Header Ads


ေရာ္နယ္ဒိုကသူ ့ရဲ ့ေက်းဇူးရွင္လို ့ထုတ္ေဖာ္ေျပာၾကားလိုက္တဲ့ဖာဘီယို


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေနာက္ခံကစားသမားေဟာင္း ေဖဘီယိုဒါေဆးဗားလ္က ယူႏိုက္တက္မွာ အသင္းေဖာ္ေတြျဖစ္ခဲ့တဲ့ ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴး ေရာ္နယ္ဒိုဟာ တစ္ကိုယ္ေကာင္းဆန္သူ မဟုတ္ဘူးလို႔ ေျပာဆိုလိုက္ပါတယ္။ ေရာ္နယ္ဒိုက သူ႔အေပၚမွာ အျမဲတမ္းအားေပးကူညီခဲ့ျပီး အၾကံဥာဏ္ေတြလည္း ေပးခဲ့တယ္လို႔ ေဖဘီယုိက ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။


ေဖဘီယို နဲ႔ ရာေဖးလ္တို႔ ဘရာဇီးလ္ညီအစ္ကိုႏွစ္ဦးဟာ ၂၀၀၈ ခုႏွစ္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေရာက္ရွိလာခဲ့ၾကသူေတြျဖစ္ျပီး အသင္းမွာ ()ႏွစ္ၾကာ ကစားခဲ့ၾကပါတယ္။ ၂၀၁၅ ခုႏွစ္မွာေတာ့ ရာေဖးလ္က လိုင္ယြန္ကို ေျပာင္းေရႊ႕သြားခဲ့ျပီး ေဖဘီယုိကေတာ့ ကာဒစ္ နဲ႔ မစ္ဒယ္ဘေရာ့တို႔မွာ ကစားခဲ့ျပီး လက္ရွိမွာ ျပင္သစ္ကလပ္ နန္႔တက္စ္အသင္းမွာ ကစားေနတာ ျဖစ္ပါတယ္။

ဆာအဲလက္စ္ဖာဂူဆန္ရဲ႕ လက္ေအာက္မွာ ေဖဘီယိုက ယူႏိုက္တက္နဲ႔အတူ ပရီးမီးယားလိဂ္ဖလားတစ္လံုးကို ဆြတ္ခူးႏိုင္ခဲ့ျပီး ဘာစီလိုနာနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုလည္း ပါ၀င္ကစားခြင့္ ရရွိခဲ့ပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ လက္ရွိယာယီနည္းျပျဖစ္ေနတဲ့ ဆိုးလ္ရွားနဲ႔လည္း ေဖဘီယိုက ကာဒစ္အသင္းမွာ လက္တြဲခဲ့ဖူးသူ ျဖစ္ပါတယ္။


"တခ်ိဳ႕ကစားသမားေတြက ကၽြန္ေတာ္တို႔အေပၚမွာ မယံုၾကည္ႏိုင္ေလာက္ေအာင္ ေကာင္းမြန္ခဲ့ပါတယ္၊ ဒါရင္းဖလက္ခ်ာ၊ ရီယိုဖာဒီနန္ နဲ႔ ေရာ္နယ္ဒိုတို႔လို ကစားသမားမ်ိဳးေတြေပါ့၊ ေရာ္နယ္ဒိုဆိုရင္ ကၽြႏ္ေတာ္တို႔ကို အမ်ားၾကီး အကူအညီဗပးခဲ့တာပါ၊ အဂၤလိပ္လို စကားတစ္လံုးမွ မသိတဲ့ ကၽြန္ေတာ္တို႔ကို သူက ကူညီေပးခဲ့တာပါ"
"သူ႔ကို တစ္ကိုယ္ေကာင္းဆန္တယ္လုိ႔ ေျပာေနတာေတြကို ကၽြန္ေတာ္ ၾကားရမပါတယ္၊ ဒါေပမယ့္ သူက ကၽြန္ေတာ့္ကို ကြင္းတြင္း၊ကြင္းျပင္မွာ အျမဲတမ္းအၾကံေတြေပးခ့တာပါ၊ ေတာ့တင္ဟမ္နဲ႔ ကစားခဲ့ရတဲ့ ကၽြန္ေတာ့္ရဲ႕ ပြဲဦးထြက္ပြမွာဆိုရင္ သူနဲ႔အတူ ကစားခြင့္ရခဲ့ပါတယ္၊ ကၽြန္ေတာ္တို႔ ကြင္းဘက္ျခမ္းမွာ ဘယ္လိုအရဲစြန္႔မႈမ်ိဳးမွ မလုပ္နဲ႔လို႔ သူက ကၽြန္ေတာ့္ကို ေျပာခဲံပါတယ္၊ ဘာလိဳ႔လဲဆိုေတာ့ သူ ေနာက္ထိဆင္းျပီး ကၽြန္ေတာ္တို႔ကို မကူညီႏိုင္လို႔ပါ"

"ျပိဳင္ဘက္ကြင္းဘက္ျခမ္းမွာ မင္း ေဘာလံုးရတဲ့အခ်ိန္ဆိုရင္ မင္းၾကိဳက္တာလုပ္လို႔ရျပီလို႔ သူက ကၽြန္ေတာ့္ကို ေျပာခဲ့ပါတယ္၊ သူက ကၽြန္ေတာ့္ကို အမ်ားၾကီး ေထာက္ပံ့ေပးခဲ့ပါတယ္၊ ကၽြန္ေတာ့္အတြက္ေတာ့ ဒါက ေကာင္းမြန္ခဲ့တာပါ" လို႔ ေဖဘီယိုက ေရာ္နယ္ဒိုရဲ႕ စိတ္ထားအေပၚကို ESPN နဲ႔ေတြ႔ဆံုမႈမွာ ေျပာၾကားသြားခဲ့ပါတယ္။

(Unicode)

ရော်နယ်ဒိုကသူ့ရဲ့ကျေးဇူးရှင်လို့ထုတ်ဖော်ပြောကြားလိုက်တဲ့ဖာဘီယို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမားဟောင်း ဖေဘီယိုဒါဆေးဗားလ်က ယူနိုက်တက်မှာ အသင်းဖော်တွေဖြစ်ခဲ့တဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ တစ်ကိုယ်ကောင်းဆန်သူ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုက သူ့အပေါ်မှာ အမြဲတမ်းအားပေးကူညီခဲ့ပြီး အကြံဉာဏ်တွေလည်း ပေးခဲ့တယ်လို့ ဖေဘီယိုက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဖေဘီယို နဲ့ ရာဖေးလ်တို့ ဘရာဇီးလ်ညီအစ်ကိုနှစ်ဦးဟာ ၂၀၀၈ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့ကြသူတွေဖြစ်ပြီး အသင်းမှာ (၆)နှစ်ကြာ ကစားခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ရာဖေးလ်က လိုင်ယွန်ကို ပြောင်းရွှေ့သွားခဲ့ပြီး ဖေဘီယိုကတော့ ကာဒစ် နဲ့ မစ်ဒယ်ဘရော့တို့မှာ ကစားခဲ့ပြီး လက်ရှိမှာ ပြင်သစ်ကလပ် နန့်တက်စ်အသင်းမှာ ကစားနေတာ ဖြစ်ပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်ရဲ့ လက်အောက်မှာ ဖေဘီယိုက ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဖလားတစ်လုံးကို ဆွတ်ခူးနိုင်ခဲ့ပြီး ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။ ယူနိုက်တက်အသင်းရဲ့ လက်ရှိယာယီနည်းပြဖြစ်နေတဲ့ ဆိုးလ်ရှားနဲ့လည်း ဖေဘီယိုက ကာဒစ်အသင်းမှာ လက်တွဲခဲ့ဖူးသူ ဖြစ်ပါတယ်။
"တချို့ကစားသမားတွေက ကျွန်တော်တို့အပေါ်မှာ မယုံကြည်နိုင်လောက်အောင် ကောင်းမွန်ခဲ့ပါတယ်၊ ဒါရင်းဖလက်ချာ၊ ရီယိုဖာဒီနန် နဲ့ ရော်နယ်ဒိုတို့လို ကစားသမားမျိုးတွေပေါ့၊ ရော်နယ်ဒိုဆိုရင် ကျွန်တော်တို့ကို အများကြီး အကူအညီဗပးခဲ့တာပါ၊ အင်္ဂလိပ်လို စကားတစ်လုံးမှ မသိတဲ့ ကျွန်တော်တို့ကို သူက ကူညီပေးခဲ့တာပါ"
"သူ့ကို တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောနေတာတွေကို ကျွန်တော် ကြားရမပါတယ်၊ ဒါပေမယ့် သူက ကျွန်တော့်ကို ကွင်းတွင်း၊ကွင်းပြင်မှာ အမြဲတမ်းအကြံတွေပေးခ့တာပါ၊ တော့တင်ဟမ်နဲ့ ကစားခဲ့ရတဲ့ ကျွန်တော့်ရဲ့ ပွဲဦးထွက်ပွမှာဆိုရင် သူနဲ့အတူ ကစားခွင့်ရခဲ့ပါတယ်၊ ကျွန်တော်တို့ ကွင်းဘက်ခြမ်းမှာ ဘယ်လိုအရဲစွန့်မှုမျိုးမှ မလုပ်နဲ့လို့ သူက ကျွန်တော့်ကို ပြောခဲံပါတယ်၊ ဘာလို့လဲဆိုတော့ သူ နောက်ထိဆင်းပြီး ကျွန်တော်တို့ကို မကူညီနိုင်လို့ပါ"
"ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ မင်း ဘောလုံးရတဲ့အချိန်ဆိုရင် မင်းကြိုက်တာလုပ်လို့ရပြီလို့ သူက ကျွန်တော့်ကို ပြောခဲ့ပါတယ်၊ သူက ကျွန်တော့်ကို အများကြီး ထောက်ပံ့ပေးခဲ့ပါတယ်၊ ကျွန်တော့်အတွက်တော့ ဒါက ကောင်းမွန်ခဲ့တာပါ" လို့ ဖေဘီယိုက ရော်နယ်ဒိုရဲ့ စိတ်ထားအပေါ်ကို ESPN နဲ့တွေ့ဆုံမှုမှာ ပြောကြားသွားခဲ့ပါတယ်။

No comments

Powered by Blogger.