ခ်န္ပီယံလိပ္၀င္ခြင့္ရဖို ့လုပ္ရမယ့္နည္းလမ္းေတြကိုေျပာျပလိုက္တဲ့ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္အက္စ္ပတ္က်ဴတာ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ခ်ယ္လ္ဆီး အသင္း ဟာ လက္ရွိ ပရီးမီးယားလိဂ္ ရဲ႕ အမွတ္ေပး ဇယား အဆင့္ ၆ ေနရာ မွာ ရပ္တည္ ေနျပီး ခ်န္ပီယံလိဂ္ ဝင္ခြင့္ အတြက္ ေတာ့ အခြင့္အေရး တခ်ိဳ႕ ရွိေန ေသးတယ္ ဆိုေပမယ့္ ကိုယ့္ ကံၾကမၼာ ကိုယ္ ဖန္တီးခြင့္ မရွိေတာ့တာ ျဖစ္ပါတယ္ ။ ျပီးခဲ့တဲ့ ၂ပတ္ အတြင္း မွာ ခ်ယ္လ္ဆီး အတြက္ အဆင့္ ၄ ေနရာ အထိ တက္လွမ္း ႏိုင္မယ့္ အခြင့္အေရး ရွိခဲ့ေပမယ့္ ဝုလ္ဗ္ ကို သေရ ၊ အဲဗာတန္ ကို ရႈံူးနိမ့္ ခဲ့တာေၾကာင့္ အခြင့္အေရး ေကာင္း ေတြကို လက္လႊတမ ဆံုးရႈ့ံး ခဲ့ရပါတယ္ ။
ခ်ယ္လ္ဆီး အသင္း ဟာ လာမယ့္ ေဘာလံုး ရာသီ အတြက္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရရွိ ဖို႕ ေနာက္ထပ္ နည္းလမ္း တခု ရွိေနေသးျပီး ဒါကေတာ့ ယခုႏွစ္ ယူရိုပါလိဂ္ မွာ ခ်န္ပီယံ ျဖစ္ဖို႕ ပါပဲ ။ ခ်ယ္လ္ဆီး အသင္း ဟာ လက္ရွိ မွာ ယူရိုပါလိဂ္ ရဲ႕ ကြာတား အဆင့္ ကို ေရာက္ရွိ ေနျပီး ကြာတား မွွာလည္း ခ်က္ ႏိုင္ငံ ကလပ္ ဆလားဗီးယား ပရာဟာ အသင္း နဲ႕ ေတြ႕ဆံု ေနပါတယ္ ။ ၄င္းဟာ ကြာတား တက္လာတဲ့ အသင္း ေတြထဲမွာ အေတြ႕အၾကံဳ အႏုဆံုး အသင္း လို႕ ဆိုရႏိုင္တဲ့ အတြက္ေၾကာင့္ ခ်ယ္လ္ဆီး တို႕ အနည္းငယ္ ပြဲေခ်ာင္ ေနတယ္ လို႕ ဆိုရမွာ ျဖစ္ပါတယ္ ။
သို႕ေပမယ့္ လည္း ေလွ်ာ့တြက္ ကစား ဖို႕ ရည္ရြယ္ပါက ခ်ယ္္လ္ဆီး အေနနဲ႕ ကြာတားဖိုင္နယ္ ကေန လွည့္ျပန္ ရမယ့္ အေနအထား ေတြကို ၾကံဳေတြ႕ ရမွာ ျဖစ္ပါတယ္ ။ ေလာေလာဆယ္ မွာ ပရီးမီးယားလိဂ္ ကေနေရာ ၊ ယူရိုပါလိဂ္ ကေနေရာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ကို ရယူ ဖို႕ အေျခအေန ေကာင္းေတြ ရွိေနေသးတယ္ ဆုိေပမယ့္ ပရီးမီးယားလိဂ္ မွာ ပြဲၾကပ္ တခ်ိဳ႕ ကို ရင္ဆိုင္ ဖို႕ က်န္ေန ေသးတာေၾကာင့္ ယူရိုပါလိဂ္ က ပိုျပီး အေရးသာ ေနတယ္ လို႕ ဆိုရမွာ ျဖစ္ပါတယ္ ။
ခ်ယ္လ္ဆီး အသင္း ရဲ႕ အသင္း ေခါင္းေဆာင္ အက္ဇ္ပီလီကြီတာ ကေတာ့ ၄င္းတို႕ဟာ ေနာက္ဆံုး ကစား ခဲ့တဲ့ အဲဗာတန္ နဲ႕ ပြဲမွာ ရႈံးနိမ့္ ခဲ့ေပမယ့္ အဆင့္ေလး အတြင္း ဝင္ဖို႕ လက္ေလွ်ာ့ မွာ မဟုတ္သလုိ ယူရိုပါလိဂ္ မွာလည္း ခ်န္ပီယံ ျဖစ္ဖို႕ ၾကိဳးစား သြားဖို႕ ရွိေၾကာင္း လည္း ခ်ယ္လ္ဆီး တီဗြီ နဲ႕ အင္တာဗ်ဴး မွာ ေျဖၾကား ခဲ့ပါတယ္ ။
အက္ဇ္ပီလီကြီတာ က ” ကြ်န္ေတာ္ တို႕ဟာ အဲဗာတန္ နဲ႕ ပြဲမွာ အမွတ္ျပည့္ မရခဲ့ပါဘူး ။ ရမွတ္ ေတြကို စုေဆာင္း ဖို႕ ရည္ရြယ္ လိုက္တိုင္း ျဖစ္မလာတဲ အခါ ကြ်န္ေတာ္ တို႕ အတြက္ အခက္အခဲ ေတြ ၾကံဳေတြ႕ လာရပါတယ္ ။ ေလာေလာဆယ္ မွာ ကစားဖို႕ လက္က်န္ ပြဲစဥ္ တခ်ိဳ႕ ရွိေနပါေသးတယ္ ။ ဒီပြဲစဥ္ ေတြမွာ ကြ်န္ေတာ္ တို႕ ဆက္လက္ တိုက္ပြဲ ဝင္သြားမွာပါ ။ ဘာေၾကာင့္လဲ ဆိုေတာ့ ကြ်န္ေတာ္ တို႕ အေနနဲ႕ ခ်န္ပီယံလိဂ္ ဝင္ခြင့္ အတြက္ ေနာက္ထပ္ အဆံုးရႈံး ခံလို႕ မျဖစ္ေတာ့လို႕ပါ ။ ”
” ကြ်န္ေတာ္ ကေတာ့ ယူရိုပါလိဂ္ ကို ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရဖို႕ တခုတည္း ေသာ နည္းလမ္း လို႕ မျမင္ မိပါဘူး ။ ဘာေၾကာင့္လဲ ဆိုေတာ့ ပရီးမီးယားလိဂ္ မွာ လက္ရွိ ရပ္တည္ ေနတဲ့ အဆင့္ ၆ ေနရာ ဟာ ခ်ယ္လ္ဆီး အတြက္ ဘယ္လို မွ သင့္ေလ်ာ္ တဲ့ ေနရာ မဟုတ္တဲ့ အတြက္ေၾကာင့္ပါ ။ ကြ်န္ေတာ္ ကေတာ့ လက္ရွိ ရပ္တည္မႈ ကို ဘယ္လိုမွ လက္မခံ ႏိုင္ပါဘူး ။ ”
” ဒါေပမယ့္ ယူရိုပါလိဂ္ ဟာ ကြ်န္ေတာ္ တို႕ အတြက္ ဒီရာသီ မွာ ခ်န္ပီယံ ဆုဖလား တလံုး ကိုင္ေျမာက္ ဖို႕ အခြင့္အေရး တခု ျဖစ္ျပီး ခ်န္ပီံယံလိဂ္ ဝင္ခြင့္ ရဖို႕ လမ္းေၾကာင္း တခု ဆိုလည္း မမွားပါဘူး ။ ခရီးဆံုး တဲ့ အထိ ကြ်န္ေတာ္ တို႕ ဆက္လက္ ၾကိဳးစား ကစားသြားမွာပါ ။ ဒါေပမယ့္ လက္ရွိ ပရီးမီးယားလိဂ္ မွာေတာ့ ကြ်န္ေတာ္ တို႕ဟာ ခင္ဗ်ား တို႕ ေျပာၾကတဲ့ အတိုင္း ခ်န္ပီယံလိဂ္ ဝင္ခြင့္ မရေနတဲ့ အဆင့္ မွာ ရပ္တည္ ေနတာပါ ။ ”
” ေနာက္ဆံုး ကစား ခဲ့တဲ့ ၂ပြဲ မွာ ကြ်န္ေတာ္ တို႕ အမွတ္ျပည့္ စုေဆာင္း ႏိူင္ခဲ့မယ္ ဆိုရင္ ႏိုင္ငံ ပြဲစဥ္ ေတြမတိုင္မီ မွာ အဆင့္ ၃ ေနရာ အထိ ကို ျပန္တက္ လာႏိုင္မွာပါ ။ ခ်န္ပီယံလိဂ္ ဝင္ခြင့္ အတြက္လည္း ကိုယ့္ကံၾကမၼာ ကိုယ္ ဖန္တီး လို႕ ရမွာပါ ။ ဒါေပမယ့္ အခု လက္ရွိ မွာေတာ့ ငါးမွတ္ ေတာင္ ထပ္ျပီး ဆံုးရႈံး ခဲ့ရတဲ့ အတြက္ အဲ့ဒီ ပြဲစဥ္ ေတြမွာ ကြ်န္ေတာ္ တို႕ ပိုေကာင္း ေအာင္ စြမ္းေဆာင္ဖို႕ လိုအပ္ ေနခဲ့ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။
(Unicode)
ချန်ပီယံလိပ်ဝင်ခွင့်ရဖို့လုပ်ရမယ့်နည်းလမ်းတွေကိုပြောပြလိုက်တဲ့ချဲလ်ဆီးအသင်းခေါင်းဆောင်အက်စ်ပတ်ကျူတာ
ချယ်လ်ဆီး အသင်း ဟာ လက်ရှိ ပရီးမီးယားလိဂ် ရဲ့ အမှတ်ပေး ဇယား အဆင့် ၆ နေရာ မှာ ရပ်တည် နေပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် တော့ အခွင့်အရေး တချို့ ရှိနေ သေးတယ် ဆိုပေမယ့် ကိုယ့် ကံကြမ္မာ ကိုယ် ဖန်တီးခွင့် မရှိတော့တာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ၂ပတ် အတွင်း မှာ ချယ်လ်ဆီး အတွက် အဆင့် ၄ နေရာ အထိ တက်လှမ်း နိုင်မယ့် အခွင့်အရေး ရှိခဲ့ပေမယ့် ဝုလ်ဗ် ကို သရေ ၊ အဲဗာတန် ကို ရှုူံးနိမ့် ခဲ့တာကြောင့် အခွင့်အရေး ကောင်း တွေကို လက်လွှတမ ဆုံးရှုံ့း ခဲ့ရပါတယ် ။
ချယ်လ်ဆီး အသင်း ဟာ လာမယ့် ဘောလုံး ရာသီ အတွက် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိ ဖို့ နောက်ထပ် နည်းလမ်း တခု ရှိနေသေးပြီး ဒါကတော့ ယခုနှစ် ယူရိုပါလိဂ် မှာ ချန်ပီယံ ဖြစ်ဖို့ ပါပဲ ။ ချယ်လ်ဆီး အသင်း ဟာ လက်ရှိ မှာ ယူရိုပါလိဂ် ရဲ့ ကွာတား အဆင့် ကို ရောက်ရှိ နေပြီး ကွာတား မှာလည်း ချက် နိုင်ငံ ကလပ် ဆလားဗီးယား ပရာဟာ အသင်း နဲ့ တွေ့ဆုံ နေပါတယ် ။ ၎င်းဟာ ကွာတား တက်လာတဲ့ အသင်း တွေထဲမှာ အတွေ့အကြုံ အနုဆုံး အသင်း လို့ ဆိုရနိုင်တဲ့ အတွက်ကြောင့် ချယ်လ်ဆီး တို့ အနည်းငယ် ပွဲချောင် နေတယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။
သို့ပေမယ့် လည်း လျှော့တွက် ကစား ဖို့ ရည်ရွယ်ပါက ချယ်လ်ဆီး အနေနဲ့ ကွာတားဖိုင်နယ် ကနေ လှည့်ပြန် ရမယ့် အနေအထား တွေကို ကြုံတွေ့ ရမှာ ဖြစ်ပါတယ် ။ လောလောဆယ် မှာ ပရီးမီးယားလိဂ် ကနေရော ၊ ယူရိုပါလိဂ် ကနေရော ချန်ပီယံလိဂ် ဝင်ခွင့် ကို ရယူ ဖို့ အခြေအနေ ကောင်းတွေ ရှိနေသေးတယ် ဆိုပေမယ့် ပရီးမီးယားလိဂ် မှာ ပွဲကြပ် တချို့ ကို ရင်ဆိုင် ဖို့ ကျန်နေ သေးတာကြောင့် ယူရိုပါလိဂ် က ပိုပြီး အရေးသာ နေတယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။
ချယ်လ်ဆီး အသင်း ရဲ့ အသင်း ခေါင်းဆောင် အက်ဇ်ပီလီကွီတာ ကတော့ ၎င်းတို့ဟာ နောက်ဆုံး ကစား ခဲ့တဲ့ အဲဗာတန် နဲ့ ပွဲမှာ ရှုံးနိမ့် ခဲ့ပေမယ့် အဆင့်လေး အတွင်း ဝင်ဖို့ လက်လျှော့ မှာ မဟုတ်သလို ယူရိုပါလိဂ် မှာလည်း ချန်ပီယံ ဖြစ်ဖို့ ကြိုးစား သွားဖို့ ရှိကြောင်း လည်း ချယ်လ်ဆီး တီဗွီ နဲ့ အင်တာဗျူး မှာ ဖြေကြား ခဲ့ပါတယ် ။
အက်ဇ်ပီလီကွီတာ က ” ကျွန်တော် တို့ဟာ အဲဗာတန် နဲ့ ပွဲမှာ အမှတ်ပြည့် မရခဲ့ပါဘူး ။ ရမှတ် တွေကို စုဆောင်း ဖို့ ရည်ရွယ် လိုက်တိုင်း ဖြစ်မလာတဲ အခါ ကျွန်တော် တို့ အတွက် အခက်အခဲ တွေ ကြုံတွေ့ လာရပါတယ် ။ လောလောဆယ် မှာ ကစားဖို့ လက်ကျန် ပွဲစဉ် တချို့ ရှိနေပါသေးတယ် ။ ဒီပွဲစဉ် တွေမှာ ကျွန်တော် တို့ ဆက်လက် တိုက်ပွဲ ဝင်သွားမှာပါ ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် တို့ အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် နောက်ထပ် အဆုံးရှုံး ခံလို့ မဖြစ်တော့လို့ပါ ။ ”
” ကျွန်တော် ကတော့ ယူရိုပါလိဂ် ကို ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ တခုတည်း သော နည်းလမ်း လို့ မမြင် မိပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ ပရီးမီးယားလိဂ် မှာ လက်ရှိ ရပ်တည် နေတဲ့ အဆင့် ၆ နေရာ ဟာ ချယ်လ်ဆီး အတွက် ဘယ်လို မှ သင့်လျော် တဲ့ နေရာ မဟုတ်တဲ့ အတွက်ကြောင့်ပါ ။ ကျွန်တော် ကတော့ လက်ရှိ ရပ်တည်မှု ကို ဘယ်လိုမှ လက်မခံ နိုင်ပါဘူး ။ ”
” ဒါပေမယ့် ယူရိုပါလိဂ် ဟာ ကျွန်တော် တို့ အတွက် ဒီရာသီ မှာ ချန်ပီယံ ဆုဖလား တလုံး ကိုင်မြောက် ဖို့ အခွင့်အရေး တခု ဖြစ်ပြီး ချန်ပီံယံလိဂ် ဝင်ခွင့် ရဖို့ လမ်းကြောင်း တခု ဆိုလည်း မမှားပါဘူး ။ ခရီးဆုံး တဲ့ အထိ ကျွန်တော် တို့ ဆက်လက် ကြိုးစား ကစားသွားမှာပါ ။ ဒါပေမယ့် လက်ရှိ ပရီးမီးယားလိဂ် မှာတော့ ကျွန်တော် တို့ဟာ ခင်ဗျား တို့ ပြောကြတဲ့ အတိုင်း ချန်ပီယံလိဂ် ဝင်ခွင့် မရနေတဲ့ အဆင့် မှာ ရပ်တည် နေတာပါ ။ ”
” နောက်ဆုံး ကစား ခဲ့တဲ့ ၂ပွဲ မှာ ကျွန်တော် တို့ အမှတ်ပြည့် စုဆောင်း နိူင်ခဲ့မယ် ဆိုရင် နိုင်ငံ ပွဲစဉ် တွေမတိုင်မီ မှာ အဆင့် ၃ နေရာ အထိ ကို ပြန်တက် လာနိုင်မှာပါ ။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက်လည်း ကိုယ့်ကံကြမ္မာ ကိုယ် ဖန်တီး လို့ ရမှာပါ ။ ဒါပေမယ့် အခု လက်ရှိ မှာတော့ ငါးမှတ် တောင် ထပ်ပြီး ဆုံးရှုံး ခဲ့ရတဲ့ အတွက် အဲ့ဒီ ပွဲစဉ် တွေမှာ ကျွန်တော် တို့ ပိုကောင်း အောင် စွမ်းဆောင်ဖို့ လိုအပ် နေခဲ့ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။
credit
Post a Comment