Header Ads


လူမ်ိဳးေရးခြဲျခားခံခဲ့ရတဲ့ဆာေနးနဲ ့ဂန္ဒိုဂန္


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဆာေနးအေနနဲ႔ နီဂရီုးနဲ႔ စြပ္စြဲျခင္းခံခဲ့ရသလို ဂန္ဒိုဂန္ကိုလည္း တူရကီႏြယ္ျဖစ္လုိ႔ လူမ်ိဳးေရး ခြဲျခားမႈေတြ ျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။
ဗုဒၶဟူးေန႔က ဆားဘီးယားအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ႏိုင္ငံတကာ ေျခစမ္းပြဲမွာ ဂ်ာမနီ အသင္းက ဆာေနးနဲ႔ ဂန္ဒိုဂန္တို႔ဟာ လူမ်ိဳးေရးခြဲျခားမႈ ကိုယ္စီနဲ႔ ၾကဳံေတြ႕ခဲ့ရတယ္လို႔ Daily Mail ကေဖာ္ျပလာပါတယ္။


ဒီတစ္ႀကိမ္ လူမ်ိဳးေရးခြဲျခားခံခဲ့ရတာကေတာ့ ၿပိဳင္ဖက္ ပရိသတ္က ေျပာဆိုခဲ့တာ မဟုတ္ပဲ ကိုယ့္ႏိုင္ငံ ပရိသတ္က ျပန္လည္ခြဲျခားဆက္ဆံခဲ့တာေၾကာင့္ ဆာေနးနဲ႔ ဂန္ဒိုဂန္တို႔အတြက္ေတာ့ ရင္နာဖြယ္ အျဖစ္ဆိုးနဲ႔ ၾကဳံခဲ့တယ္လို႔ ဆိုရမွာပါ။
တစ္ဖက္ တစ္ဂိုးစီသေရက်ခဲ့တဲ့ အဆိုပါပြဲမွာ ဆာေနးအေနနဲ႔ နီဂရိုးဆိုၿပီး ေျပာဆိုခံခဲ့ရတာ ျဖစ္သလို ဂန္ဒိုဂန္ ကလည္း တူရကီမ်ိဳးဆက္ဆိုၿပီး ေျပာဆိုခံခဲ့ရတာ ျဖစ္ပါတယ္။
ဂ်ာမနီႏိုင္ငံ ၀ုလ္ဖတ္ကြင္းႀကီးထဲမွာ ကစားခဲ့တ့ဲ အဆိုပါပြဲမွာ ဟစ္တလာကို ကိုယ္စားျပဳတဲ့ နီယို နာဇီသီခ်င္း ေတြကိုလည္း သံၿပိဳင္သီဆိုခဲ့ၾကၿပီး ဆာေနးနဲ႔ ဂန္ဒိုဂန္ကိုလည္း လူမ်ိဳးေရး ခြဲျခားခဲ့ၾကတာ ျဖစ္ပါတယ္။
ဒီျဖစ္စဥ္ေတြအေပၚမွာေတာ့ ဂ်ာမနီ အက္ဖ္ေအက အျပင္းအထန္ရႈတ္ခ်ထားၿပီး အသက္ ၃၀ နဲ႔ ၄၀ ၾကားရွိ အမ်ိဳးသား ဦးကိုေတာ့ ၀ုလ္ဖတ္ ရဲတပ္ဖြဲ႕က ထိ္န္းသိမ္းထားတယ္လို႔လည္း Daily Mail ကေဖာ္ျပထားပါ တယ္။


အခုလိုမ်ိဳး လူမ်ိဳးေရးခြဲျခားဖို႔အတြက္ ဂ်ာမနီႏိုင္ငံရဲ႕ေဘာလုံးကြင္းေတြထဲနဲ႔ လူမႈနယ္ပယ္မွာ မရွိသင့္ဘူးလို႔ ဘိုင္ယန္ျမဴးနစ္အသင္း ကြင္းလယ္လူ ေဂၚရက္ဇ္ကာက ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။
ဂန္ဒိုဂန္အေနနဲ႔က ၿပီးခဲ့တဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲ မစခင္တုန္းက တူရကီနဲ႔ ဂ်ာမနီ ကုိယ္စားျပဳဖုိ႔ အျငင္းအခုံ ျဖစ္ခဲ့ သူ ျဖစ္ၿပီး ႏိုင္ငံလက္ေရြးစင္က အနားယူသြားၿပီ ျဖစ္တဲ့ အိုလ္ေဇးကလည္း တူရကီႏြယ္ဖြားတစ္ဦး ျဖစ္ပါတယ္။
အားေပးခဲ့ၾကတဲ့ ပရိသတ္ႀကီးကို ေက်းဇူးတင္ပါတယ္၊ ထိုင္ခုံအတြက္ လက္မွတ္၀ယ္ထားတဲ့သူအားလုံး လုံျခဳံ မႈ ရွိေစဖို႔ ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္သြားပါမယ္။လို႔ ဂ်ာမနီ အက္ဖ္ေအက ထုတ္ျပန္ခ်က္ ထုတ္ခဲ့ ပါတယ္။
ဒါ့အျပင္ အမ်ိဳးသား ၃ဦးကို ထိန္းသိမ္းထားတဲ့ ၀ုလ္ဖတ္ရဲတပ္ဖြဲ႕ကလည္း - “ ဂ်ာမနီ ကစားသမား ဦးကို စြပ္စြဲခဲ့ၾကတဲ့ ပရိသတ္ ဦးကို ဗုဒၶဟူးေန႔ ညေနမွာပဲ ထိန္းသိမ္းထားပါတယ္။လို႔ ထုတ္ျပန္ပါတယ္။

ဂ်ာမနီအသင္းကေတာ့ ယူရို ၂၀၂၀ ေျခစစ္ပြဲ အဖြင့္ပြဲအျဖစ္ လာမယ့္ မနက္ျဖန္ည(ျမန္မာစံေတာ္ခ်ိန္ တနလၤာ နံနက္ နာရီ ၁၅) မွာ နယ္သာလန္အသင္းနဲ႔ စတင္ကစားရပါမယ္။

(Unicode)

လူမျိုးရေးခွဲခြားခံခဲ့ရတဲ့ဆာနေးနဲ့ဂန်ဒိုဂန်

ဆာနေးအနေနဲ့ နီဂရီုးနဲ့ စွပ်စွဲခြင်းခံခဲ့ရသလို ဂန်ဒိုဂန်ကိုလည်း တူရကီနွယ်ဖြစ်လို့ လူမျိုးရေး ခွဲခြားမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က ဆားဘီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာ ဂျာမနီ အသင်းက ဆာနေးနဲ့ ဂန်ဒိုဂန်တို့ဟာ လူမျိုးရေးခွဲခြားမှု ကိုယ်စီနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ Daily Mail ကဖော်ပြလာပါတယ်။
ဒီတစ်ကြိမ် လူမျိုးရေးခွဲခြားခံခဲ့ရတာကတော့ ပြိုင်ဖက် ပရိသတ်က ပြောဆိုခဲ့တာ မဟုတ်ပဲ ကိုယ့်နိုင်ငံ ပရိသတ်က ပြန်လည်ခွဲခြားဆက်ဆံခဲ့တာကြောင့် ဆာနေးနဲ့ ဂန်ဒိုဂန်တို့အတွက်တော့ ရင်နာဖွယ် အဖြစ်ဆိုးနဲ့ ကြုံခဲ့တယ်လို့ ဆိုရမှာပါ။
တစ်ဖက် တစ်ဂိုးစီသရေကျခဲ့တဲ့ အဆိုပါပွဲမှာ ဆာနေးအနေနဲ့ နီဂရိုးဆိုပြီး ပြောဆိုခံခဲ့ရတာ ဖြစ်သလို ဂန်ဒိုဂန် ကလည်း တူရကီမျိုးဆက်ဆိုပြီး ပြောဆိုခံခဲ့ရတာ ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံ ဝုလ်ဖတ်ကွင်းကြီးထဲမှာ ကစားခဲ့တဲ့ အဆိုပါပွဲမှာ ဟစ်တလာကို ကိုယ်စားပြုတဲ့ နီယို နာဇီသီချင်း တွေကိုလည်း သံပြိုင်သီဆိုခဲ့ကြပြီး ဆာနေးနဲ့ ဂန်ဒိုဂန်ကိုလည်း လူမျိုးရေး ခွဲခြားခဲ့ကြတာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်တွေအပေါ်မှာတော့ ဂျာမနီ အက်ဖ်အေက အပြင်းအထန်ရှုတ်ချထားပြီး အသက် ၃၀ နဲ့ ၄၀ ကြားရှိ အမျိုးသား ၃ ဦးကိုတော့ ဝုလ်ဖတ် ရဲတပ်ဖွဲ့က ထိန်းသိမ်းထားတယ်လို့လည်း Daily Mail ကဖော်ပြထားပါ တယ်။
အခုလိုမျိုး လူမျိုးရေးခွဲခြားဖို့အတွက် ဂျာမနီနိုင်ငံရဲ့ဘောလုံးကွင်းတွေထဲနဲ့ လူမှုနယ်ပယ်မှာ မရှိသင့်ဘူးလို့ ဘိုင်ယန်မြူးနစ်အသင်း ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဂန်ဒိုဂန်အနေနဲ့က ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ မစခင်တုန်းက တူရကီနဲ့ ဂျာမနီ ကိုယ်စားပြုဖို့ အငြင်းအခုံ ဖြစ်ခဲ့ သူ ဖြစ်ပြီး နိုင်ငံလက်ရွေးစင်က အနားယူသွားပြီ ဖြစ်တဲ့ အိုလ်ဇေးကလည်း တူရကီနွယ်ဖွားတစ်ဦး ဖြစ်ပါတယ်။
“ အားပေးခဲ့ကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်၊ ထိုင်ခုံအတွက် လက်မှတ်ဝယ်ထားတဲ့သူအားလုံး လုံခြုံ မှု ရှိစေဖို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားပါမယ်။” လို့ ဂျာမနီ အက်ဖ်အေက ထုတ်ပြန်ချက် ထုတ်ခဲ့ ပါတယ်။
ဒါ့အပြင် အမျိုးသား ၃ဦးကို ထိန်းသိမ်းထားတဲ့ ဝုလ်ဖတ်ရဲတပ်ဖွဲ့ကလည်း - “ ဂျာမနီ ကစားသမား ၂ ဦးကို စွပ်စွဲခဲ့ကြတဲ့ ပရိသတ် ၃ ဦးကို ဗုဒ္ဓဟူးနေ့ ညနေမှာပဲ ထိန်းသိမ်းထားပါတယ်။” လို့ ထုတ်ပြန်ပါတယ်။
ဂျာမနီအသင်းကတော့ ယူရို ၂၀၂၀ ခြေစစ်ပွဲ အဖွင့်ပွဲအဖြစ် လာမယ့် မနက်ဖြန်ည(မြန်မာစံတော်ချိန် တနင်္လာ နံနက် ၂ နာရီ ၁၅) မှာ နယ်သာလန်အသင်းနဲ့ စတင်ကစားရပါမယ်။

No comments

Powered by Blogger.