Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဆန်ချိုကိုခေါ်ယူဖို့တတ်နိုင်သမ ျှအစွမ်းကုန်ကြိုးစားနေတဲ့မန်ချက်စတာယူနိုက်တက်
ယူနိုက်တက်အသင်းဟာ အင်္ဂလန်လူငယ်ကစားသမားလေးဆန်ချိုကို စိတ်ဝင်စားမှုမြင့်တက်နေပြီးနွေရာသီမှာဘဏ်တိုက်ဖွင့်ပြီး ခေါ်ယူဖို့ရှိနေပါတယ်။ဒေါ့မွန်မှာအသက်အရွယ်နဲ့  မလိုက်တဲ့ ခြေစွမ်းကောင်းမျိုးပြသနေတာကြောင့် ပြင်သစ်ဘီလူး PSGကလည်း ပစ်မှတ်ထားနေပါတယ်။
ဒါပေမယ့် ယူနိုက်တက်က ဒေါ့မွန်ကို ဆန်ချိုအတွက်ပေါင်သန်း၈၀လောက်ပေးဖို့အသင့်ရှိနေပြီး PSGကို နောက်တစ်ကြိမ်နောက်ကောင်ချဖို့ ကြံရွယ်ထားပါတယ်။မန်ချက်စတာယူနိုက်တက်နဲ့ပတ်သတ်သူတစ်ဦးကလည်း ''အသင်းအနေနဲ့ ဆန်ချိုကို ခေါ်ယူနိုင်ရန်အတွက် ဘာမဆိုပြုလုပ်လာနိူင်ပါတယ်''လို့ဖွင့်ဟလာပါတယ်။မန်စီးတီးအသင်းဟာ ဆန်ချိုကိုရောင်းချစဉ်က ဒေါ့မွန်နဲ့ပြန်လည်ခေါ်ယူခွင့်စာချုပ်မချုပ်ဆိုထားပါဘူး။
ဒါကြောင့် ယူနိုက်တက်ဟာဆန်ချိုကိုခေါ်ယူဖြစ်ခဲ့ရင် ပြောင်းရွေ့ကြေးတစ်စိတ်တစ်ပိုင်းကို မန်စီးတီးထံ ပေးချေစရာမလိုဘူး ဖြစ်ပါတယ်။မားကပ်ရပ်ဖို့အပေါ် မှတ်ချက်ပေးခဲ့တဲ့ဆန်ချိုရဲ့စကားကြောင့် လည်း ဒီအပြောင်းရွေ့ဇာတ်လမ်းက ပိုမိုကျယ်ပြန့်လာပါတယ်။အမ်ဘာပေနဲ့ ရပ်ဖို့ဒ်တို့ လို လူငယ်တွေဟာ သူ့အပေါ်တွန်းအားများစွာသက်ရောက်စေတယ်လို့ ဒေါ့မွန်စတားကဆိုလာတာပါ။
ဆန်ချိုက''ကျနော်ကံအတော်ကောင်းပါတယ်။ပတ်ဝန်းကျင်မှာ တကယ်ကောင်းတဲ့ လူငယ်တွေရှိနေတာက ကျနော့်ကို နှိမ့်ချတက်စေပါတယ်။ဒီအတွက်လည်းကျေးဇူးတင်ရမှာပါ။ဘာပေလုပ်ပြခဲ့တာတွေနဲ့ ယှဉ်ရင် ငါကဘာမှနဟုတ်သေးဘူးလို့ ကိုယ့်ကိုယ်ကို  ပြန်ပြောမိတယ်။ကျနော်လည်းဘာပေနဲ့ရပ်ဖို့ဒ်တို့လို လူငယ်ကစားသမားဖြစ်တာကြောင့် သူတို့နဲ့အမြဲပြိုင်ဆိုင်နေဖို့လိုပါတယ်။ဘာပေနဲ့ရပ်ဖို့ဒ်တို့ ခြေစွမ်းပြနေတာမြင်ပြီး ကျနော့်အတွက်တွန်းအားဖြစ်စေပါတယ်။ဒီလိုပဲ ကျနော် ကစားနေတာကိုကြည့်ပြီး သူတို့အတွက်လည်း တွန်းအားဖြစ်နိုင်လောက်ပါတယ်။ဘာပဲဖြစ်ဖြစ် လူငယ်တွေခြေစွမ်းပြနေတာ မြင်ရတာ ကျေနပါစရာပါပဲ။''လို့ဆိုခဲ့ပါတယ်။
ဆန်ချိုတစ်ယောက်နွေရာသီ မှာ မန်ယူနိုက်တက်အသင်းဆီအမှန်တကယ်ရောက်လာမလား။
No comments
Powered by Blogger.