လီယြန္နယ္မက္ဆီဟာ မန္ခ်က္စတာယူနိုက္တက္နဲ့ပြဲမွာေျခစြမ္းျပနိုင္မွာမဟုတ္ပါဘူး။
လီယြန္နယ္မက္ဆီဟာ သူရဲ႕တည္ၿငိမ္လွတဲ့အရည္အခ်င္းအစစ္အမွန္ကိုရီးရဲလ္ဘက္တစ္အသင္းႏွင့္ယွဥိၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ အေကာင္းဆံုးျပသခဲ့ပါတယိ။သို႔ေသာ္လည္းစပိန္ေျမက နာမည္ႀကီးတစ္ဦးကေတာ့ မက္ဆီဟာ ယူႏိုက္တက္ အသင္းႏွင့္ပြဲစဥ္မွာ ေျခစြမ္းျပႏိုင္မွာမဟုတ္ဘူးလို႔ဆိုပါတယ္။
ၿပီးခဲ့တဲ့ရက္အနည္းငယ္ကျပဳလုပ္ခဲ့တဲ့အေကာင္းဆံုးကစားသမားအတြက္ အြန္ လိုင္းမဲေပးေရြးခ်ယ္မႈတြင္ မက္ဆီက ႐ိုနယ္ဒိုကိုအမွတ္အျပတ္ႏွင့္ေက်ာ္ျဖတ္ကာအေကာင္းဆံုးကစားသမားလို႔သတ္မွတ္ခံခဲ့ရပါတယ္။အဆိုပါမဲေပးေရြးခ်ယ္မႈကို လူေပါင္း ၆၀၈၈၀ပါဝင္ခဲ့ပါတယ္။
70%Messi
30%Ronaldo
Let’s get it settled once and for all. Who is better?— SPORTbible (@sportbible) March 18, 2019
ဒီေရြးခ်ယ္မႈစစ္တမ္းကေတာ့ ႏွစ္ေပါင္းမ်ားစြာေဘာလံုးေလာကရဲ႕အျငင္းခံုျဖစ္ေနဆဲႏွင့္ လႊမ္းမိုးထားမႈေတြအေပၚအနညိးငယ္ေျဖ႐ွင္းႏိုင္မႈလို႔ဆိုႏိုင္ပါတယ္။ၿပီးခဲ့တဲ့အပတ္မွာပဲ မက္ဆီႏွင့္ ႐ိုနယ္လ္ဒိုႏွစ္ဦးစလံုးက ဟက္ထရစ္ ကိုယ္စိသြင္းယူခဲ့ၾကပါတယ္။႐ိုနယ္လ္ဒိုက ေအတီကိုအသင္းႏွင့္ယွဥ္ၿပိဳင္ကစားခဲ့တဲ့ခ်န္ပီယံလိဂ္႐ွံုးထြက္ပြဲစဥ္မွာေျခစြမ္းျပသကာ ဟက္ထရစ္ ရယူႏိုင္ခဲ့ပါတယ္။႐ိုနယ္လ္ဒိုရဲ႕ဂ်ဴဗင္တပ္အသင္းကပထမအေက်ာ့မွာ ၂ဂိုးျပတ္ႏွင့္အေရးနိမ့္ခဲ့ပါတယ္။မက္ဆီကလည္းၿပီးခဲ့တဲ့အပတ္ကယွဥ္ၿပိဳင္ကစားခဲ့တဲ့ဘက္တစ္အသင္းႏွင့္ပြဲစဥ္မွာ မက္ဆီကသူရဲ႕အံ့မခန္းေလာက္ေအာင္ထူးခြၽန္လွတဲ့ဂိုးသြင္းစြမး္ရည္ႏွင့္ဟက္ထရစ္ရယူႏိုင္ခဲ့ၿပီး သူရဲ႕ကန္သြင္းခ်က္ေတြက ေတာ္ရံုကစားသမားေတြမလုပ္ႏိုင္တဲ့ကန္သြင္းခ်က္ေတြလည္းျဖစ္ပါတယ္။
သို႔ေသာ္လည္းပဲ ေဘာလံုးခန္႔မွန္းသံုးသပ္တဲ့ နာမည္ႀကီးတစ္ဦးကေတာ့ ရီးရဲလ္မက္ဒရစ္အသင္းပရိသတ္ျဖစ္ဟန္႐ွိၿပီး ယူႏိုက္တက္အသင္းႏွင့္ဘာစီလုိနာအသင္းပြဲစဥ္မွာ မက္ဆီအေနႏွင့္ေျခစြမ္းျပသႏိုင္မွာမဟုတ္ဘဲ ဘာစီလိုနာအသင္းလည္းကြာတားဖိုင္နယ္ကေနထြက္ခြာရမည့္လို႔ခန္႔မွန္းလိုက္ပါတယ္။
တိုမားစ္ရြန္စီ႐ို အမည္႐ွိ ခန္႔မွန္းသံုးသပ္ေရးသမားဟာ El Chiringuito ႐ုပ္သံမွာသူရဲ႕ခန္႔မွန္းခ်က္ေတြကို ေျပာၾကားေလ့႐ွိၿပီးသူကိုရီးရဲလ္မက္ဒရစ္အသင္းအက်ႌႏွင့္မၾကာခဏေတြျမင္ရေလ့႐ွိပါတယိ။သူက ဘာစီလုိနာအသင္းအေပၚေျပာၾကားလိုက္တဲ့ခန္မွန္းခ်က္ဟာသာမန္ကိစၥေတာ့မဟုတ္ေလာက္ပါဘူး။
မည္သို႔ပင္ဆိုေစကာမူ ၿပီးခဲ့တဲ့ရာသီမွာ ဘာစီလိုနာ အသင္း၃ရာသီဆက္ ကြာတားဖိုင္နယ္ကေနထြက္ခြာခဲ့ရတဲ့အေျခအေနေတြေၾကာင့္
ရြန္စီ႐ိုကရဲရဲႀကီးေျပာရဲတာလို႔ သံုးသပ္ႏိုင္ပါတယ္။ယူႏိုက္တက္ အသင္းဟာ ၁၆သင္း႐ွံုးထြက္အဆင့္မွာ PSGအသင္းကိုအမွတ္မထင္အႏိုင္ယူကာကြာတားဖိုင္နယ္အဆင့္ကိုတက္ေရာက္လာခဲ့ပါတယ္။ကြာတားဖိုင္နယ္မွာဗဲလ္ဗာဒီရဲ႕ ဘာကာကိုေက်ာ္ျဖတ္ႏိုင္မလားဆိုတာေစာင့္ၾကည့္ရမယ္ျဖစ္ပါတယ္။
(Unicode)
လီယွန်နယ်မက်ဆီဟာ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာခြေစွမ်းပြနိုင်မှာမဟုတ်ပါဘူး။
လီယွန်နယ်မက်ဆီဟာ သူရဲ့တည်ငြိမ်လှတဲ့အရည်အချင်းအစစ်အမှန်ကိုရီးရဲလ်ဘက်တစ်အသင်းနှင့်ယှဥိပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အကောင်းဆုံးပြသခဲ့ပါတယိ။သို့သော်လည်းစပိန်မြေက နာမည်ကြီးတစ်ဦးကတော့ မက်ဆီဟာ ယူနိုက်တက် အသင်းနှင့်ပွဲစဉ်မှာ ခြေစွမ်းပြနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်အနည်းငယ်ကပြုလုပ်ခဲ့တဲ့အကောင်းဆုံးကစားသမားအတွက် အွန် လိုင်းမဲပေးရွေးချယ်မှုတွင် မက်ဆီက ရိုနယ်ဒိုကိုအမှတ်အပြတ်နှင့်ကျော်ဖြတ်ကာအကောင်းဆုံးကစားသမားလို့သတ်မှတ်ခံခဲ့ရပါတယ်။အဆိုပါမဲပေးရွေးချယ်မှုကို လူပေါင်း ၆၀၈၈၀ပါဝင်ခဲ့ပါတယ်။
70%Messi
30%Ronaldo
ဒီရွေးချယ်မှုစစ်တမ်းကတော့ နှစ်ပေါင်းများစွာဘောလုံးလောကရဲ့အငြင်းခုံဖြစ်နေဆဲနှင့် လွှမ်းမိုးထားမှုတွေအပေါ်အနညိးငယ်ဖြေရှင်းနိုင်မှုလို့ဆိုနိုင်ပါတယ်။ပြီးခဲ့တဲ့အပတ်မှာပဲ မက်ဆီနှင့် ရိုနယ်လ်ဒိုနှစ်ဦးစလုံးက ဟက်ထရစ် ကိုယ်စိသွင်းယူခဲ့ကြပါတယ်။ရိုနယ်လ်ဒိုက အေတီကိုအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့တဲ့ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်မှာခြေစွမ်းပြသကာ ဟက်ထရစ် ရယူနိုင်ခဲ့ပါတယ်။ရိုနယ်လ်ဒိုရဲ့ဂျူဗင်တပ်အသင်းကပထမအကျော့မှာ ၂ဂိုးပြတ်နှင့်အရေးနိမ့်ခဲ့ပါတယ်။မက်ဆီကလည်းပြီးခဲ့တဲ့အပတ်ကယှဉ်ပြိုင်ကစားခဲ့တဲ့ဘက်တစ်အသင်းနှင့်ပွဲစဉ်မှာ မက်ဆီကသူရဲ့အံ့မခန်းလောက်အောင်ထူးချွန်လှတဲ့ဂိုးသွင်းစွမ်းရည်နှင့်ဟက်ထရစ်ရယူနိုင်ခဲ့ပြီး သူရဲ့ကန်သွင်းချက်တွေက တော်ရုံကစားသမားတွေမလုပ်နိုင်တဲ့ကန်သွင်းချက်တွေလည်းဖြစ်ပါတယ်။
သို့သော်လည်းပဲ ဘောလုံးခန့်မှန်းသုံးသပ်တဲ့ နာမည်ကြီးတစ်ဦးကတော့ ရီးရဲလ်မက်ဒရစ်အသင်းပရိသတ်ဖြစ်ဟန်ရှိပြီး ယူနိုက်တက်အသင်းနှင့်ဘာစီလိုနာအသင်းပွဲစဉ်မှာ မက်ဆီအနေနှင့်ခြေစွမ်းပြသနိုင်မှာမဟုတ်ဘဲ ဘာစီလိုနာအသင်းလည်းကွာတားဖိုင်နယ်ကနေထွက်ခွာရမည့်လို့ခန့်မှန်းလိုက်ပါတယ်။
တိုမားစ်ရွန်စီရို အမည်ရှိ ခန့်မှန်းသုံးသပ်ရေးသမားဟာ El Chiringuito ရုပ်သံမှာသူရဲ့ခန့်မှန်းချက်တွေကို ပြောကြားလေ့ရှိပြီးသူကိုရီးရဲလ်မက်ဒရစ်အသင်းအင်္ကျီနှင့်မကြာခဏတွေမြင်ရလေ့ရှိပါတယိ။သူက ဘာစီလိုနာအသင်းအပေါ်ပြောကြားလိုက်တဲ့ခန်မှန်းချက်ဟာသာမန်ကိစ္စတော့မဟုတ်လောက်ပါဘူး။
မည်သို့ပင်ဆိုစေကာမူ ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာ အသင်း၃ရာသီဆက် ကွာတားဖိုင်နယ်ကနေထွက်ခွာခဲ့ရတဲ့အခြေအနေတွေကြောင့်
ရွန်စီရိုကရဲရဲကြီးပြောရဲတာလို့ သုံးသပ်နိုင်ပါတယ်။ယူနိုက်တက် အသင်းဟာ ၁၆သင်းရှုံးထွက်အဆင့်မှာ PSGအသင်းကိုအမှတ်မထင်အနိုင်ယူကာကွာတားဖိုင်နယ်အဆင့်ကိုတက်ရောက်လာခဲ့ပါတယ်။ကွာတားဖိုင်နယ်မှာဗဲလ်ဗာဒီရဲ့ ဘာကာကိုကျော်ဖြတ်နိုင်မလားဆိုတာစောင့်ကြည့်ရမယ်ဖြစ်ပါတယ်။
Post a Comment