ေရာ္နယ္ဒိုကိုမထည့္လို ့ရံႈးပြဲမရိွစံခ်ိန္က်ိဳးပ်က္ခဲ့ေသာ္လည္းေနာင္တမရဘူးလို ့ဂ်ဴဗင္နည္းျပအယ္လီဂရီဆို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ေရာ္နယ္ဒို မပါ၀င္တဲ့ ဂ်ဴဗင္တပ္စ္အသင္းဟာ အေ၀းကြင္းမွာ ဂ်ီႏိုအာကို (၂)ဂိုးျပတ္နဲ႔ အေရးနိမ့္ခဲ့ျပီး စီးရီးေအမွာ ရံႈးပြဲမရွိစံခ်ိန္လည္း က်ိဳးပ်က္သြားခဲ့ရတာ ျဖစ္ပါတယ္။
ဂ်ီႏိုအာနဲ႔ ကစားခဲ့တဲ့ပြဲမွာ ေရာ္နယ္ဒိုကို အနားေပးခဲ့တဲ့အေပၚမွာ ဘယ္ေတာ့မွ ေနာင္တရမွာမဟုတ္ဘူးလို႔ ဂ်ဴဗင္တပ္စ္နည္းျပ အယ္လီဂရီက ေျပာဆိုလိုက္ပါတယ္။ ေရာ္နယ္ဒို မပါ၀င္တဲ့ ဂ်ဴဗင္တပ္စ္အသင္းဟာ အေ၀းကြင္းမွာ ဂ်ီႏိုအာကို (၂)ဂိုးျပတ္နဲ႔ အေရးနိမ့္ခဲ့ျပီး စီးရီးေအမွာ ရံႈးပြဲမရွိစံခ်ိန္လည္း က်ိဳးပ်က္သြားခဲ့ရတာ ျဖစ္ပါတယ္။
အက္သလက္တီကိုနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ ေရာ္နယ္ဒိုကို ခ်န္လွပ္ခဲ့ျပီး အယ္လီဂရီက ဒီဘာလာကို ဦးစားေပးပြဲထုတ္ခဲ့တာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဂ်ဴဗီဟာ ဂ်ီႏိုအာကို မယွဥ္ႏိုင္ခဲ့ပဲ အေရးနိမ့္ခဲ့ျပီးေနာက္ ေ၀ဖန္မႈေတြ ရွိလာခဲ့ျပီး အယ္လီဂရီက အထက္ပါအတိုင္း ျပန္လည္တံု႔ျပန္သြားခဲ့တာ ျဖစ္ပါတယ္။
"ဂ်ီႏိုအာနဲ႔ပြဲမွာ သူ႔ကို မထည့္သြင္းခဲ့တာနဲ႔ ပတ္သက္ျပီး ေနာင္တရေနမွာလားဆိုရင္ေတာ့ ေသခ်ာပါတယ္၊ ကၽြန္ေတာ္ လံုး၀ေနာင္တမရပါဘူး၊ ဒါက ကစားပံုဆိုးရြားတဲ့ ပြဲတစ္ပြဲဆိုရင္ေတာင္မွ ရလဒ္ထြက္ေပၚဖို႔ တစ္ခုတည္းပါပဲ ရံႈးပြဲမရွိစံခ်ိန္ဆိုတာက ပစ္မွတ္တစ္ခုမဟုတ္ပါဘူး၊ ဒါေပမယ့္ ဒီအတြက္ေတာ့ ကၽြန္ေတာ္စိတ္မေကာင္းျဖစ္မိပါတယ္ "
"ဘာလို႔လဲဆိုေတာ့ ရံႈးပြဲမရွိစံခ်ိန္ကို ကၽြန္ေတာ္တို႔ ဆက္လက္ထိန္းသိမ္းခ်င္ခဲ့လို႔ပါ၊ ခ်န္ပီယံလိဂ္ပြဲက ကၽြႏ္ေတာ္တို႔အတြက္ ေတာ္ေတာ္ေလးကို ခက္ခဲပင္ပန္းခဲ့ရပါတယ္၊ ကၽြန္ေတာ္တို႔ စြမ္းေဆာင္ရည္ျပန္လည္ေကာင္းမြန္လာဖို႔နဲ႔ ကစားသမားေတြ ဒဏ္ရာကေန သက္သာလာဖို႔အတြက္ အခု အနားယူရပါလိမ့္မယ္”
"ကစားသမားတစ္ေယာက္က သူကစားႏိုင္တဲ့ အေရအတြက္ထက္ ပိုျပီးေတာ့ မကစားႏိုင္ပါဘူး၊ ဒီေန႔ပြဲမွာဆို ကၽြန္ေတာ္တို႔ ခက္ခက္ခဲခဲ ကစားခဲ့ရပါတယ္၊ ရံႈးပြဲၾကံဳေတြ႕ရတာ အသင္းအတြက္လည္း ေကာင္းမြန္ပါတယ္၊ ဘာလိဳ႔လဲဆိုေတာ့ အမွတ္ေပးဖလားက ကၽြန္ေတာ္တို႔ အိတ္ထဲမွာဆိုတဲ့ အေတြးမ်ိဳးကို ေတြးမိႏိုင္တာမ်ိဳး ျဖစ္တတ္ပါတယ္" လို႔ အယ္လီဂရီက ေျပာဆိုသြားခဲ့ပါတယ္။
(Unicode)
ရော်နယ်ဒိုကိုမထည့်လို့ရှုံးပွဲမရှိစံချိန်ကျိုးပျက်ခဲ့သော်လည်းနောင်တမရဘူးလို့ဂျူဗင်နည်းပြအယ်လီဂရီဆို
ရော်နယ်ဒို မပါဝင်တဲ့ ဂျူဗင်တပ်စ်အသင်းဟာ အဝေးကွင်းမှာ ဂျီနိုအာကို (၂)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး စီးရီးအေမှာ ရှုံးပွဲမရှိစံချိန်လည်း ကျိုးပျက်သွားခဲ့ရတာ ဖြစ်ပါတယ်။
ဂျီနိုအာနဲ့ ကစားခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုကို အနားပေးခဲ့တဲ့အပေါ်မှာ ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူးလို့ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒို မပါဝင်တဲ့ ဂျူဗင်တပ်စ်အသင်းဟာ အဝေးကွင်းမှာ ဂျီနိုအာကို (၂)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး စီးရီးအေမှာ ရှုံးပွဲမရှိစံချိန်လည်း ကျိုးပျက်သွားခဲ့ရတာ ဖြစ်ပါတယ်။
အက်သလက်တီကိုနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ရော်နယ်ဒိုကို ချန်လှပ်ခဲ့ပြီး အယ်လီဂရီက ဒီဘာလာကို ဦးစားပေးပွဲထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျူဗီဟာ ဂျီနိုအာကို မယှဉ်နိုင်ခဲ့ပဲ အရေးနိမ့်ခဲ့ပြီးနောက် ဝေဖန်မှုတွေ ရှိလာခဲ့ပြီး အယ်လီဂရီက အထက်ပါအတိုင်း ပြန်လည်တုံ့ပြန်သွားခဲ့တာ ဖြစ်ပါတယ်။
"ဂျီနိုအာနဲ့ပွဲမှာ သူ့ကို မထည့်သွင်းခဲ့တာနဲ့ ပတ်သက်ပြီး နောင်တရနေမှာလားဆိုရင်တော့ သေချာပါတယ်၊ ကျွန်တော် လုံးဝနောင်တမရပါဘူး၊ ဒါက ကစားပုံဆိုးရွားတဲ့ ပွဲတစ်ပွဲဆိုရင်တောင်မှ ရလဒ်ထွက်ပေါ်ဖို့ တစ်ခုတည်းပါပဲ ရှုံးပွဲမရှိစံချိန်ဆိုတာက ပစ်မှတ်တစ်ခုမဟုတ်ပါဘူး၊ ဒါပေမယ့် ဒီအတွက်တော့ ကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ် "
"ဘာလို့လဲဆိုတော့ ရှုံးပွဲမရှိစံချိန်ကို ကျွန်တော်တို့ ဆက်လက်ထိန်းသိမ်းချင်ခဲ့လို့ပါ၊ ချန်ပီယံလိဂ်ပွဲက ကျွန်တော်တို့အတွက် တော်တော်လေးကို ခက်ခဲပင်ပန်းခဲ့ရပါတယ်၊ ကျွန်တော်တို့ စွမ်းဆောင်ရည်ပြန်လည်ကောင်းမွန်လာဖို့နဲ့ ကစားသမားတွေ ဒဏ်ရာကနေ သက်သာလာဖို့အတွက် အခု အနားယူရပါလိမ့်မယ်”
"ကစားသမားတစ်ယောက်က သူကစားနိုင်တဲ့ အရေအတွက်ထက် ပိုပြီးတော့ မကစားနိုင်ပါဘူး၊ ဒီနေ့ပွဲမှာဆို ကျွန်တော်တို့ ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်၊ ရှုံးပွဲကြုံတွေ့ရတာ အသင်းအတွက်လည်း ကောင်းမွန်ပါတယ်၊ ဘာလို့လဲဆိုတော့ အမှတ်ပေးဖလားက ကျွန်တော်တို့ အိတ်ထဲမှာဆိုတဲ့ အတွေးမျိုးကို တွေးမိနိုင်တာမျိုး ဖြစ်တတ်ပါတယ်" လို့ အယ်လီဂရီက ပြောဆိုသွားခဲ့ပါတယ်။
Post a Comment