ယူနိုက္တက္အသင္းရဲ့စတားကိုေခၚယူနိူင္ဖို ့ကစားသမားအလဲအထပ္လုပ္ခ်င္ေနတဲ့ဘာစီလိုနာ
စပိန္ ထိပ္သီး ဘာစီလိုနာ အသင္း ဟာ လက္ရွိ အသက္ အ႐ြယ္ ရရွိ ေနၿပီ ျဖစ္တဲ့ အသင္း ရဲ႕ အဓိက တိုက္စစ္မႉး လူးဝစ္ ဆြာရက္ဇ္ ရဲ႕ ေနရာ ကို အစား ထိုးဖို႔ အတြက္ ကစားသမား သစ္ ေခၚယူ ဖို႔ ရွာေဖြ ေနခဲ့ ၿပီး ပစ္မွတ္ ထားေန ခဲ့သူ ေတြ အမ်ားႀကီး ရွိခဲ့ ရ ပါတယ္ ။
ဒါေပမဲ့ လက္ရွိ အခ်ိန္ မွာေတာ့ ကတ္တလန္ ထိပ္သီး တို႔ဟာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္း ရဲ႕ အဂၤလန္ လက္ေ႐ြးစင္ တိုက္စစ္ မႉးေလး မားကပ္စ္ ရပ္ရွ္ဖို႔ ကို ေခၚယူ ႏိုင္ဖို႔ အတြက္ အဓိက ပစ္မွတ္ တစ္ခု အျဖစ္ ထားရွိ ေနခဲ့ ၾက ပါတယ္ ။
ဒီ အတြက္ ဘာစီလိုနာ အသင္း ဟာ ရပ္ရွ္ဖို႔ ကို ရယူ ႏိုင္ဖို႔ အသင္း မွာ သိပ္ၿပီး အံမဝင္ ျဖစ္ေန ၾကတဲ့ ကြင္းလယ္ ဖန္တီး ရွင္ ဖိလစ္ပီ ေကာ္တင္ဟို ( သို႔မဟုတ္ ) တိုက္စစ္ မႉး မယ္လ္ကြန္ တစ္ဦးဦး ျဖင့္ ကစားသမား အလဲ အထပ္ ျပဳလုပ္ ကမ္းလွမ္း ဖို႔ ေတြးေတာ ေမွ်ာ္လင့္ ေနခဲ့ ပါတယ္ ။
ၿပီး ခဲ့တဲ့ လ ေတြ တုန္းက ထြက္ေပၚ ခဲ့တဲ့ သတင္း ေတြ အရ ယူႏိုက္တက္ ဟာ ေကာ္တင္ဟို ကို ေခၚယူ ႏိုင္ဖို႔ အတြက္ အရမ္း ပဲ စိတ္ ဝင္စား ေနခဲ့ တယ္လို႔ သိရွိ ခဲ့ ရၿပီး အခ်ိဳ႕ သတင္း ေတြက ေတာ့ မယ္လ္ကြန္ ရဲ႕ ကစား ဟန္ ဟာ ယူႏိုက္တက္ နဲ႔ အေတာ္ ေလး လိုက္ဖက္ လိမ့္မယ္ လို႔ ဆိုေန ခဲ့ၾက ပါ ေသးတယ္ ။
ယူႏိုက္တက္ ဟာ ေကာ္တင္ဟို ကို ေခၚယူ ႏိုင္ဖို႔ အတြက္ ယခင္ ကတည္းက စိတ္ ဝင္စား မႈေတြ ရွိေန ခဲ့ ေပမဲ့ ဘရာဇီး လက္ေ႐ြးစင္ ဟာ ကတ္တလန္ ေျမကို ေျပာင္းေ႐ႊ႕ သြားခဲ့ ပါတယ္ ။ ဒါေပမဲ့ အခု ေတာ့ သူဟာ ကတ္တလန္ ေျမမွာ ေကာင္းမြန္ တဲ့ အေနအထား ေတြ ပိုင္ဆိုင္ ထားျခင္း မရွိ တာေၾကာင့္ အသင္း ေျပာင္းေ႐ႊ႕ ရ ႏိုင္ေျခ ျမင့္တက္ ေနခဲ့ ပါတယ္ ။
စပိန္ ေျမမွ နာမည္ ႀကီး သတင္းစာ တစ္ခု ျဖစ္တဲ့ မန္ဒို ဒီပို႔တီဗို႔ ရဲ႕ ေဖာ္ျပ ခ်က္ အရ ယူႏိုက္တက္ အသင္း ရဲ႕ တာဝန္ ရွိသူ အခ်ိဳ႕ ဟာ ကစားသ မား ရဲ႕ ေအးဂ်င့္ နဲ႔ ေတြ႕ဆုံ ခဲ့့ၿပီး ဘာစီလိုနာ မွ ထြက္ခြာ ႏိုင္ေျခ ရွိ မရွိ ဆိုတဲ့ ေမးခြန္း ကို ေမးခဲ့ ၾက ေသးတယ္ လို႔ သိရွိ ခဲ့ရ ပါတယ္ ။ အကယ္လို႔ ထြက္ခြာ ႏိုင္ေျခ ရွိခဲ့ ပါက လည္း သူတို႔ ကို ပထမ ဆုံး အသိ ေပးဖို႔ မွားၾကား ခဲ့ေၾကာင္း ေဖာ္ျပ သြားခဲ့ ပါတယ္ ။
ဒါေပမဲ့ ဘာကာ ဖက္မွ ေမွ်ာ္လင့္ ထားသလို ျဖစ္လာ ႏိုင္ဖို႔ အတြက္ လည္း ခက္ခဲ ႏိုင္ ပါတယ္ ။ ဘာျဖစ္ လို႔လဲ ဆိုေတာ့ လက္ရွိ ယူႏိုက္တက္ ရဲ႕ တိုက္စစ္ မွာ အဂၤလန္ လက္ေ႐ြးစင္ ဟာ အားထား ရတဲ့ ကစားသမား အျဖစ္ ရွိေန တဲ့ အတြက္ ယူႏိုက္တက္ ဖက္မွ လက္လႊတ္ ဆုံးရႈံး ခံဖို႔ ရွိ မေန တာ ေၾကာင့္ ပါပဲ ။
လက္ရွိ အေနအထား အရ ေတာ့ အသင္း နဲ႔ အတူ ရလဒ္ ေကာင္းေတြ ဆက္တိုက္ ရွာေဖြ ေပးေန ခဲ့တဲ့ ဂႏၶဝင္ တိုက္စစ္ မႉးေဟာင္း ျဖစ္သူ ဆိုးလ္ရွား ကသာ ယူႏိုက္တက္ အၿမဲတမ္း နည္းျပ ျဖစ္လာ ႏိုင္ဖို႔ ေရပန္း စားေန ခဲ့ ပါတယ္ ။
အကယ္လို႔ ဆိုးလ္ရွား သာ ယူႏိုက္တက္ မွာ ေရွ႕ဆက္ ရွိေန ခဲ့ရင္ ေတာ့ သူဟာ အသင္း ရဲ႕ လက္ရွိ အားထား ရတဲ့ ကစား သမား ေတြကို အိုးလ္ ထရပ္ဖို႔ဒ္ ေျမမွာ ဆက္လက္ ထိန္းသိမ္း ရင္း လိုအပ္ တဲ့ ကစားသမား ေတြကို ေခၚယူ သြားမွာ ပဲ ျဖစ္ပါ တယ္ ။
အျခား တစ္ဖက္ မွာေတာ့ ဘာစီလိုနာ အသင္း ဟာ တိုက္စစ္ မႉး ေနရာ အတြက္ အန္တြိဳင္းနီ ဂရစ္ဇ္မန္းနဲ႔ လူကာ ဂ်ိဳဗစ္ တို႔ကို လည္း ေစာင့္ၾကည့္ ေနတယ္ လို႔ သိရွိ ရ ပါတယ္ ။
(Unicode)
ယူနိုက်တက်အသင်းရဲ့စတားကိုခေါ်ယူနိူင်ဖို့ကစားသမားအလဲအထပ်လုပ်ချင်နေတဲ့ဘာစီလိုနာ
စပိန် ထိပ်သီး ဘာစီလိုနာ အသင်း ဟာ လက်ရှိ အသက် အရွယ် ရရှိ နေပြီ ဖြစ်တဲ့ အသင်း ရဲ့ အဓိက တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ် ရဲ့ နေရာ ကို အစား ထိုးဖို့ အတွက် ကစားသမား သစ် ခေါ်ယူ ဖို့ ရှာဖွေ နေခဲ့ ပြီး ပစ်မှတ် ထားနေ ခဲ့သူ တွေ အများကြီး ရှိခဲ့ ရ ပါတယ် ။
ဒါပေမဲ့ လက်ရှိ အချိန် မှာတော့ ကတ်တလန် ထိပ်သီး တို့ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ် မှူးလေး မားကပ်စ် ရပ်ရှ်ဖို့ ကို ခေါ်ယူ နိုင်ဖို့ အတွက် အဓိက ပစ်မှတ် တစ်ခု အဖြစ် ထားရှိ နေခဲ့ ကြ ပါတယ် ။
ဒီ အတွက် ဘာစီလိုနာ အသင်း ဟာ ရပ်ရှ်ဖို့ ကို ရယူ နိုင်ဖို့ အသင်း မှာ သိပ်ပြီး အံမဝင် ဖြစ်နေ ကြတဲ့ ကွင်းလယ် ဖန်တီး ရှင် ဖိလစ်ပီ ကော်တင်ဟို ( သို့မဟုတ် ) တိုက်စစ် မှူး မယ်လ်ကွန် တစ်ဦးဦး ဖြင့် ကစားသမား အလဲ အထပ် ပြုလုပ် ကမ်းလှမ်း ဖို့ တွေးတော မျှော်လင့် နေခဲ့ ပါတယ် ။
ပြီး ခဲ့တဲ့ လ တွေ တုန်းက ထွက်ပေါ် ခဲ့တဲ့ သတင်း တွေ အရ ယူနိုက်တက် ဟာ ကော်တင်ဟို ကို ခေါ်ယူ နိုင်ဖို့ အတွက် အရမ်း ပဲ စိတ် ဝင်စား နေခဲ့ တယ်လို့ သိရှိ ခဲ့ ရပြီး အချို့ သတင်း တွေက တော့ မယ်လ်ကွန် ရဲ့ ကစား ဟန် ဟာ ယူနိုက်တက် နဲ့ အတော် လေး လိုက်ဖက် လိမ့်မယ် လို့ ဆိုနေ ခဲ့ကြ ပါ သေးတယ် ။
ယူနိုက်တက် ဟာ ကော်တင်ဟို ကို ခေါ်ယူ နိုင်ဖို့ အတွက် ယခင် ကတည်းက စိတ် ဝင်စား မှုတွေ ရှိနေ ခဲ့ ပေမဲ့ ဘရာဇီး လက်ရွေးစင် ဟာ ကတ်တလန် မြေကို ပြောင်းရွှေ့ သွားခဲ့ ပါတယ် ။ ဒါပေမဲ့ အခု တော့ သူဟာ ကတ်တလန် မြေမှာ ကောင်းမွန် တဲ့ အနေအထား တွေ ပိုင်ဆိုင် ထားခြင်း မရှိ တာကြောင့် အသင်း ပြောင်းရွှေ့ ရ နိုင်ခြေ မြင့်တက် နေခဲ့ ပါတယ် ။
စပိန် မြေမှ နာမည် ကြီး သတင်းစာ တစ်ခု ဖြစ်တဲ့ မန်ဒို ဒီပို့တီဗို့ ရဲ့ ဖော်ပြ ချက် အရ ယူနိုက်တက် အသင်း ရဲ့ တာဝန် ရှိသူ အချို့ ဟာ ကစားသ မား ရဲ့ အေးဂျင့် နဲ့ တွေ့ဆုံ ခဲ့ပြီး ဘာစီလိုနာ မှ ထွက်ခွာ နိုင်ခြေ ရှိ မရှိ ဆိုတဲ့ မေးခွန်း ကို မေးခဲ့ ကြ သေးတယ် လို့ သိရှိ ခဲ့ရ ပါတယ် ။ အကယ်လို့ ထွက်ခွာ နိုင်ခြေ ရှိခဲ့ ပါက လည်း သူတို့ ကို ပထမ ဆုံး အသိ ပေးဖို့ မှားကြား ခဲ့ကြောင်း ဖော်ပြ သွားခဲ့ ပါတယ် ။
ဒါပေမဲ့ ဘာကာ ဖက်မှ မျှော်လင့် ထားသလို ဖြစ်လာ နိုင်ဖို့ အတွက် လည်း ခက်ခဲ နိုင် ပါတယ် ။ ဘာဖြစ် လို့လဲ ဆိုတော့ လက်ရှိ ယူနိုက်တက် ရဲ့ တိုက်စစ် မှာ အင်္ဂလန် လက်ရွေးစင် ဟာ အားထား ရတဲ့ ကစားသမား အဖြစ် ရှိနေ တဲ့ အတွက် ယူနိုက်တက် ဖက်မှ လက်လွှတ် ဆုံးရှုံး ခံဖို့ ရှိ မနေ တာ ကြောင့် ပါပဲ ။
လက်ရှိ အနေအထား အရ တော့ အသင်း နဲ့ အတူ ရလဒ် ကောင်းတွေ ဆက်တိုက် ရှာဖွေ ပေးနေ ခဲ့တဲ့ ဂန္ဓဝင် တိုက်စစ် မှူးဟောင်း ဖြစ်သူ ဆိုးလ်ရှား ကသာ ယူနိုက်တက် အမြဲတမ်း နည်းပြ ဖြစ်လာ နိုင်ဖို့ ရေပန်း စားနေ ခဲ့ ပါတယ် ။
အကယ်လို့ ဆိုးလ်ရှား သာ ယူနိုက်တက် မှာ ရှေ့ဆက် ရှိနေ ခဲ့ရင် တော့ သူဟာ အသင်း ရဲ့ လက်ရှိ အားထား ရတဲ့ ကစား သမား တွေကို အိုးလ် ထရပ်ဖို့ဒ် မြေမှာ ဆက်လက် ထိန်းသိမ်း ရင်း လိုအပ် တဲ့ ကစားသမား တွေကို ခေါ်ယူ သွားမှာ ပဲ ဖြစ်ပါ တယ် ။
အခြား တစ်ဖက် မှာတော့ ဘာစီလိုနာ အသင်း ဟာ တိုက်စစ် မှူး နေရာ အတွက် အန်တွိုင်းနီ ဂရစ်ဇ်မန်းနဲ့ လူကာ ဂျိုဗစ် တို့ကို လည်း စောင့်ကြည့် နေတယ် လို့ သိရှိ ရ ပါတယ် ။
Post a Comment