္တက္အသင္းက ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ ေနာက္ခံကစားသမား ဗာရာနီကို ေရာင္းခ်ဖုိ႔ စဥ္းေတာင္မစဥ္းစားထားေၾကာင္း စပိန္မီဒီယာ ABC ရဲ႕သတင္းအရ သိရပါတယ္။
အသက္ ၂၅ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဗဟိုခံစစ္ကစားသမား ဗာရာနီဟာ ၂၀၁၁ ခုႏွစ္မွာ ဘာေနဗ်ဴးကို စတင္ေရာက္ရွိခဲ့သူျဖစ္ၿပီး တည္ၿငိမ္တဲ့ေျခစြမ္းနဲ႔ တျဖည္းျဖည္းႀကိဳးစားခဲ့ၿပီးေနာက္ ပထမအသင္းကို ယင္းရာသီအၿပီးမွာပဲ တက္လွမ္းႏုိင္ခဲ့သူျဖစ္ပါတယ္။
၂၀၁၄-၂၀၁၅ ရာသီမွာ ဗာရာနီဟာ ရီးရဲမက္ဒရစ္အသင္းရဲ႕ပံုမွန္ပြဲထြက္ကစားသမားအျဖစ္ ကစားႏုိင္ေၾကာင္း သက္ေသျပသႏုိင္ခဲ့ၿပီး ယေန႔မွာ ဗာရာနီဟာ ကမၻာ့အေကာင္းဆံုးေနာက္ခံကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံေနရၿပီျဖစ္ပါတယ္။
ဗာရာနီဟာ ျပင္သစ္လက္ေရြးစင္အသင္းအတြက္ ၅၅ ပြဲအထိ ပါဝင္ကစားခြင့္ရရွိထားသူျဖစ္ၿပီး ယခုအပတ္မွာ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ဗာရာနီ ေနာက္ထပ္ေျပာင္းေရႊ႕မယ့္အသင္းျဖစ္တယ္လို႔ သတင္းေတြ က်ယ္က်ယ္ျပန္ျပန္႔ထြက္ေပၚေနခဲ့ပါတယ္။
ယင္းသတင္းေတြနဲ႔ပတ္သက္ၿပီး ရီးရဲမက္ဒရစ္နည္းျပ ဇီဒန္းက ဗာရာနီဟာ ေရာင္းခ်မယ့္ကစားသမားမဟုတ္ေၾကာင္းကို ရွင္းလင္းေအာင္ ရီးရဲမက္ဒရစ္အသင္းက ျပဳလုပ္ခဲ့ၿပီးျဖစ္ေၾကာင္းနဲ႔ ဗာရာနီရဲ႕စာခ်ဳပ္ဖ်က္သိမ္းေၾကးဟာ ယူရိုသန္း ၅၀၀ အထိရွိတာေၾကာင့္ အေျပာင္းအေရႊ႕ျပဳလုပ္လို႔ မရႏုိင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
(Unicode)
နောက်ခံလူသစ်အတွက်ဗာရာနီကိုကြိုးစားရာမှာအားလျော့ရတော့မယ့်ယူနိုက်တက်
ရီးရဲမက်ဒရစ်အသင်းဟာ ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ နောက်ခံကစားသမား ဗာရာနီကို ရောင်းချဖို့ စဉ်းတောင်မစဉ်းစားထားကြောင်း စပိန်မီဒီယာ ABC ရဲ့သတင်းအရ သိရပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗဟိုခံစစ်ကစားသမား ဗာရာနီဟာ ၂၀၁၁ ခုနှစ်မှာ ဘာနေဗျူးကို စတင်ရောက်ရှိခဲ့သူဖြစ်ပြီး တည်ငြိမ်တဲ့ခြေစွမ်းနဲ့ တဖြည်းဖြည်းကြိုးစားခဲ့ပြီးနောက် ပထမအသင်းကို ယင်းရာသီအပြီးမှာပဲ တက်လှမ်းနိုင်ခဲ့သူဖြစ်ပါတယ်။
၂၀၁၄-၂၀၁၅ ရာသီမှာ ဗာရာနီဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ပုံမှန်ပွဲထွက်ကစားသမားအဖြစ် ကစားနိုင်ကြောင်း သက်သေပြသနိုင်ခဲ့ပြီး ယနေ့မှာ ဗာရာနီဟာ ကမ္ဘာ့အကောင်းဆုံးနောက်ခံကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံနေရပြီဖြစ်ပါတယ်။
ဗာရာနီဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၅၅ ပွဲအထိ ပါဝင်ကစားခွင့်ရရှိထားသူဖြစ်ပြီး ယခုအပတ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗာရာနီ နောက်ထပ်ပြောင်းရွှေ့မယ့်အသင်းဖြစ်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန်ပြန့်ထွက်ပေါ်နေခဲ့ပါတယ်။
ယင်းသတင်းတွေနဲ့ပတ်သက်ပြီး ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းက ဗာရာနီဟာ ရောင်းချမယ့်ကစားသမားမဟုတ်ကြောင်းကို ရှင်းလင်းအောင် ရီးရဲမက်ဒရစ်အသင်းက ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းနဲ့ ဗာရာနီရဲ့စာချုပ်ဖျက်သိမ်းကြေးဟာ ယူရိုသန်း ၅၀၀ အထိရှိတာကြောင့် အပြောင်းအရွှေ့ပြုလုပ်လို့ မရနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
Slots Machines in NYC - Casino, Hotel & Racing - MapYR
ReplyDeleteCasino Games 대구광역 출장안마 in Manhattan. Check out 세종특별자치 출장마사지 the photos, videos and find the 충청북도 출장샵 perfect place to play at 제주 출장샵 a 김천 출장안마 few NYC casinos.