ယူနိုက္တက္နဲ ့အေျပာင္းအေရႊ ့သတင္းေတြအေပၚေျပာၾကားလိုက္တဲ့ဗာရိန္း
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လာမည့္ ေႏြရာသီ အေျပာင္းအေ႐ြ႕ ကာလမွာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းကို ေပါင္ သန္း ၈၀ နဲ႔ ေျပာင္းေ႐ြ႕ဖို႔ ရွိိေနတယ္လို႔ သတင္းေတြ ဆက္တိုက္ ထြက္ေပၚလ်က္ ရွိေနတဲ့ ရီးရဲယ္မက္ဒရစ္ အသင္းရဲ႕ ေနာက္ခံလူ ရာေဖး ဗာရန္း က သူဟာ ဘာေနဗ်ဴး မွာ ေပ်ာ္႐ႊင္လ်က္ ရွိတယ္လို႔ ဆိုသြား ခဲ့ပါတယ္။
ယူႏိုက္တက္ ဟာ ၿပီးခဲ့တဲ့ ေႏြရာသီ နဲ႔ ဇန္နဝါရီ အေျပာင္းအေ႐ြ႕ ကာလေတြမွာ ေနာက္ခံလူသစ္ တစ္ဦး ေခၚယူ ႏိုင္ျခင္း မရွိခဲ့ၿပီးေနာက္ လာမည့္ ေႏြရာသီ မွာေတာ့ ဗဟိုေနာက္ခံလူ တစ္ဦးကို အားျဖည့္ သြားဖို႔ ေမွ်ာ္လင့္ ေနပါတယ္။
နည္းျပေဟာင္း ဟိုေဆး ေမာ္ရင္ညိဳဟာ ၿပီးခဲ့တဲ့ ေႏြရာသီ က ထိပ္တန္း ေနာက္ခံလူေတြ ျဖစ္ၾကတဲ့ လက္စတာ ရဲ႕ ဟယ္ရီမက္ဂြိဳင္းယား ၊ နာပိုလီ ရဲ႕ ကူဘီဘာလီ နဲ႔ ေတာ့တင္ဟမ္ ရဲ႕ တိုဘီ အယ္ဒါ၀ီရယ္ တို႔ တစ္ဦးဦးကို ေခၚယူရန္ စိတ္အား ထက္သန္ ခဲ့ေပမယ့္လည္း ၎ရဲ႕ ဆႏၵကို အသင္းဘက္က ျဖည့္ဆည္း ေပးခဲ့ျခင္း မရွိတာေၾကာင့္ အသင္း တာဝန္ရွိသူေတြနဲ႔ မေက်မလည္ ျဖစ္ခဲ့ ပါတယ္။
ယခုတစ္ပတ္ မွာ ထြက္ေပၚ ေနခဲ့တဲ့ သတင္းမ်ား အရ ဗာရန္းဟာ သူ လာမည့္ ေႏြရာသီ ဘာေနဗ်ဴး ကေန ထြက္ခြာ ေတာ့မယ္ ဆိုတာကို အသင္းေဖာ္ ေတြထံ အသိေပး ခဲ့တယ္လို႔ သိရၿပီး ယူႏိုက္တက္ အပါအဝင္ ဥေရာပ ထိပ္တန္း ကလပ္ေတြရဲ႕ စိတ္ဝင္စားမႈ ေတြကို ရေနတယ္လို႔ သိရပါတယ္။
ဒါေပမယ့္လည္း ျပင္သစ္ ေနာက္ခံလူက ကလပ္ အသင္းကို ဇနက္ဒင္း ဇိဒန္း ျပန္ေရာက္ လာခဲ့ၿပီးေနာက္ ဘာေနဗ်ဴးမွာ မေပ်ာ္မ႐ႊင္ ျဖစ္ေနၿပီး ေႏြရာသီ မွာ အသင္းကေန ထြက္ခြာ ေတာ့မယ္ ဆိုတဲ့ သတင္းေတြကို ပယ္ခ် သြားခဲ့ ပါတယ္။
ျပင္သစ္ အသင္း ေမာ္ဒိုဗာ အသင္းကို ၄ – ၁ နဲ႔ အႏိုင္ ရရွိ ခဲ့တဲ့ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲမွာ ႏိုင္ငံ အတြက္ ၀င္ကစား ေပးခဲ့တဲ့ ဗာရန္း က “ ကြၽန္ေတ္ာ ဟာ ရီးရဲယ္မက္ဒရစ္ အသင္းမွာ မေပ်ာ္ မ႐ႊင္ ျဖစ္ေနတယ္ ဆိုတဲ့ ေဖာ္ျပခ်က္ ေတြဟာ တကယ္ေတာ့ မွန္ကန္ျခင္း မရွိ ပါဘူး။
ကြၽန္ေတာ္ဟာ ရီးရဲယ္မက္ဒရစ္ အသင္းသာ တစ္ဦးပါ။ ဒီကလပ္ဟာ ကမာၻေပၚမွာ အႀကီးၾကယ္ဆုံး ကလပ္ ျဖစ္ပါတယ္။ ကြၽန္ေတာ္ဟာ အၿမဲတမ္း ကိုယ့္ကိုကိုယ္ စိန္ေခၚ ေနသူ ျဖစ္ပါတယ္။ ဘာလို႔လဲ ဆိုေတာ့ ဒီအသင္းမွာ လိုအပ္တဲ့ အရ ကေတာ့ အျမင့္ဆုံး အဆင့္နဲ႔ ကစားဖို႔ ပါပဲ။
ကြၽန္ေတာ္ဟာ ကိုယ့္ကစားသမား ဘဝ ကို ကိုယ္ အာ႐ုံစိုက္ ထားပါတယ္။ ကြၽန္ေတာ္တို႔ဟာ ရာသီဝက္ ေလာက္မွာ ခက္ခဲတဲ့ အခ်ိန္ေတြ ရရွိ ခဲ့ၿပီး ဒါေတြကို တိုက္ပြဲ ၀င္ခဲ့ ရပါတယ္။ ကြၽန္ေတာ္ဟာ ဒီအသင္း အတြက္ အၿမဲတမ္း အစြမ္းကုန္ ေပးဆပ္ေလ့ ရွိပါတယ္။ ကြၽန္ေတာ့္ အေနနဲ႔ ဒီအတြက္ ဂုဏ္ယူ ႏိုင္ပါတယ္။
ကြၽန္ေတာ္ဟာ မီဒီယာ ေတြရဲ႕ ေရးသား ေဖာ္ျပမႈေတြကို ထိန္းခ်ဴပ္လို႔ မရပါဘူး။ အရာ ေတာ္ေတာ္ မ်ားမ်ားဟာ မွန္ကန္မႈ မရွိပါဘူး။. ဒါေပမယ့္ ကြၽန္ေတာ္ မက္ဒရစ္မွာ မေပ်ာ္ဘူးလို႔ မေျပာႏိုင္ ပါဘူး။ ကြၽန္ေတ္ာတို႔ ခက္ခဲတဲ့ ရာသီ တစ္ခု ပိုင္ဆိုင္ ခဲ့ပါတယ္။ ဒါဟာ ထိပ္ဆုံးမွာ ရွိေနတဲ့ အသင္းရဲ႕ ကစားသမားေတြ အတြက္ အၿမဲ ျဖစ္ေနတဲ့ အရာပါ။
ကြၽန္ေတ္ာဟာ အေျပာအဆို ဆင္ျခင္ တက္သူပါ။ ကိုယ္ဟာ ႏႈတ္နည္းေနတဲ့ သူ ျဖစ္တဲ့ အခါ ျပသနာ ကေတာ့ ကိုယ္ဟာ ကိစၥ ေတာ္ေတာ္ မ်ားမ်ားကို ၾကားထား ခဲ့ေပမယ့္လည္း ျပန္ေျပာ ႏိုင္တာ နည္းနည္းပဲ ရွိတက္လို႔ပါ။” လို႔ ဆိုသြား ပါတယ္။
အသက္ ၂၅ ႏွစ္ အ႐ြယ္ ဗာရန္းဟာ ရီးရဲယ္မက္ဒရစ္ အသင္း မွာ ကစား ခဲ့စဥ္ ခ်န္ပီယံလိဂ္ ဖလား ၄ ႀကိမ္ ၊ လာလီဂါ ဖလား ၂ ႀကိမ္ အပါအဝင္ အျခား ဆုဖလားေပါင္း မ်ားစြာ ကို ပိုင္ဆိုင္ ႏိုင္ခဲ့ၿပီး ေအာင္ျမင္တဲ့ ကစားသမား ဘဝ ကို ပိုင္ဆို္င္ ထားပါတယ္။
(Unicode)
ယူနိုက်တက်နဲ့အပြောင်းအရွှေ့သတင်းတွေအပေါ်ပြောကြားလိုက်တဲ့ဗာရိန်း
လာမည့် နွေရာသီ အပြောင်းအရွေ့ ကာလမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပေါင် သန်း ၈၀ နဲ့ ပြောင်းရွေ့ဖို့ ရှိနေတယ်လို့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်လျက် ရှိနေတဲ့ ရီးရဲယ်မက်ဒရစ် အသင်းရဲ့ နောက်ခံလူ ရာဖေး ဗာရန်း က သူဟာ ဘာနေဗျူး မှာ ပျော်ရွှင်လျက် ရှိတယ်လို့ ဆိုသွား ခဲ့ပါတယ်။
ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ နွေရာသီ နဲ့ ဇန်နဝါရီ အပြောင်းအရွေ့ ကာလတွေမှာ နောက်ခံလူသစ် တစ်ဦး ခေါ်ယူ နိုင်ခြင်း မရှိခဲ့ပြီးနောက် လာမည့် နွေရာသီ မှာတော့ ဗဟိုနောက်ခံလူ တစ်ဦးကို အားဖြည့် သွားဖို့ မျှော်လင့် နေပါတယ်။
နည်းပြဟောင်း ဟိုဆေး မော်ရင်ညိုဟာ ပြီးခဲ့တဲ့ နွေရာသီ က ထိပ်တန်း နောက်ခံလူတွေ ဖြစ်ကြတဲ့ လက်စတာ ရဲ့ ဟယ်ရီမက်ဂွိုင်းယား ၊ နာပိုလီ ရဲ့ ကူဘီဘာလီ နဲ့ တော့တင်ဟမ် ရဲ့ တိုဘီ အယ်ဒါဝီရယ် တို့ တစ်ဦးဦးကို ခေါ်ယူရန် စိတ်အား ထက်သန် ခဲ့ပေမယ့်လည်း ၎င်းရဲ့ ဆန္ဒကို အသင်းဘက်က ဖြည့်ဆည်း ပေးခဲ့ခြင်း မရှိတာကြောင့် အသင်း တာဝန်ရှိသူတွေနဲ့ မကျေမလည် ဖြစ်ခဲ့ ပါတယ်။
ယခုတစ်ပတ် မှာ ထွက်ပေါ် နေခဲ့တဲ့ သတင်းများ အရ ဗာရန်းဟာ သူ လာမည့် နွေရာသီ ဘာနေဗျူး ကနေ ထွက်ခွာ တော့မယ် ဆိုတာကို အသင်းဖော် တွေထံ အသိပေး ခဲ့တယ်လို့ သိရပြီး ယူနိုက်တက် အပါအဝင် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားမှု တွေကို ရနေတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ပြင်သစ် နောက်ခံလူက ကလပ် အသင်းကို ဇနက်ဒင်း ဇိဒန်း ပြန်ရောက် လာခဲ့ပြီးနောက် ဘာနေဗျူးမှာ မပျော်မရွှင် ဖြစ်နေပြီး နွေရာသီ မှာ အသင်းကနေ ထွက်ခွာ တော့မယ် ဆိုတဲ့ သတင်းတွေကို ပယ်ချ သွားခဲ့ ပါတယ်။
ပြင်သစ် အသင်း မော်ဒိုဗာ အသင်းကို ၄ – ၁ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ နိုင်ငံ အတွက် ဝင်ကစား ပေးခဲ့တဲ့ ဗာရန်း က “ ကျွန်တေ်ာ ဟာ ရီးရဲယ်မက်ဒရစ် အသင်းမှာ မပျော် မရွှင် ဖြစ်နေတယ် ဆိုတဲ့ ဖော်ပြချက် တွေဟာ တကယ်တော့ မှန်ကန်ခြင်း မရှိ ပါဘူး။
ကျွန်တော်ဟာ ရီးရဲယ်မက်ဒရစ် အသင်းသာ တစ်ဦးပါ။ ဒီကလပ်ဟာ ကမ္ဘာပေါ်မှာ အကြီးကြယ်ဆုံး ကလပ် ဖြစ်ပါတယ်။ ကျွန်တော်ဟာ အမြဲတမ်း ကိုယ့်ကိုကိုယ် စိန်ခေါ် နေသူ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီအသင်းမှာ လိုအပ်တဲ့ အရ ကတော့ အမြင့်ဆုံး အဆင့်နဲ့ ကစားဖို့ ပါပဲ။
ကျွန်တော်ဟာ ကိုယ့်ကစားသမား ဘဝ ကို ကိုယ် အာရုံစိုက် ထားပါတယ်။ ကျွန်တော်တို့ဟာ ရာသီဝက် လောက်မှာ ခက်ခဲတဲ့ အချိန်တွေ ရရှိ ခဲ့ပြီး ဒါတွေကို တိုက်ပွဲ ဝင်ခဲ့ ရပါတယ်။ ကျွန်တော်ဟာ ဒီအသင်း အတွက် အမြဲတမ်း အစွမ်းကုန် ပေးဆပ်လေ့ ရှိပါတယ်။ ကျွန်တော့် အနေနဲ့ ဒီအတွက် ဂုဏ်ယူ နိုင်ပါတယ်။
ကျွန်တော်ဟာ မီဒီယာ တွေရဲ့ ရေးသား ဖော်ပြမှုတွေကို ထိန်းချူပ်လို့ မရပါဘူး။ အရာ တော်တော် များများဟာ မှန်ကန်မှု မရှိပါဘူး။. ဒါပေမယ့် ကျွန်တော် မက်ဒရစ်မှာ မပျော်ဘူးလို့ မပြောနိုင် ပါဘူး။ ကျွန်တေ်ာတို့ ခက်ခဲတဲ့ ရာသီ တစ်ခု ပိုင်ဆိုင် ခဲ့ပါတယ်။ ဒါဟာ ထိပ်ဆုံးမှာ ရှိနေတဲ့ အသင်းရဲ့ ကစားသမားတွေ အတွက် အမြဲ ဖြစ်နေတဲ့ အရာပါ။
ကျွန်တေ်ာဟာ အပြောအဆို ဆင်ခြင် တက်သူပါ။ ကိုယ်ဟာ နှုတ်နည်းနေတဲ့ သူ ဖြစ်တဲ့ အခါ ပြသနာ ကတော့ ကိုယ်ဟာ ကိစ္စ တော်တော် များများကို ကြားထား ခဲ့ပေမယ့်လည်း ပြန်ပြော နိုင်တာ နည်းနည်းပဲ ရှိတက်လို့ပါ။” လို့ ဆိုသွား ပါတယ်။
အသက် ၂၅ နှစ် အရွယ် ဗာရန်းဟာ ရီးရဲယ်မက်ဒရစ် အသင်း မှာ ကစား ခဲ့စဉ် ချန်ပီယံလိဂ် ဖလား ၄ ကြိမ် ၊ လာလီဂါ ဖလား ၂ ကြိမ် အပါအဝင် အခြား ဆုဖလားပေါင်း များစွာ ကို ပိုင်ဆိုင် နိုင်ခဲ့ပြီး အောင်မြင်တဲ့ ကစားသမား ဘဝ ကို ပိုင်ဆိုင် ထားပါတယ်။
Post a Comment