ဂိုးေပါက္ေပ်ာက္ေနတဲ့ဆာလာကိုပယ္နယ္တီးေပးမကန္ခိုင္းတဲ့အေၾကာင္းအရင္းကေလာ့ဖြင့္ဟ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ယမန္ေန႔က လီဗာပူးအသင္းဟာ ပင္နယ္တီသြင္းဂိုးေၾကာင့္ ဖူလ္ဟမ္အသင္းကို အႏုိင္ရရွိၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယား ထိပ္ဆံုးမွာ ယာယီရပ္တည္ႏုိင္ခဲ့တဲ့ပြဲစဥ္အၿပီး ယာဂင္ကေလာ့ပ္က ဂ်ိမ္းစ္မီလ္နာကို ပင္နယ္တီကန္သြင္းဖုိ႔ ပထမဦးစားေပးအျဖစ္ သတ္မွတ္ထားတာျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားခဲ့ပါတယ္။
လီဗာပူးအသင္းဟာ ပထမပိုင္း ၂၆ မိနစ္မွာ မာေနးရဲ႕အဖြင့္ဂိုးနဲ႔ အိမ္ရွင္ဖူလ္ဟမ္အသင္းကို ဦးေဆာင္ႏုိင္ခဲ့ၿပီး ရိုင္ယန္ဘာဘယ္ရဲ႕ ေခ်ပဂိုးေၾကာင့္ အႏုိင္ဂိုးသြင္းယူႏုိင္ဖို႔ ခက္ခက္ခဲခဲႀကိဳးပမ္းခဲ့ရတာျဖစ္ပါတယ္။
မိနစ္ ၈၀ မွာ ဖူလ္ဟမ္အသင္းဂိုးသမား ဆာဂ်ီယိုရီကိုက ပင္နယ္တီဧရိယာထဲမွာ မာေနးကို ဆြဲခဲ့တယ္ဆုိၿပီး ကြင္းလယ္ဒိုင္က လီဗာပူးအသင္းကို ပင္နယ္တီကန္ခြင့္ေပးခဲ့တာျဖစ္ပါတယ္။ လီဗာပူးတုိက္စစ္မွဴး မုိဟာမက္ဆာလာဟာ ယင္းပင္နယ္တီကို ကန္သြင္းယူခဲ့မယ္ဆုိရင္ ပရီးမီးယားလိဂ္သြင္းဂိုး ၅၀ ျပည့္ေျမာက္မွာျဖစ္ေပမယ့္ ကန္သြင္းယူခြင့္မရခဲ့တာျဖစ္ပါတယ္။
နည္းျပယာဂင္ကေလာ့ပ္က ပံုမွန္အားျဖင့္ လီဗာပူးအသင္းရဲ႕ပင္နယ္တီကို ကန္သြင္းေနက်ျဖစ္တဲ့ မုိဟာမက္ဆာလာအစား ဂ်ိမ္းစ္မီလ္နာကို ကန္သြင္းယူေစခဲ့ပါတယ္။ ယခုရာသီမွာ ဖာမီႏုိနဲ႔ ဂ်ိမ္းစ္မီလ္နာတုိ႔ကို နည္းျပကေလာ့ပ္က ပင္နယ္တီကန္သြင္းခြင့္တာဝန္ကို မွ်ေဝေပးထားၿပီး ဂ်ိမ္းစ္မီလ္နာအေနနဲ႔ ကြင္းထဲမွာ ရွိေနတဲ့အခ်ိန္မွာ ပင္နယ္တီကန္သြင္းဖို႔ ဦးစားေပးျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
“ကြင္းထဲမွာရွိေနတဲ့အခ်ိန္မွာ မီလ္နာ ပင္နယ္တီကန္ရတာဟာ ယုတၱိတန္ပါတယ္”
“မီလ္နာက လူသားျဖစ္ေနရင္ေတာင္မွ သံသယျဖစ္စရာမရွိပါဘူး။ မီလ္နာ မပါဘဲကစားရင္ေတာင္ ၁-၀ ပဲ ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္”လို႔ ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။
(Unicode)
ဂိုးပေါက်ပျောက်နေတဲ့ဆာလာကိုပယ်နယ်တီးပေးမကန်ခိုင်းတဲ့အကြောင်းအရင်းကလော့ဖွင့်ဟ
ယမန်နေ့က လီဗာပူးအသင်းဟာ ပင်နယ်တီသွင်းဂိုးကြောင့် ဖူလ်ဟမ်အသင်းကို အနိုင်ရရှိပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးမှာ ယာယီရပ်တည်နိုင်ခဲ့တဲ့ပွဲစဉ်အပြီး ယာဂင်ကလော့ပ်က ဂျိမ်းစ်မီလ်နာကို ပင်နယ်တီကန်သွင်းဖို့ ပထမဦးစားပေးအဖြစ် သတ်မှတ်ထားတာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ပထမပိုင်း ၂၆ မိနစ်မှာ မာနေးရဲ့အဖွင့်ဂိုးနဲ့ အိမ်ရှင်ဖူလ်ဟမ်အသင်းကို ဦးဆောင်နိုင်ခဲ့ပြီး ရိုင်ယန်ဘာဘယ်ရဲ့ ချေပဂိုးကြောင့် အနိုင်ဂိုးသွင်းယူနိုင်ဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရတာဖြစ်ပါတယ်။
မိနစ် ၈၀ မှာ ဖူလ်ဟမ်အသင်းဂိုးသမား ဆာဂျီယိုရီကိုက ပင်နယ်တီဧရိယာထဲမှာ မာနေးကို ဆွဲခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က လီဗာပူးအသင်းကို ပင်နယ်တီကန်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလာဟာ ယင်းပင်နယ်တီကို ကန်သွင်းယူခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်သွင်းဂိုး ၅၀ ပြည့်မြောက်မှာဖြစ်ပေမယ့် ကန်သွင်းယူခွင့်မရခဲ့တာဖြစ်ပါတယ်။
နည်းပြယာဂင်ကလော့ပ်က ပုံမှန်အားဖြင့် လီဗာပူးအသင်းရဲ့ပင်နယ်တီကို ကန်သွင်းနေကျဖြစ်တဲ့ မိုဟာမက်ဆာလာအစား ဂျိမ်းစ်မီလ်နာကို ကန်သွင်းယူစေခဲ့ပါတယ်။ ယခုရာသီမှာ ဖာမီနိုနဲ့ ဂျိမ်းစ်မီလ်နာတို့ကို နည်းပြကလော့ပ်က ပင်နယ်တီကန်သွင်းခွင့်တာဝန်ကို မျှဝေပေးထားပြီး ဂျိမ်းစ်မီလ်နာအနေနဲ့ ကွင်းထဲမှာ ရှိနေတဲ့အချိန်မှာ ပင်နယ်တီကန်သွင်းဖို့ ဦးစားပေးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ကွင်းထဲမှာရှိနေတဲ့အချိန်မှာ မီလ်နာ ပင်နယ်တီကန်ရတာဟာ ယုတ္တိတန်ပါတယ်”
“မီလ်နာက လူသားဖြစ်နေရင်တောင်မှ သံသယဖြစ်စရာမရှိပါဘူး။ မီလ်နာ မပါဘဲကစားရင်တောင် ၁-၀ ပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
credit
credit
Post a Comment